သင်ခန်းစာ - ၁၀
ွ (ဝဆွဲ) အသုံးအနှုန်းတိ
- ွ (ဝဆွဲ)
ကွ ကွာ ကွား
ခွ ခွာ ခွား
ကွေ ကွေ့ ကွေး
ခွေ ခွေ့ ခွေး
ကွဲ ကွဲ့ ကွယ်
တွဲ တွဲ့ တွယ်
⭐ လိကျင့်ဖို့
နွား
သခွားသီး
ခွီး
စားပွဲ
ပလီ
လကွယ်နိ
အိုးကွဲ
ဓါးခွီး
တွဲလွဲပန်း
အစွယ်
အဆွီး
အသီးပွဲခါ
ပွဲတော်
ဒိုးနွယ်
မွီးဖွား
အရသာဖွေ
မွဲရိုး
ဖွဲရာကျ
ရွယ်တူ
အယွေ
စလွယ်
အလွယ်ကာသား
📖 ရွတ်ဆိုကြည့်ကတ်ပါ
နွားတိနန့် ကျား
နွားတိ နံရိုး ကြဲနီရေ။ ရွာက အဝီးလားစားရေ။
ကျားဆွဲမေ ဂရုပြုပါ။ နွားကွဲကေ ကျားဆွဲရေ။
ကျားဆွဲမေ ဂရုပြုပါ။ နွားကွဲကေ ကျားဆွဲရေ။
သခွားသီးဝယ်စို့
သခွားသီး ပေါ်ပျာလား။ အကြီးအငယ် ခွဲထားရေ။
လိုစွာကို ရွီးဝယ်ပါ။ ကြီးစွာကို ဝယ်ပါမေ။
လိုစွာကို ရွီးဝယ်ပါ။ ကြီးစွာကို ဝယ်ပါမေ။
တပို့တွဲလ ပွဲတော်
တပို့တွဲလ ရထားပွဲ။ အကွဲကွဲ မဆွဲရ။
အတူတကွ ဆွဲပါ။ ရွာစွဲမကြီးပါစီကေ့။
အတူတကွ ဆွဲပါ။ ရွာစွဲမကြီးပါစီကေ့။