သင်ခန်းစာ - ၂၀
အွန် အွန့် အွန်း (-ွန် -ွမ် သတ်သံတိ)
| -ွန် -ွန့် -ွန်း | -ွမ် -ွမ့် -ွမ်း |
| ကွန် ကွန့် ကွန်း | ကျွန် ကျွန့် ကျွန်း |
| ခွန် ခွန့် ခွန်း | ချွန် ချွန့် ချွန်း |
⭐ လိကျင့်ဖို့
စွန်
ဇွန်း
ထွန်
ဝါဂွမ်း
ကွန်
အကွန်ဆောင်
ရွန်းသီး
အဝကျွန်း
ဥခွံ
ထမင်းခွံ့
အခွန်တော်
လှံချွန်
ဆွမ်းခံ
တွန်
တံထွီး
ခင်ပွန်း
ပြွန်
လောင်ပွန်း
ဆွမ်းခံကြွရေ
မောင်သျှင်တိ ဆွမ်းခံကြွလာရေ။ ဇွန်းကြီးသုံးပျာ ဆွမ်းလောင်းပါ။
အခင်ထွန်း ရီထမ်းလာရေ။ ရီစည်ထဲမှာ သွန်ထည့်ပါ။
အခင်ထွန်း ရီထမ်းလာရေ။ ရီစည်ထဲမှာ သွန်ထည့်ပါ။
မိုးတွင်း လယ်လုပ်ချိန်
မိုးသွန်ပျာ ရွာလာရေ။ လယ်ငှားသားတိ ထွန်ချရေ။
ပုဇွန်ပြား ဝယ်လာရေ။ မွန်းမတည့်ခင် ကျွေးပါ။
ပုဇွန်ပြား ဝယ်လာရေ။ မွန်းမတည့်ခင် ကျွေးပါ။
အိမ်တွင်းမှု
လီမမွမ်းအောင် ပြတင်းဖွင့်ထားပါ။ လောင်ပွန်း ဟင်းစား ဆီးကြောပါ။
အဆွေခင်ပွန်းလာနီရေ။ မှောင်လာရေခါ မီးထွန်းပါ။
အဆွေခင်ပွန်းလာနီရေ။ မှောင်လာရေခါ မီးထွန်းပါ။