သင်ခန်းစာ-၅၉
ဝီရိယဟိရေ လှည်းမှူးကြီး
အယင်ကခါ ဘုရားလောင်းရေ ဗာရာဏသီပြည်မာ လှည်းမှူးကြီးတယောက် ဖြစ်ခရေလတ်။ လှည်းမှူးကြီးရေ လှည်းသားငါးရာနန့် သဲကန္တာရကြီးတစ်ခုကို သန်းလို့ ကုန်ရောင်းဖို့ထွက်လာရေ။ လားတွင်းလားတွင်းနန့် ကန္တာရထဲမာ လမ်းမွိလားရေ။ ရီကလေ့ရှာလို့မရနိုင်။ လူနန့်နွားတိလေ့ သီကတ်ရဖို့ယာ။
ဒေပိုင်အချိန်မာ လှည်းမှူးကြီးကား ဝီရိယကိုမလျှော့ဘဲ မြီဇာမြက်တိ ပေါက်နီရေ နီရာတစ်ခုမာ ရီတွင်းတူရေလတ်။ အတောင်ခြောက်ဆယ်လောက်ထိ တူးပြီးကေလေ့ ကျောက်ဖျာကြီးတစ်ခုရာ ခံနီလတ်တေယာ။ တူးရေလူတိ လက်လျှော့လိုက်ကတ်တေ။ ဘုရားလောင်းကား မလျှော့ဘဲ ကျောက်ဖျာကို ထုခွဲဖို့ အားထုတ်ခရေ။
ဒေပိုင်အချိန်မာ လှည်းမှူးကြီးကား ဝီရိယကိုမလျှော့ဘဲ မြီဇာမြက်တိ ပေါက်နီရေ နီရာတစ်ခုမာ ရီတွင်းတူရေလတ်။ အတောင်ခြောက်ဆယ်လောက်ထိ တူးပြီးကေလေ့ ကျောက်ဖျာကြီးတစ်ခုရာ ခံနီလတ်တေယာ။ တူးရေလူတိ လက်လျှော့လိုက်ကတ်တေ။ ဘုရားလောင်းကား မလျှော့ဘဲ ကျောက်ဖျာကို ထုခွဲဖို့ အားထုတ်ခရေ။
"ဝီရိယဟိရေအတွက် လှည်းမှူးကြီးနန့် လှည်းသားငါးရာရို့လေ့ အသက်ချမ်းသာရာရရေ။"
လိကျင့်ခန်း
၁။ အောက်ပါ စကားလုံးတိကို ကျက်မှတ်ပါ။
ဝီရိယ
လှည်းမှူးကြီး
သဲကန္တာရ
မြီဇာမြက်
ကျောက်ဖျာ
၂။ မိန်းခွန်းတိကို ဖြေပါ။
(က) ဘုရားလောင်းလှည်းမှူးကြီးရေ ဇာတိုင်းပြည်ကလေး။ ဖြေ။ ။ ဗာရာဏသီပြည်က ဖြစ်ပါရေ။
(ခ) လှည်းမှူးကြီးနန့် လှည်းသားငါးရာရို့ ဇာကို သန်းလာရလေး။ ဖြေ။ ။ သဲကန္တာရကြီးတစ်ခုကို သန်းလာရစွာ ဖြစ်ပါရေ။
(ဂ) လှည်းမှူးကြီးက ဇာနီရာမာ ရီတွင်းတူးလေး။ ဖြေ။ ။ မြီဇာမြက်တိ ပေါက်နီရေ နီရာမာ တူးပါရေ။
(ဃ) ကျောက်ဖျာအောက်မာ ရီဟိကြောင်း ဘဇောင်သိရလေး။ ဖြေ။ ။ ကျောက်ဖျာနားကို ကပ်ပနာ နားထောင်ကြည့်ရေခါ ရီစီးသံကြားရရေအတွက် သိရစွာ ဖြစ်ပါရေ။
(င) လှည်းမှူးကြီးနန့် လှည်းသားငါးရာရို့ ဇာဖြစ်လို့ အသက်ချမ်းသာရာရလားလေး။ ဖြေ။ ။ လှည်းမှူးကြီး၏ မလျှော့သော ဝီရိယကြောင့် အသက်ချမ်းသာရာ ရလားစွာ ဖြစ်ပါရေ။
အောင်လှီစိုက်စိုက်၊ ဟုန်းစိုက်စိုက်
အောင်စိတ်ကေချောင်းက၊ လှီပြိုင်ထွက်
သစ်ခက်သစ်ပင်၊ ပန်းညိုပင်
ပဲ့စင်ကလှော်၊ ဦးကလှော်
တက်လှော်ကောင်းစီ၊ မောင်ရို့လှီ
အောင်လှီစိုက်စိုက်၊ စူးရန်ခြုံကိုကျော်လို့လိုက်
ဟုန်း ...စိုက် ... စိုက်၊ ဟုန်း ... စိုက် ... စိုက်