Dictionary Entries
Showing 34,661–34,671 of 34,671 words
ကကျက်ပေါက်
[kt͡ɕɛʔpaʊʔ]
Arakanese:
သစ်လုံး တလုံး တည်းကို ထွင်းခွတ် ပြုလုပ်ထားရေ (လုံးထွင်း) လောင်းမာ ၀မ်းဝမ်း၌ တလက်မ လောက်ခန့် ဖောက်ထား ရရေ ဒွါရ
Burmese:
သစ်လုံး တစ်လုံး တည်းကို ထွင်းခုတ် ပြုလုပ်ထားသော (လုံးထွင်း) လှေတွင် ၀မ်းဗိုက်၌ တစ်လက်မ လောက်ခန့် ဖောက်ထား ရသော အပေါက်
English:
abdomen through of ship
Grammar Note:
နာမ်
ကကျက်
[kt͡ɕɛʔ]
Arakanese:
လောင်းစပ်ရာမာ ပျိုင်ချပ်နန့် လောင်းထောက်ကို အဂေါင်း မြုပ်အောင် ရိုက်သွင်း ရရေ သံချွန်၊ သစ်ချွန်၊ သစ်စို့၊ ဝါးစို့
Burmese:
လှေစပ်ရာတွင် ပျဉ်ချပ်နှင့် လှေထောက်ကို ဦးခေါင်း မြုပ်အောင် ရိုက်သွင်း ရသော သံချွန်၊ သစ်ချွန်၊ သစ်စို့၊ ဝါးစို့
English:
spike
Grammar Note:
နာမ်
က၉
[k၉]
Arakanese:
ဗျည်း သုံးဆယ့်သုံးလုံး ရို့မာ အစဖြစ်ရေ အက္ခရာ။ ကကြီးဟု ခေါ်ရေ
Burmese:
ဗျည်း သုံးဆယ့်သုံးလုံး တို့တွင် အစဖြစ်သော အက္ခရာ။ ကကြီးဟု ခေါ်သည်
English:
the first consonant of the Arakanese alphabet
Grammar Note:
နာမ်
က၈
[k၈]
Arakanese:
ဆင်မြင်းရို့ နောက်ကုန်း ထက်မာ လူထိုင်ဖို့ ပြုလုပ် ထားရေ နီရာ
Burmese:
ဆင်မြင်းတို့ ကျောကုန်း ထက်တွင် လူထိုင်ရန် ပြုလုပ် ထားသော နေရာ
English:
howdah - saddle
Grammar Note:
နာမ်
က၇
[k၇]
Arakanese:
သီ၊ ဆို၊ မှုတ်တီးရေ ဝရီယာ အသံနန့် ခန္ဓာ ကိုယ်လက် စသည်ရို့ကို ရှုချင် စဖွီ ဖြစ်ယောင် လှုပ်ယှား၍ ပြရေ
Burmese:
သီ၊ ဆို၊ မှုတ်တီးသော တူရိယာ အသံဖြင့် ခန္ဓာ ကိုယ်လက် စသည်တို့ကို ရှုချင် စဖွယ် ဖြစ်အောင် လှုပ်ရှား၍ ပြသည်
English:
dance
Grammar Note:
ကြိယာ
က၆
[k၆]
Arakanese:
ခွပ်ရေ။ ခွတ်ဖြတ်ရေ။ ပိုင်းဖြတ်ရေ
Burmese:
ခုတ်သည်။ ခုတ်ဖြတ်သည်။ ပိုင်းဖြတ်သည်
English:
be at least equal to (usually used in the negative form) - chop - cut
Grammar Note:
ကြိယာ
က၅
[k၅]
Arakanese:
တစုံ တခုကို ပြုလုပ်ခြင်း၊ ဖြစ်ခြင်းကို ရည်ရွယ်၍ ပြောဆိုရာမာ သုံးရေ စကား။ မူ။ သော်။ လျှင်
Burmese:
တစ်စုံ တစ်ခုကို ပြုလုပ်ခြင်း၊ ဖြစ်ခြင်းကို ရည်ရွယ်၍ ပြောဆိုရာတွင် သုံးသော စကား။ မူ။ သော်။ လျှင်
English:
if - create something of aim
Grammar Note:
သမ္ဗန္တ
က၄
[k၄]
Arakanese:
ပြုရာ၊ တည်ရာ၊ ဖြစ်ရာအရပ် တခုခုကို ရည်မှတ်ပနာ ပြောရေ စကား။ ၌။ မာ
Burmese:
ပြုရာ၊ တည်ရာ၊ ဖြစ်ရာအရပ် တစ်ခုခုကို ရည်မှတ်၍ ပြောသော စကား။ ၌။ တွင်
English:
destination - scenes of aim
Grammar Note:
ဝိသေသန
က၃
[k၃]
Arakanese:
တည်နီရာ အရပ်ကို ညွှန်ပြရေ စကားလုံး။ မှ
Burmese:
တည်နေရာ အရပ်ကို ညွှန်ပြသော စကားလုံး။ မှ
English:
postpositional marker indicating place - location place
Grammar Note:
ဝိသေသန
က၂
[k၂]
Arakanese:
ဖဲကြည် ထွက်ခွာ လာခရာ အရပ်စသည့်ရို့ကို ညွှန်ပြရေ စကားလုံး။ မှ
Burmese:
ဖဲကြည် ထွက်ခွာ လာခဲ့ရာ အရပ်စသည့်တို့ကို ညွှန်ပြသော စကားလုံး။ မှ
English:
postpositional marker indicating locative case - leave the place(firm)
Grammar Note:
ဝိသေသန
က
[k]
Arakanese:
ပြုသူ ဖြစ်သူကို ညွှန်ပြရေ စကားလုံး
Burmese:
ပြုသူ ဖြစ်သူကို ညွှန်ပြသော စကားလုံး
English:
postpositional marker to indicate nominative case
Grammar Note:
ဝိသေသန