ရခိုင်စာပီ သင်ခန်းစာတိ အချေတိအတွက် ရခိုင်စာပီ
ရခိုင်ဘာသာစကား

📜 ရခိုင်ကဗျာချေတိ (Rakhine Poems)

ဝလုံးရွီးပါမေ
မင်္ဂလာပါ ဆရာမ
Greetings, Teacher.
အကျွန်ရို့ဆရာမ လာပါရေ၊ ဝလုံး ရွီးပါမေ။
Our teacher has arrived, we will write the letter "Wa".
ကျောက်တံချေ ချွန်ချွန်သွီး၊ သင်ပုန်းစင်စင်ဆီး။
Sharpen the slate pencil neatly, clean the slate completely.
ဝလုံးရွီးလို့ မညောင်းပါ၊ ရယ်ရယ်ပြုံးပြုံး ပျော်စရာ။
Writing "Wa" never makes us tired, it is joyful with smiles.
သင်ပုန်းမာ ပြည့်ပြည့်ဘုန်း၊ မောင်ရို့ မရို့ ဝလုံးလုံး။
Fill the slate completely, brothers and sisters write round "Wa".
အကျွန့်သင်ပုန်း ကြည့်ပီးပါ၊ အမှတ်ကြီးကြီးထည့်ပီးပါ။
Please look at my slate and give me high marks.
မင်္ဂလာပါ ဆရာမ၊ အကျွန်ရို့ဆရာမ၊ ဝဝဝ ဝ။
Greetings, Teacher! Our dear teacher! Wa Wa Wa Wa.
ကျောင်းအပ်ဖို့
မိရင်ခွင်လေ ...ဖ ပေါင်ထက်မာ ...
In mother's embrace... upon father's lap...
တင်ကာသိပ်ကေ၊ အိပ်ဖို့ရာကောင်းတုန်း
Being gently cradled, sleeping peacefully is still wonderful.
လေးနှစ်ကေကျော်၊ ငါးနှစ်ရာစိလို့
Past four years old, now reaching five.
ဆရာသျှင်လေ၊ ဝိဟာကျောင်းမာ
At the venerable monk's monastery school.
ဘားဘာလားပျာ၊ သားတော်မောင်ယေ
“Where are you going, dear little son?”
လက်ကိုဆွဲလို့၊ ကျောင်းအပ်ဖို့လေ။
Holding your hand, it is time to enroll in school.