သင်ခန်းစာ - ၈
အို၊ အို့၊ အိုး (လုံးကြီးတင်တစ်ချောင်းငင်)
အို အို့ အိုး
ကို ကို့ ကိုး
တို တို့ တိုး
ခို ခို့ ခိုး
ထို ထို့ ထိုး
စို စို့ စိုး
ဖို ဖို့ ဖိုး
သို သို့ သိုး
ကိုယ် ကိုယ့်
မို မို့ မိုး
⭐ လိကျင့်ဖို့
မိုး
အိုးစည်
အဖိုး
မီးခိုး
သိုး
ရှိခိုး
သူခိုး
အငိုသန်
ရီမိုး
ဖော့ဆို့
မုဆိုး
ရီညို့ညို့
ပုတို
အဆိုးအဆာ
တို့စား
စဖို
ဒိုးဒို
တရီးနိုး
တိုလို့ယိုလို့
📖 ရွတ်ဆိုကြည့်ကတ်ပါ
ရိုသေမှု
မိဖဆရာ ရိုသီပါ။ ငါရို့အဖိုး အိုလာယာ။
ဖိုးဖိုးကို ဇိခိုးပါ။ ပသိပီးပါ အိုဖိုးဖို။
ဖိုးဖိုးကို ဇိခိုးပါ။ ပသိပီးပါ အိုဖိုးဖို။
နို့စို့အချေ
နို့စို့အချေ နိုးလာယာ။ မငိုပါကေ့ နို့စို့ပါ။
အမိကိုခေါ်ယူပါ။ လန့်ကေ ယို့လို့ထားပါ။
အမိကိုခေါ်ယူပါ။ လန့်ကေ ယို့လို့ထားပါ။
ကိုယ်ကျင့်တရား
ခိုးမယူရ။ ရိုးရိုးသားသား နီပါ။
လူဆိုးနန့် မနီရ။ ရိုးသားသူနန့် နီပါ။
လူဆိုးနန့် မနီရ။ ရိုးသားသူနန့် နီပါ။