သင်ခန်းစာ - ၂၉
စာလုံးဆင့် (ပါဌ်ဆင့်) တိ လိ့လာခြင်း
🏛️ အခြေခံ ပါဌ်ဆင့်များ
| -က -ဉ -ဏ | -န -မ -ဟ -င်္ဂ |
| ပက္ခဒိန် တက္ကသိုလ် | စန္ဒာ ပဒုမ္မာကြာ |
| ကမ္ဘာ ဝတ္ထု | ဗြဟ္မာ တိရစ္ဆာန် |
| မဇ္ဈိမ အန္တရာယ် | ပဉ္စမ သတ္တမ ပိဿာ |
⭐ ပါဌ်ဆင့် ဝေါဟာရများ
ပုံသဏ္ဌာန်
ကစ္ဆပနဒီ
ရမ္မာဝတီ
ဝိဇ္ဇာ
သိပ္ပံ
ဣန္ဒြေ
ပုစ္ဆာ
သက္ကရာဇ်
ဓမ္မစကြာ
ဝတ္တရား
ဒုက္ခ
ကုန်ပစ္စည်း
ပညာရေးလမ်းညွှန်
ငယ်စဉ်အခါ ပညာရှာ။ ကြီးခါ ဥစ္စာရအောင်ပါ။
သိပ္ပံ ဝိဇ္ဇာ အတတ်ပညာ။ ကိုယ်ပိုင် ဥစ္စာ ရတနာ။
သိပ္ပံ ဝိဇ္ဇာ အတတ်ပညာ။ ကိုယ်ပိုင် ဥစ္စာ ရတနာ။
ရခိုင်ပြည် ပထဝီ
ဓညဝတီ ရခိုင်ပြည်။ ကစ္ဆပနဒီ မြစ်ကြောင်းရှည်။
ဘင်္ဂလားပင်လယ်သို့ စီးဝင်ရေ။ အိန္ဒိယသမုဒ္ဒရာနန့် ဆက်နီရေ။
ကမ္ဘာ့ရီပြင်သို့ ထွက်နိုင်ရေ။
ဘင်္ဂလားပင်လယ်သို့ စီးဝင်ရေ။ အိန္ဒိယသမုဒ္ဒရာနန့် ဆက်နီရေ။
ကမ္ဘာ့ရီပြင်သို့ ထွက်နိုင်ရေ။
ဧည့်သည်တော်များ
အာဂန္တုတိ ညဇာက ရောက်ကတ်တေ။ ရမ္မာဝတီ ရမ်းဗြဲမြို့က လာကတ်တေ။
သင်္ဘောနန့် လာစွာလား။ ကုန်ပစ္စည်းတိ မကန်ပါလာရေ။
သင်္ဘောနန့် လာစွာလား။ ကုန်ပစ္စည်းတိ မကန်ပါလာရေ။