သင်ခန်းစာ - ၁၃
-ျှ (ယပင့်ဟထိုး) နန့် -ြှ (ရရစ်ဟထိုး)
ျ + ှ
မျှ မျှား မျှော်
လျှာ လျှော လျှော်
လျှော့ သျှ
မျှ မျှား မျှော်
လျှာ လျှော လျှော်
လျှော့ သျှ
ြ + ှ
မြှူ မြှုံ
မြီလျှိုး
ရီလျှံ
မြှူ မြှုံ
မြီလျှိုး
ရီလျှံ
⭐ လိကျင့်ဖို့
လျှော
မျှား
လျှာ
လျှော်စည်း
မျှို့
အမျှဝီ
မျှားခေါ်
မျှော်ကြည့်
အမျှင်
ကျွဲမြှုံ
လျှာရည်ကျ
လျှော့ဈီး
လျှော်ကြိုး
သျှိသျှားသီး
မြီလျှိုး
ရီလျှံ
📖 ရွတ်ဆိုကြည့်ကတ်ပါ
အမျှဝီရေပွဲ
အလှူပွဲကြီး ပီးနီရေ။ ပွဲလာသူကို မျှော်နီရေ။
အညီအမျှ ကျွေးပါ။ ပွဲစားလာသူ လျှံလားရေ။
အညီအမျှ ကျွေးပါ။ ပွဲစားလာသူ လျှံလားရေ။
ကန်နားက မျှား
မျှားမာ ငါးစာပါရေ။ ကန်ထဲမာ မျှို့ဟိလား။
ကန်မာ ငါးမမျှားရ။ ကျွဲတိ မမြှုံရ။
ကန်မာ ငါးမမျှားရ။ ကျွဲတိ မမြှုံရ။
လျှောစီးကတ်စို့
လျှောစီးရေ ကလေချေတိ။ အလှည့်ကျစီ စီးပါဖိ။
သူ့အလှည့်ခါ ငါလျှော့ပီး။ ငါ့အလှည့်ခါ သူလျှော့ပီး။
သူ့အလှည့်ခါ ငါလျှော့ပီး။ ငါ့အလှည့်ခါ သူလျှော့ပီး။
🏡 ကိုယ့်ခြံထွက်
အဘောင်သျှင်စိုက်တေ ဘူးတပင်၊
အဘိုးသျှင်စိုက်တေ ပဲတပင်။
အဘာပေါင်းသင်၊ အမင်ရီလောင်း၊
အချိန်ကျကေ သီးတွဲလောင်း။
ဈီးကမဝယ် ဖေသာမကျ၊
ဆွတ်ပျာ ချက်ကေ၊
စားမဝလေ စားမဝ။
🐦 ဘုန်းမင်းငှက်ချေ မြည်လတ်တေ
အုန်းပင်ထက်က၊ ဘုန်းမင်းငှက်ချေ၊ မြည်လတ်တေ။
အပူရောင်ခြည်၊ ပျောက်လတ်တေ။
မေရို့နီကေ သဗြီပင်အောက်၊ ရွှီပင်ပေါက်တေ တူးကတ်မေ။
ညီမငယ် မောင်ငယ်တစု၊ တိုင်ပင်ပြုရေ သာစွလေ။
သာယာဧလေ၊ သာစွလေ။