သင်ခန်းစာ - ၂၁
အက် (-က် သတ်သံတိ)
| ကက် ကျက် ကြက် ကွက် ငှက် | ခက် ချက် ခြက် ခွက် ညှက် |
| စက် ပျက် ပြက် ပြွက် နှက် | ညက် မျက် ဗြက် မြွက် မှက် |
| သက် လျက် မြက် ရွက် ဝှက် | စက်ရုံ ကြွက် မျက်နှာ ငှက် |
⭐ လိကျင့်ဖို့
ငှက်မွီး
ကြက်ငှက်
အခက်အရွက်
လယ်တစွက်
သမက်တက်
အတက်ထွက်
ရီစက်
နွားချီးပက်
ပြွက်ပြွက်ဆူ
ဖက်ရွက်
ရက်ကန်း
ရွက်
လယ်လုပ်ငန်း
စပါးထွက်နည်းရေ လယ်တစွက်။ နွားချီးပက်ဩဇာ ထည့်ပီးပါ။
လယ်ညက်အောင်အားပြုပါ။ လယ်မာအညက်ကုန်အတွက်။
လယ်ညက်အောင်အားပြုပါ။ လယ်မာအညက်ကုန်အတွက်။
သမက်တက်ပွဲ (မင်္ဂလာပွဲ)
ရွာလယ်မှာ သမက်တက်ပွဲ။ အသွင်းလက်ဖွဲ့ပီးပါရေ။
ကြက်သား ဝက်သားကျွေးပါမေ။ သူ့ဖက် ကိုယ့်ဖက် လူစုံရေ။
ကြက်သား ဝက်သားကျွေးပါမေ။ သူ့ဖက် ကိုယ့်ဖက် လူစုံရေ။
စာကြက်ချိန်
မိုးထဖက်သား ကြက်တွန်ရေ။ ရောင်နီတက်ခါ ဆွမ်းချက်တေ။
နီထွက်လာခါ စာကျက်တေ။ မရ ရအောင် ကျက်ရမေ။
နီထွက်လာခါ စာကျက်တေ။ မရ ရအောင် ကျက်ရမေ။