သင်ခန်းစာ - ၁၇
အိုင် အိုင့် အိုင်း (-ဉ် -ဉ့် -ဉ်း သတ်သံတိ)
| -ိုင် -ိုင့် -ိုင်း | -ဉ် -ဉ့် -ဉ်း |
| ကိုင် ကိုင့် ကိုင်း | ကြိုင် ကြိုင့် ကြိုင်း |
| ခိုင် ခိုင့် ခိုင်း | ချဉ် ချဉ့် ချဉ်း |
| မှိုင် မှိုင့် မှိုင်း | စဉ် စဉ့် စဉ်း |
| ပိုင် ပိုင့် ပိုင်း | ယဉ် ယဉ့် ယဉ်း |
⭐ လိကျင့်ဖို့
ခြိုင့်
လှိုင်း
ဗျိုင်း
ကျောက်ပျဉ်
စဉ့်အိုး
ကျင်ကိုင်
လူတကျိုင်
မွှီးကြိုင်
မှိုင်းဝီ
နိုင်ငံ
ဆိုင်းတူရွယ်တူ
ဆိုင်းကြိုး
ပျိုင်းစီ
ယဉ်ကျေးမှု
အစဉ်အလာ
မျှဉ်ငပိ
စဉ်းစား
သဇင်ပန်းနန့် ရိုးတောင်
သဇင်ပန်းခိုင် တမြိုင်မြိုင်။ ရခိုင်ဘုရားပေါင်း။
သဇင်ပန်းခိုင် မွှီးပျံ့ကြိုင်။ ရိုးတောင်ဆိုင်းဆိုင်း ပြိုင်းနီရေ။
သဇင်ပန်းခိုင် မွှီးပျံ့ကြိုင်။ ရိုးတောင်ဆိုင်းဆိုင်း ပြိုင်းနီရေ။
ယဉ်ကျေးမှုနန့် ပညာ
အပြောအဆို ယဉ်ကျေးပါ။ ရိုင်းစိုင်းသူကို ယှောင်ပါ။
ပညာတတ်အောင်သင်ယူပါ။ ရိုးရာအစဉ်အလာကို မြှင့်တင်ပါ။
ပညာတတ်အောင်သင်ယူပါ။ ရိုးရာအစဉ်အလာကို မြှင့်တင်ပါ။
ဓညဝတီက အစဉ်အလာ
ဗုဒ္ဓဘာသာ စဉ်အလာ။ ဓညဝတီကစလာရေ။
သားစဉ်မြီးဆက် နာယူပါ။ ယဉ်ကျေးမှု မယိမ်းယိုင်ပါစီကေ့။
သားစဉ်မြီးဆက် နာယူပါ။ ယဉ်ကျေးမှု မယိမ်းယိုင်ပါစီကေ့။