သင်ခန်းစာ - ၂၇
အိတ် အိပ် (-ိတ် -ိပ် သတ်သံတိ)
| -ိတ် (တသတ်) | -ိပ် (ပသတ်) |
| ကိတ် ကျိတ် ခြိတ် | ကိပ် ကျိပ် ခြိပ် |
| စိတ် တိတ် ပိတ် | စိပ် တိပ် မြိတ် |
⭐ လိကျင့်ဖို့
စာအိတ်
ကြိတ်ဆုံ
ဆိတ်မ
လိပ်ပြာ
လူတကျိပ်
အဖိတ်နိ
ပရွက်စိ
ခြိပ်မြို့
ဝါးစိတ်
လောင်းဆိပ်
သလိပ်
အရိပ်
ပုချေအိပ်ချိန်
နို့စို့သားချေ အိပ်ချင်ရေ။ ပုချေကို အီးယေသိပ်မေ။
တိန်းလို့ ဆိတ်လို့ နီပါ။ မျက်စိ နှိတ်လားယာ။
တိန်းလို့ ဆိတ်လို့ နီပါ။ မျက်စိ နှိတ်လားယာ။
ဆွမ်းလောင်းပွဲ
ဆွမ်းကြီးလောင်းပွဲကျင်းပရေ။ ကျိတ်ကျိတ်တိုး စည်ကားရေ။
သပိတ်ထဲမာ ဆွမ်းလောင်းပါ။ မမှိတ်ပါစီကေ့။
သပိတ်ထဲမာ ဆွမ်းလောင်းပါ။ မမှိတ်ပါစီကေ့။
🐂 ကျွဲကျောင်းသံ
မက္ကလာယေရိုင်ရိုင်၊ ကြိမ်သားဒုတ်ကို နောင်းနောင်းကိုင်၊
ကယိုင်ကပါး၊ နှင်းမြိုင်မြိုင်ကေ၊ တောင်ကျိုင်ကြားမာ ကျွဲကျောင်းလားရေ။
ဟူး...ရေ ...ရေ ... ဟူး။
နှင်းသံဖြောက်ဖြောက်၊ ပေါက်ပေါက်ဖေါက်သို့ ကြားရရေ။
ဂြောင်တောင်ဂြောင်၊ နက်ပြောင်ခေါင်းလောင်း။
👶 ပုချေငိုရေ ပခက်က
အပုချေငိုရေ၊ ပခက်က
ကြောင်ချေမြည်ရေ၊ ပုတ်ဒေါင့်က
ကြက်ဖကြီးတွန်ရေ၊ အိမ်နောက်က
အဘာလာရေ၊ ချောင်းဝက
အမင်ကြည့်ရေ၊ တန်းပျင်းက