Dictionary Entries
Showing 1–20 of 475 words
ဟွှန်တက်
[hW̯àɴtɛʔ]
Arakanese:
ရည်မှန်း သတ်မှတ်ထားရေထက် ကကောင်းများရေ။ ပိုလျှံရေ
Burmese:
ရည်မှန်း သတ်မှတ်ထားသည်ထက် များပြားသော။ ပိုလျှံသော
English:
superfluous
Grammar Note:
နာမဝိသေသန
ဟွှန်၂
[hW̯àɴ၂]
Arakanese:
အသက်ထွက်လုတမျှ ထိတ်လန့် စိုးရိမ်ကြီးစွာနန့် သတိလစ်ပိုင် ဖြစ်လားရေ။ မောင်းမောင်သာဖြူ အသည်းတပြင်း ကြားလို့ ငါကလေ့ ဟွှန် ပြီးကေ တခုလည်း မကိုင်တတ် ဖြစ်လားခရေ (အရပ်)
Burmese:
အသက်ထွက်လုတမျှ ထိတ်လန့် စိုးရိမ်ကြီးစွာဖြင့် သတိလစ်သကဲ့သို့ ဖြစ်သွားသည်။ မောင်သာဖြူ အသည်းအသန် ကြားလို့ ငါကလည်း ဟွှန် ပြီးကေ တစ်ခုလည်း မကိုင်တတ် ဖြစ်လားခရေ (အရပ်)
English:
slip one’s mind
Grammar Note:
ကြိယာ
ဟွှန်
[hW̯àɴ]
Arakanese:
ပြည့်စွာထက် ပိုလွန်ရေ။ အရွီအတွက်ထက် တိစွာ ပိုကဲရေ။ ဝက်သား တပုံ၊ ငါးတပုံနန့်၊ ပြည့်စုံသုခ၊ မကန်ဟွှန်ယောင်၊ စံစားကတ်ကေ (ဦးရာဇ်မိုင်း)
Burmese:
ပြည့်သည်ထက် ပိုလွန်သော။ အရေအတွက်ထက် များစွာ ပိုကဲသော။ ဝက်သား တစ်ပုံ၊ ငါးတစ်ပုံဖြင့်၊ ပြည့်စုံသုခ၊ မကန်ဟွှန်ယောင်၊ စံစားကြကေ (ဦးရာဇ်မိုင်း)
English:
excessive
Grammar Note:
နာမဝိသေသန
ဟွှိုင့်၂
[hW̯a̰ɪɴ၂]
Arakanese:
ပင်ပန်း နွမ်းရိခြင်း အိပ်ချင်ခြင်းရို့ကြောင့် အလိုအလျောက် ပဇာ့ဟကာ ဟွှိုင့်ဟု အသံထွက်ကာ ပြင်းစွာ လေရှိုက်သည်
Burmese:
ပင်ပန်း နွမ်းနယ်ခြင်း အိပ်ချင်ခြင်းတို့ကြောင့် အလိုအလျောက် ပါးစပ်ဟကာ ဟွှိုင့်ဟု အသံထွက်ကာ ပြင်းစွာ လေရှိုက်သည်
English:
gasp
Grammar Note:
ကြိယာ
ဟွှိုင့်
[hW̯a̰ɪɴ]
Arakanese:
တစုံတဦ ခိုသံကို တုံ့ပြန်ထူးသံ။ (တိအနီနန့် ရွယ်တူ သို့မဟုတ် ငွေရသူ၊ သို့မဟုတ် မမာ့ အချင်းချင်းရို့ ခိုသံကိုရာ ထူးလေ့ ဟိရေ။) ယေးချေဟု ခေါ်ကေ ဟွှိုင်ဟု ထူးသည် (အရပ်)။ ၂၊ အံ့အားသင့်ရေအခါ မြွက်ဆိုသံ။ ဟွှိုင့် မင်းလောင်ဘော်ပေါက်တေဆို မွှန်လာ (အရပ
Burmese:
တစ်စုံတစ်ဦ ခေါ်သံကို တုံ့ပြန်ထူးသံ။ (အများအားဖြင့် ရွယ်တူ သို့မဟုတ် ငယ်ရွယ်သူ၊ သို့မဟုတ် မိန်းမ အချင်းချင်းတို့ ခေါ်သံကိုသာ ထူးလေ့ ရှိသည်။) ယေးချေဟု ခေါ်လျှင် ဟွှိုင်ဟု ထူးသည် (အရပ်)။ ၂၊ အံ့အားသင့်သည့်အခါ မြွက်ဆိုသံ။ ဟွှိုင့် မင်းထီပေါက်တေဆို ဟောက်လာ (အရပ
English:
reply
Grammar Note:
အာလုပ်
ဟွှင်ထိုး
[hW̯ɪ̀ɴtʰó]
Arakanese:
ထိုးတံနန့် ဟွှင်(ဟွန်း)ကို မြည်စီရေ။ တီးရေ။ ထိုးသည်
Burmese:
ထိုးတံဖြင့် ဟွှင်(ဟွန်း)ကို မြည်စေသည်။ တီးသည်။ ထိုးသည်
English:
strum
Grammar Note:
ကြိယာ
ဟွှင်
[hW̯ɪ̀ɴ]
Arakanese:
သစ်သား၊ အိုးပြား အစား သတ္တုဟွှင် (ဟွန်း) တပ်ဆင်ထားရေ အသံဟိန်းစီရေ တယောတမျိုး
Burmese:
သစ်သား၊ အိုးပြား အစား သတ္တုဟွှင် (ဟွန်း) တပ်ဆင်ထားသော အသံဟိန်းစေသည့် တယောတစ်မျိုး
English:
violin
Grammar Note:
နာမ်
ဟွှက်ရာ
[hW̯ɛʔɹà]
Arakanese:
မိမိအထက် အရာဟိ၊ အကြီးအကဲ စသူရို့ ညွှန်ကြား ပြောဆိုသမျှကို ဝီဖန် သုံးသပ် စောဒက တက်ခြင်းမပြပဲ အမြဲခေါင်းငုံ့ ထောက်ခံ နာယူရေ အလိအထ။ ဟွှက်ရာခါတိုင်း လုပ်နီကျပါရေ (အရပ်)
Burmese:
မိမိအထက် အရာရှိ၊ အကြီးအကဲ စသူတို့ ညွှန်ကြား ပြောဆိုသမျှကို ဝေဖန် သုံးသပ် စောဒက တက်ခြင်းမပြပဲ အမြဲခေါင်းငုံ့ ထောက်ခံ နာယူသော အလေ့အထ။ ဟွှက်ရာခါတိုင်း လုပ်နီကျပါရေ (အရပ်)
English:
decorum
Grammar Note:
နာမ်
ဟွှတ်ကေပါ
[hW̯aʔkèpà]
Arakanese:
မိမိထက် အသက်၊ ဂုဏ်ကြီးသူရို့ဧ့ စကားကို ကြားနာရာမာ ဝန်ခံနာ ယူရေ အနီနန့် ယိုင်ကျေးဖွီရာ တုံ့ပြန်ထောက်ဖြည့် ပြောရေ စကား။ ဇော်နိုင်-စျီးကို လားလီနှန်း၊ ဟွှတ်ကေပါ (အရပ်)
Burmese:
မိမိထက် အသက်၊ ဂုဏ်ကြီးသူတို့၏ စကားကို ကြားနာရာ၌ ဝန်ခံနာ ယူသော အားဖြင့် ယဉ်ကျေးဖွယ်ရာ တုံ့ပြန်ထောက်ဖြည့် ပြောသော စကား။ ဇော်နိုင်-စျီးကို လားလီနှန်း၊ ဟွှတ်ကေပါ (အရပ်)
English:
decorum
Grammar Note:
နာမ်
ဟွှတ်ကာရေ၂
[hW̯aʔkàɹè၂]
Arakanese:
အဆို တင်သွင်းချက်ကို ဖြည့်စွက် ပြောဆို သဖော တူညီချက် ပီးရေ။ ဟွှက်ကာရေ မောင်းမောင်ဖြူပြောစွာ မမွှန်လား (ထောက်ခံရေ သဖောပါ) (အရပ်)
Burmese:
အဆို တင်သွင်းချက်ကို ဖြည့်စွက် ပြောဆို သဘော တူညီချက် ပေးသည်။ ဟွှက်ကာရေ မောင်ဖြူပြောစွာ မဟောက်လား (ထောက်ခံသည့် သဘောပါ) (အရပ်)
English:
agree
Grammar Note:
ကြိယာ
ဟွှက်ကာရေ
[hW̯ɛʔkàɹè]
Arakanese:
မိမိအထက်မာ တစုံတရာ မှားယွင်းနီကြောင်း ယိုးစွပ်ချက်ကို ဟုတ်မှန်ရေဟု ဝန်ခံချက်ကို ပြုရာမာ သုံးရေစကား။ အခင်-၈ ဂဏန်းမာ- ဂငယ်ဖြစ်နီရေကာ၊ ကြည့်မည်-ဟွှက်ကာ (အရပ်)။ ဘကြီး-တဝမ်းပူမာ တဆံထုံးဖြစ်နီ ပါရေကာ၊ ဇာဖို့လေ့-ဟွှတ်ကာရေ (အရပ်)
Burmese:
မိမိအပေါ်တွင် တစ်စုံတရာ မှားယွင်းနေကြောင်း စွပ်စွဲချက်ကို ဟုတ်မှန်သည်ဟု ဝန်ခံချက်ကို ပြုရာတွင် သုံးသောစကား။ အခင်-၈ ဂဏန်းမှာ- ဂငယ်ဖြစ်နီရေကာ၊ ကြည့်မည်-ဟွှက်ကာ (အရပ်)။ ဘကြီး-တဝမ်းပူမှာ တဆံထုံးဖြစ်နီ ပါရေကာ၊ ဇာမှာလဲ-ဟွှတ်ကာရေ (အရပ်)
English:
pledge
Grammar Note:
ပစ္စည်း
ဟွှတ်ကာ
[hW̯aʔkà]
Arakanese:
မိမိအထက်မာ တစုံတရာ မှားယွင်းနီကြောင်း ယိုးစွပ်ချက်ကို ဟုတ်မှန်ရေဟု ဝန်ခံချက်ကို ပြုရာမာ သုံးရေစကား။ အခင်-၈ ဂဏန်းမာ- ဂငယ်ဖြစ်နီရေကာ၊ ကြည့်မည်-ဟွှက်ကာ (အရပ်)
Burmese:
မိမိအပေါ်တွင် တစ်စုံတရာ မှားယွင်းနေကြောင်း စွပ်စွဲချက်ကို ဟုတ်မှန်သည်ဟု ဝန်ခံချက်ကို ပြုရာတွင် သုံးသောစကား။ အခင်-၈ ဂဏန်းမှာ- ဂငယ်ဖြစ်နီရေကာ၊ ကြည့်မည်-ဟွှက်ကာ (အရပ်)
English:
pledge
Grammar Note:
ပစ္စည်း
ဟွှက်
[hW̯ɛʔ]
Arakanese:
ဂုဏ်ထူး၊ စွမ်းရည်ကို ချီးမွမ်း ဖော်ထုတ် ပြောဆိုရေ။ ဖွဲ့နွဲ့ ပြောဆိုရေ။ ဇော်နိုင် ခြောက်ဘာသာ ဂုဏ်ထူး ပါရေလတ်။ ဟွှက်- တော်ရေ ငါ့တူ (အရပ်)
Burmese:
ဂုဏ်ထူး၊ စွမ်းရည်ကို ချီးမွမ်း ထုတ်ဖော် ပြောဆိုသည်။ ဖွဲ့နွဲ့ ပြောဆိုသည်။ ဇော်နိုင် ခြောက်ဘာသာ ဂုဏ်ထူး ပါရေလတ်။ ဟွှက်- တော်ရေ ငါ့တူ (အရပ်)
English:
laud
Grammar Note:
ကြိယာ
ဟွှားဟွှား
[hW̯áhW̯á]
Arakanese:
အမွီးအမျှင်တိ စသည့် ပွရောင်း၍ ကားပြန့်နီရေ။ ရင်မွီး ဟွှားဟွှား၊ လက်ရာဆိုကေ၊ ယင်းဘင်ဂလီမာ (ထာနု)
Burmese:
အမွေးအမှင်များ စသည့် ပွရောင်း၍ ကားပြန့်နေသော။ ရင်မွီး ဟွှားဟွှား၊ လက်သာဆိုကေ၊ ထိုကုလားမှာ (ထာနု)
English:
bristle
Grammar Note:
နာမဝိသေသန
ဟွှား
[hW̯á]
Arakanese:
အမွီးအမျှင်တိ ပွဆောင်းထရေ
Burmese:
အမွေးအမှင်များ ပွဆောင်းထသည်
English:
bristle
Grammar Note:
ကြိယာ
ဟွှရာ
[hW̯ɹà]
Arakanese:
မိမိထက် အသက် ဂုဏ်ကြီးသူရို့ဧ့ စကားကို ကြားနာရာမာ ဝန်ခံနာယူရေ အနီနန့် ယိုင်ကျေးဖွီရာ တုံ့ပြန်ထောက်ဖြည့် ပြောရေစကား။ လွှရာဟု ဝန်ခံ ပြောဆိုရေ စကား (အရပ်)
Burmese:
မိမိထက် အသက် ဂုဏ်ကြီးသူတို့၏ စကားကို ကြားနာရာ၌ ဝန်ခံနာယူသော အားဖြင့် ယဉ်ကျေးဖွယ်ရာ တုံ့ပြန်ထောက်ဖြည့် ပြောသောစကား။ လွှရာဟု ဝန်ခံ ပြောဆိုသော စကား (အရပ်)
English:
yes sir
Grammar Note:
နာမ်
ဟိုးဟိုးကျော်ကျော်
[hóhót͡ɕɔ̀t͡ɕɔ̀]
Arakanese:
ပပြောင်တတောက် ဖြစ်ဗျာယ်။ ထင်ယှားစွာ
Burmese:
လူသိရှင်ကြား ဖြစ်လျက်။ ထင်ရှားစွာ
English:
publicly
Grammar Note:
ကြိယာဝိသေသန
ဟိုးဟိုးကျော်
[hóhót͡ɕɔ̀]
Arakanese:
အရပ် ဝန်းကျင် ပျံ့နှံ့ထင်ယှားရေ။ အာကမြီးတော်၊ ဘုန်းရောင်ဖြိုးလို့၊ ဟိုးဟိုးကျော်ကေ (ရာမ)
Burmese:
အရပ် ဝန်းကျင် ပျံ့နှံ့ထင်ရှားသော။ အာကမြီးတော်၊ ဘုန်းရောင်ဖြိုးလို့၊ ဟိုးဟိုးကျော်ကေ (ရာမ)
English:
be widely known
Grammar Note:
နာမဝိသေသန
ဟိုးလီဟောင်းလောင်း
[hólíháʊɴláʊɴ]
Arakanese:
(အဝတ်) မလုံဖို့လေ့ အနီနန့်။ ဟိုးလီ ဟဟောင်း မြင်မကောင်း (ရိုးရာ)
Burmese:
(အဝတ်) မလုံမလဲ အားဖြင့်။ ဟိုးလီ ဟောင်းလောင်း မြင်မကောင်း (ရိုးရာ)
English:
in an uncovered state See also ဟောင်းလောင်း
Grammar Note:
ကြိယာဝိသေသန
ဟို့ဟို့ဟို့
[ho̰ho̰ho̰]
Arakanese:
ဂါရီ၊ ဂါရီစသည့် တစ်စုံတစ်ရာကို ရပ်တန့် စီလိုရာမာ သုံးရေ စကား။ ဟို့ဟို့ဟို့-အကျွန် အေမှတ်တိုင်က ဆင်းပါဖို့ (အရပ်)
Burmese:
ယာဉ်၊ ရထားစသည့် တစ်စုံတစ်ရာကို ရပ်တန့် စေလိုရာ၌ သုံးသော စကား။ ဟို့ဟို့ဟို့-အကျွန် အေမှတ်တိုင်က ဆင်းပါဖို့ (အရပ်)
English:
stop
Grammar Note:
နာမ်