Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1–20 of 5,980 words

    အွံ့၂

    [ʔwံ့၂]
    အွံ့ ဟု ကျွဲမြည်ရေ။ အွံ့ ဟု မြည်ပနာ လက်မြှောက် အရှုံးပီးသည်
    အွံ့ ဟု ကျွဲမြည်သည်။ အွံ့ ဟု မြည်၍ လက်မြှောက် အရှုံးပေးသည်
    none
    ကြိယာ

    အွံ့

    [ʔwံ့]
    အွံ့ ဟု ကျွဲမြည်ရေ အသံ
    အွံ့ ဟု ကျွဲမြည်သော အသံ
    none
    နာမ်

    အွိုင်၂

    [ʔwàɪɴ၂]
    သားသမီးတိက ခေါ်ရေအခါ အမိက နာသောင့်နာသာနန့် အသံကို ဆွဲဆွဲငင်ငင် အွိုင်--ဟု ထူးရေ အာလုပ်အသံ
    သားသမီးများက ခေါ်သောအခါ အမိက နာသောင့်နာသာဖြင့် အသံကို ဆွဲဆွဲငင်ငင် အွိုင်--ဟု ထူးသော အာလုပ်အသံ
    none
    အာလုပ်

    အွိုင်

    [ʔwàɪɴ]
    အားကျဖွီရာ။ ကြောက်မက်ဖွီရာ အကြောင်း ဖြစ်လာရေခါ၊ တအံ့တဩ ဖြစ်ရေအခါ၊ အထိတ်တလန့် မြင်ရ ကြားရသောအခါ စသည်ရို့၌ နှုတ်က ထွက်ရေ အသံ
    အားကျဖွယ်ရာ။ ကြောက်မက်ဖွယ်ရာ အကြောင်း ဖြစ်လာသောအခါ၊ တအံ့တဩ ဖြစ်သောအခါ၊ အထိတ်တလန့် မြင်ရ ကြားရသောအခါ စသည်တို့၌ နှုတ်မှ ထွက်သော အသံ
    feeling nervous
    နာမ်

    အွ့

    [ʔw့]
    နောင်အခါမှ မဆက်ဆံချင် လှောက်ယောင် စက်ဆုပ်သန မုန်းတီးသည်
    နောင်အခါတွင် မဆက်ဆံချင် လောက်အောင် စက်ဆုပ်ရွံရှာ မုန်းတီးသည်
    hate
    ကြိယာ

    အိုးအိမ်ခွက်ယောက်

    [ʔóʔèɪɴkʰwɛʔjɔ́ɛʔ]
    နိန်ရာတကျ နီထိုင် စားသောက်ဖို့ နီရာ အဆောက်အအုံနန့် ထမင်း၊ ဟင်း ချက်ပြုတ်ဖို့၊ ထမင်း ဟင်း စားရေအခါ အသုံးပြုရန် ထည့်စရာ ပစ္စည်းအစဟိရေ
    အတည်တကျ နေထိုင် စားသောက်ရန် နေရာ အဆောက်အအုံနှင့် ထမင်း၊ ဟင်း ချက်ပြုတ်ရန်၊ ထမင်း ဟင်း စားသည့်အခါ အသုံးပြုရန် ထည့်စရာ ပစ္စည်းစသည်
    pottery - household utensils - receptacle
    နာမ်

    အိုးအိမ်

    [ʔóʔèɪɴ]
    နိန်ရာတကျ နီထိုင် စားသောက်ဖို့ နီရာ။ အဆောက်အအုံ
    အတည်တကျ နေထိုင် စားသောက်ရန် နေရာ။ အဆောက်အအုံ
    house - home - realty
    နာမ်

    အိုးအနားဖီး

    [ʔóʔnápʰï]
    အိုးစသည်ရို့၏ နှုတ်ခမ်း တဖက်တချက်၌ တပ်ထားရေ လက်ကိုင်ကွင်း။ အိုးနှုတ်ခမ်း
    အိုးစသည်တို့၏ နှုတ်ခမ်း တစ်ဘက်တစ်ချက်၌ တပ်ထားသော လက်ကိုင်ကွင်း။ အိုးနှုတ်ခမ်း
    goblet pot
    နာမ်

    အိုးသျှေခွက်သျှေ

    [ʔóʃèkʰwɛʔʃè]
    အသျှေ ကဇပ်စရာ အိုးခွက်ချေ
    ကလေး ကစားစရာ အိုးခွက်ငယ်
    toy pot
    နာမ်

    အိုးသစ်အိမ်သစ်၂

    [ʔóθɪʔʔèɪɴθɪʔ၂]
    နိန်ရာတကျ နီထိုင် စားသောက်ဖို့ နီရာ၊ အဆောက်အအုံ
    အတည်တကျ နေထိုင် စားသောက်ရန် နေရာ၊ အဆောက်အအုံ
    realty
    နာမ်

    အိုးသစ်အိမ်သစ်

    [ʔóθɪʔʔèɪɴθɪʔ]
    မူလ တည်ထောင်ဘက် သီဆုံး၍ ဖြစ်စီ၊ ကွဲကွာ၍ ဖြစ်စီ၊ နောက်ထပ် ပြုရေ တည်ထောင်
    မူလ အိမ်ထောင်ဘက် သေဆုံး၍ ဖြစ်စေ၊ ကွဲကွာ၍ ဖြစ်စေ၊ နောက်ထပ် ပြုသော အိမ်ထောင်
    marry
    နာမ်

    အိုးသူကြီး

    [ʔóθùt͡ɕï]
    ထမင်း ဟင်း ချက်ပြုတ်ရာမာ ဦးဆောင်ဦးရွက် ကြီးမှူး အုပ်ချုပ် စီမံချက် ပြုတ်ရသူ
    ထမင်း ဟင်း ချက်ပြုတ်ရာတွင် ဦးဆောင်ဦးရွက် ကြီးမှူး အုပ်ချုပ် စီမံချက် ပြုတ်ရသူ
    chef
    နာမ်

    အိုးသီးအိမ်သီး

    [ʔóθïʔèɪɴθï]
    မိသားစုနန့် ခွဲခွါ၍ တသီးတခြား နီရေ အိမ်
    မိသားစုနှင့် ခွဲခွါ၍ တသီးတခြား နေသော အိမ်
    house
    နာမ်

    အိုးသီးရာခြား

    [ʔóθïɹàkʰɹá]
    မိသားစုနန့် ခွဲခွါ၍ တသီးတခြား နီရေ အိမ်
    မိသားစုနှင့် ခွဲခွါ၍ တသီးတခြား နေသော အိမ်
    house
    နာမ်

    အိုးသီး

    [ʔóθï]
    မိသားစုနန့် ခွဲပြီးကေ တသီး တခြား နီထိုင်ရေ
    မိသားစုနှင့် ခွဲ၍ တသီး တခြား နေထိုင်သည်
    live alone
    ကြိယာ

    အိုးလူးခွက်လူး၂

    [ʔólùးkʰwɛʔlùး၂]
    အိုးထဲစလောင်းထဲမာ ကပ်ပနာ ကျန်ရေ ဟင်းကြွင်း၊ ငါးကြွင်း၊ ဟင်းကျန်၊ ငါးကျန်ကို ထမင်းနန့် ရောနှောဘန်းဒီအောင် လက်နန့် ဖိနှိပ်နယ်ဗျာယ်
    အိုးထဲခွက်ထဲတွင် ကပ်၍ ကျန်သော ဟင်းကြွင်း၊ ငါးကြွင်း၊ ဟင်းကျန်၊ ငါးကျန်ကို ထမင်းဖြင့် ရောနှောကြေမွအောင် လက်ဖြင့် ဖိနှိပ်နယ်လျက်
    massage lightly
    ကြိယာဝိသေသန

    အိုးလူးခွက်လူး

    [ʔólùးkʰwɛʔlùး]
    ချက်ပြုတ်ရေ အိုးမာ မီးတောက်ထိတွက်နန့် မည်း၍ ဂြင်းကိုက်ထင်နီရေ မီးခိုးမှ ဖြစ်ရေ အမှုန့်
    ချက်ပြုတ်သည့် အိုးတွင် မီးတောက်ထိသဖြင့် မည်း၍ စွဲကပ်ထင်နေသော မီးခိုးမှ ဖြစ်သော အမှုန့်
    soot - lamp-black
    ကြိယာ

    အိုးလူကြီး

    [ʔólùt͡ɕï]
    ထမင်း ဟင်း ချက်ပြုတ်ရာမာ ဦးဆောင်ဦးရွက် ကြီးမှူး အုပ်ချုပ် စီမံချက် ပြုတ်ရသူ
    ထမင်း ဟင်း ချက်ပြုတ်ရာတွင် ဦးဆောင်ဦးရွက် ကြီးမှူး အုပ်ချုပ် စီမံချက် ပြုတ်ရသူ
    chef
    နာမ်

    အိုးမှောက်သုတ်

    [ʔóm̥ɔ́ɛʔθoʊʔ]
    မိဖ ဆွီမျိုး စသည်ရို့၏ မျက်နှာကို မထောက်ထားပဲ ဂုဏ်ငယ်အောင် ပြုလုပ်ရေ။ အရှက်ရစီရေ
    မိဖ ဆွေမျိုး စသည်တို့၏ မျက်နှာကို မထောက်ထားပဲ ဂုဏ်ငယ်အောင် ပြုလုပ်သည်။ အရှက်ရစေသည်
    [fig.] disgrace - blacken someone’s reputation
    ကြိယာ

    အိုးမှောက်လူးခွက်မှောက်လူး

    [ʔóm̥ɔ́ɛʔlùးkʰwɛʔm̥ɔ́ɛʔlùး]
    (ငါး၊ ဟင်း စရေ ချက်ပြုတ်ရရေ အတွက်) ကိုယ်ခန္ဓာမာ အိုးမဲတိ ပေကပ်နီရေ
    (ငါး၊ ဟင်း စသည့် ချက်ပြုတ်ရသည့် အတွက်) ကိုယ်ခန္ဓာတွင် အိုးမဲများ ပေကပ်နေသည်
    dirt
    ကြိယာ