သင်ခန်းစာ-၅၁
ပန်းဝှက်အရွေ့ကဗျာတိ
ဝှက်။ ။
လက်တံကြီးနန့် မွှီလို့ထိုး၊ အစိပြောင်းပြန်၊
အရီလန်၊ အခွံအုပ်ကျွတ်၊ ဖော်ပါလတ်။
ဖော်။ ။
ငယ်ခါစိမ်းညို၊ အိုခါရွှီဝင်း၊ သီးမင်းရွှီတူ၊
ဆံဖြူစပါး၊ အေလူ့ပြည်မာ၊ လူတိုင်းစားကေ၊
သကြားဩဇာ၊ အရသာ။
အဖြေ - (စပါးကြိတ်)
ဝှက်။ ။
လက်ဆာကိုယူ၊ ခြည်ဖြူနန့်ဆက်၊ ပိုးနန့်ရက်၊
အကွက်တထောင်၊ ပေါ်လီယောင်၊ အမောင်ဇမ်းတတ်၊
မေ့ဆင်ခြီကို၊ ဖြီပါလတ်။
ဖော်။ ။
လက်ဆာကိုယူ၊ ခြည်ဖြူနန့်ဆက်၊ ပိုးနန့်ရက်၊
အကွက်တရာ၊ ပေါ်လီယာ၊
နှမရက်ကေ၊ တံဘက်မာ။
အဖြေ - (မေ့ဆင်ခြီတံဘက်)
ဝှက်။ ။
အနွယ်တရာ၊ လိမ်လို့လာ
သီးလာခါလေ့၊ တလုံးတည်း။
ဖော်။ ။
လူပျိုတရာ၊ ရွာလည်လာ
ရလာခါလေ့၊ တယောက်တည်း။
အဖြေ - (သမက်တတ်/မယားတက်)