သင်ခန်းစာ - ၉
ျ (ယပင့်) နန့် ြ (ရရစ်) အသုံးအနှုန်းတိ
| ျ (ယပင့်) | ြ (ရရစ်) | သရပေါင်း |
| ကျ ကျာ ကျား | ကြ ကြာ ကြား | အ အာ အား |
| ကျိ ကျီ ကျီး | ကြိ ကြီ ကြီး | အိ အီ အီး |
| ကျု ကျူ ကျူး | ကြု ကြူ ကြူး | အု အူ အူး |
| ကျေ ကျေ့ ကျေး | ကြေ ကြေ့ ကြေး | အေ အေ့ အေး |
| ကျဲ ကျဲ့ ကျယ် | ကြဲ ကြဲ့ ကြယ် | အယ် အယ့် အဲ |
| ကျော ကျော့ ကျော် | ကြော ကြော့ ကြော် | အော အော့ အော် |
| ကျို ကျို့ ကျိုး | ကြို ကြို့ ကြိုး | အို အို့ အိုး |
⭐ လိကျင့်ဖို့
ကျား
ကြာဖူး
မြီအိုး
ကြယ်
ဂြိုး
စပါးကျီ
ကျေးဇူး
ကျီးအာသီး
ကြီးဝါ
လူကြီး
ဖကြီး
မြီကြီး
ဝါကြီး
မချိ
ချီးကျူး
ချော်လဲ
ပျားရည်
ဖြားဆန်
ဖျားနာ
လေးမြှား
ကြံစိုက်ခင်း
ကြံနီ ကြံဖြူ မျိုးမတူ။ အကိုကြီး ကြံထမ်းလာ၏။
ကြံကို ကြာကြာ မထားကေ့။ ချိုးပျာ ဝီပီးပါ။
ကြံကို ကြာကြာ မထားကေ့။ ချိုးပျာ ဝီပီးပါ။
ကမ်းနားက ပြားတော
ကမ်းနားက ပြားတော။ ပြားဇီးသီးက မချိုပါ။
ဖြားကြီးနိမာ ငါးပါလာ။ ပါလာရေငါး ငကန်သား။
ဖြားကြီးနိမာ ငါးပါလာ။ ပါလာရေငါး ငကန်သား။
ဘုရားဖူးခရီး
ဆံတော်ဘုရား ဖူးဖို့လား။ ကျန်းမာသူတိ ကူပီးပါ။
ပုယေကို ဘိုးသီးပိုးယူပါ။ ဘုရားလူကြီး ကြိုဆိုနီပါသည်။
ပုယေကို ဘိုးသီးပိုးယူပါ။ ဘုရားလူကြီး ကြိုဆိုနီပါသည်။
📖 တတ်စဟိလျှင်
တတ်စဟိလျှင်၊ တတ်ချင်ချင်တည်း၊
တတ်ပင်တတ်ရိုး၊ တတ်စတိုးသည်၊
တတ်ကျိုးမေ့မောင်၊ တတ်စထောင်သည်၊
တတ်ခေါင်ပညာ၊ ရိုးရိုးတည်း။
🎯 ဆောင်ပုဒ်
မိဖဆရာ၊ စကားနာရွေ့
ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့။