သင်ခန်းစာ - ၁၅
အင် အင့် အင်း (ငသတ်သံတိ)
| ကင် ကင့် ကင်း | ကြင် ကြင့် ကြင်း |
| ခင် ခင့် ခင်း | နှင် နှင့် နှင်း |
| စင် စင့် စင်း | မှင် မှင့် မှင်း |
| ထင် ထင့် ထင်း | သွင် သွင့် သွင်း |
⭐ လိကျင့်ဖို့
ဆင်
ခရင်း
ခြင်
သဇင်
နာရီစင်
အလိအကျင့်
လယ်ကွင်း
သန့်ယှင်း
ခြီခွင်
စင်မြင့်
ကျင်တလင်း
အပင်ရှည်
ပြင်ဖြူ
မြီပြင်
သဇင်တန်
အမင်အဘာ
ဝမ်းခြင့်
တရွင်း
ငပျင်းကျော်ထရံ
အမင်နန့်အဘာ
အမင် အဘာ ပြန်လာယာ။ ဈီးခရင်းထဲမှာ ဇာပါလေး။
ခြည်ခင် နီဝါ ဝယ်လာလား။ အကြီးသျှင်က လှမ်းပြောရေ။
ခြည်ခင် နီဝါ ဝယ်လာလား။ အကြီးသျှင်က လှမ်းပြောရေ။
ဘုရားပွဲက အက
အပျိုမချေ တသင်း ဘုရားပွဲမာ ဟန်ကမေ။
ဆင်ဖို့ပျင်ဖို့လိုရေ။ ဟန်ခြင်းဆိုကေ ပျော်ရရေ။
ဆင်ဖို့ပျင်ဖို့လိုရေ။ ဟန်ခြင်းဆိုကေ ပျော်ရရေ။
ရခိုင်ကျင်ပွဲ
ဘုရားပွဲမာ ကျင်ပွဲပါရေ။ ကျင်သန်တိ ကျင်ကွင်းပြနီရေ။
စင်အဆင့်ဆင့်ပျင်ထားရေ။ ကြည့်ချင်ကေ ဖေသာပီးပါ။
စင်အဆင့်ဆင့်ပျင်ထားရေ။ ကြည့်ချင်ကေ ဖေသာပီးပါ။