သင်ခန်းစာ - ၁၉
အုံ အုံ့ အုံး (-ုန် -ုန့် -ုန်း သတ်သံတိ)
| ကုံ ကုံ့ ကုံး | ကျုံ ကျုံ့ ကျုံး |
| ကုန် ကုန့် ကုန်း | ချုံ ချုံ့ ချုံး |
| ထုံ ထုံ့ ထုံး | ဖြုန် ဖြုန့် ဖြုန်း |
| မုန် မုန့် မုန်း | မှုန် မှုန့် မှုန်း |
⭐ လိကျင့်ဖို့
ယုန်
ပျားအုံ
ဂျုံ
ဒုံးပျံ
ဗုံတို
ပန်းကုံး
ဗြီးခုန်
ကုန်းကြောင်း
ကုန်စုံဆိုင်
နံယုန်လ
ထုံးတမ်း
မီးပုံး
ဆံထုံး
နနွင်းမှုန့်
အုန်းဆီ
ချရားပန်းကုံး
ချရားပန်း သုံးကုံး။ ဇာပိုင် သုံးဖို့ရောင်။
ဘုရားမာ တင်ဖို့လား။ လုံးချင်းရာ ပန်ဖို့လား။
ဘုရားမာ တင်ဖို့လား။ လုံးချင်းရာ ပန်ဖို့လား။
ကုန်စုံဆိုင်
ကုန်မျိုးစုံဆိုင်ကြီး။ သပုံမွှီး ဝယ်ချင်ရေ။
နနွင်းမှုန့်လေ့ ဝယ်ချင်ရေ။ အုန်းဆီတပုံး ဇာဈီးရောင်။
နနွင်းမှုန့်လေ့ ဝယ်ချင်ရေ။ အုန်းဆီတပုံး ဇာဈီးရောင်။
မီးလှုံပွဲ
စုန်လီထလာရေ။ ပဆိုးကို လုံအောင်ချုံထားပါ။
မီးလှုံချင်သူလာပါ။ ထိုင်ခုံချေ ယူလာပါ။
မီးလှုံချင်သူလာပါ။ ထိုင်ခုံချေ ယူလာပါ။
🌸 ရွှီတူပန်း ငွီတူပန်း
ရွှီတူပန်း၊ ငွီတူပန်း၊ အမင်အိမ်မာပွင့်ရေပန်း။
ရွှီတူပန်း၊ ငွီတူပန်း၊ အဘာအိမ်မာပွင့်ရေပန်း။
ရွှီတူငွီတူ၊ အသူယူ
ပန်းရွှီတူကို၊ မေဖြူပန်ယင့်၊ လှလီယင့်။
ပန်းငွီတူကို၊ မေဖြူပန်ယင့်၊ လှလီယင့်။
🎋 တတိုင်နှစ်တိုင် မညင်းတိုင်
တတိုင်နှစ်တိုင် မညင်းတိုင်
တိုင်ကမညင်း သရက်ကင်း
နင်နန့် ငါနန့် ဝါဆိုလမာ ပေါင်းကတ်မေ။
ကပိုင်ကျမွိ မြစ်လယ်ခေါင်မာ ကျာကျာမွိ
တဆုပ်နှစ်ဆုပ် ထမင်းဆုပ်
ဆုံဆယ်နယ်နှုတ် ပျုပ်
နှုတ်နှုတ် နှုတ်လိုက်ကတ်ပါဟေ။