Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1–20 of 1,683 words

    သျှီးလုပ်

    [ʃïloʊʔ]
    စိတ်ဆန္ဒ ဟိရင်းကို မပေါ်ယောင် အကွန်ဆောင်ရေ။ ၂၊ စိတ်နိန်မြင့်မှုနန့် မသိကျိုးကျွန် မကြားကျိုးကျွန် ပြုရေ။ အမူအရာ ပိုပြီးကေ ဆောင်ရေ
    စိတ်ဆန္ဒ ရှိရင်းကို မပေါ်အောင် ဟန်ဆောင်သည်။ ၂၊ စိတ်ကြီးဝင်မှုဖြင့် မသိကျိုးကျွန် မကြားကျိုးကျွန် ပြုသည်။ အမူအရာ ပို၍ ဆောင်သည်
    pretend
    ကြိယာ

    သျှိုးလိုက်ရတု

    [ʃólaɪʔɹtoʊ]
    ယင့်အခါ တစ်ပြိုင်တည်း တယောက် မကျန်၊ ဟောကတ်ပြန်ရေ အသံ အုတ်ကျက်ကျက်မျှ (ကုသတု)။ (အက္ခရာ ၆ လုံး တဖြတ်၊ ၄ လုံး တဖြတ်၊ ၆ လုံး တဖြတ်ဖြစ်စီ၊ ငါးလုံး တဖြတ်၊ ၄ လုံး ၃ လုံးတဖြတ်၊ ၆လုံး တဖြတ်ဖြစ်စီ စပ်ဆို အသုံးအနှုန်း အမျိုးမျိုး)
    ထိုအခါ တစ်ပြိုင်နက် တစ်ယောက် မကျန်၊ ဟောကြပြန်သည် အသံ အုတ်ကျက်ကျက်မျှ (ကုသတု)။ (အက္ခရာ ၆ လုံး တစ်ဖြတ်၊ ၄ လုံး တစ်ဖြတ်၊ ၆ လုံး တစ်ဖြတ်ဖြစ်စေ၊ ငါးလုံး တစ်ဖြတ်၊ ၄ လုံး ၃ လုံးတစ်ဖြတ်၊ ၆လုံး တစ်ဖြတ်ဖြစ်စေ စပ်ဆို အသုံးအနှုန်း အမျိုးမျိုး)
    verse recited during procession in the novitiation ceremony
    နာမ်

    သျှိုးပြ၂

    [ʃópɹ၂]
    အပြင်ပန်းအနိန်နန့် ပုံဆောင်ရုံမျှ ဖြစ်ရေအရာ။ ပြသရုံအတွက်ရာ ဖန်တီး ပြုပျင်ထားရေ အရာ
    အပြင်ပန်းအားဖြင့် ပုံဆောင်ရုံမျှ ဖြစ်သောအရာ။ ပြသရုံအတွက်သာ ဖန်တီး ပြုပြင်ထားသော အရာ
    none
    နာမ်

    သျှိုးပြ

    [ʃópɹ]
    မိမိအသွင်၊ အဆင်း၊ အင်္ဂါ ထင်ယှားယောင် ပြရေ
    မိမိအသွင်၊ အဆင်း၊ အင်္ဂါ ထင်ရှားအောင် ပြသည်
    show
    ကြိယာ

    သျှိုးထုတ်

    [ʃótʰoʊʔ]
    မိမိဂုဏ်ကို ဖော်ထုတ် ဝင့်ဝါရေ။ ဝင့်ဘန်းပြသည်
    မိမိဂုဏ်ကို ဖော်ထုတ် ဝင့်ဝါသည်။ ဝင့်ကြွားသည်
    boast
    ကြိယာ

    သျှိုး

    [ʃó]
    ဂုဏ်ကို မြင်စီရေ အကြောင်း။ ဝင့်ကြား အကွန်ဆောင်မှု
    ဂုဏ်ကို မြင်စေသော အကြောင်း။ ဝင့်ကြား ဟန်ဆောင်မှု
    pretend
    နာမ်

    သျှို့ဝှက်

    [ʃo̰ʍɛʔ]
    အရာသူ တပါးမသိ မမြင်ရရောင် သိုကကောင်းစွာ ပြုမူ ကျင့်ဆောင်ရေ
    အခြားသူ တစ်ပါးမသိ မမြင်ရအောင် သိုသိပ်စွာ ပြုမူ ကျင့်ဆောင်သည်
    hoard
    ကြိယာဝိသေသန

    သျှို့

    [ʃo̰]
    အရာသူ တပါးမသိ မမြင်ရရောင် သိုကကောင်းစွာ ပြုမူ ကျင့်ဆောင်ရေ
    အခြားသူ တစ်ပါးမသိ မမြင်ရအောင် သိုသိပ်စွာ ပြုမူ ကျင့်ဆောင်သည်
    hoard
    ကြိယာ

    သျှိုသျှိုတိုတို

    [ʃÒʃÒtÒtÒ]
    ရှက်ရွံ့ပိုင် ကြုံတွိခြင်းကြောင့် မနီတတ် မထိုင်တတ် ဖြစ်ဗျာယ်။ ဗြုန်စားကြီး ရှက်ရွံ့ သွားဗျာယ်။ လူတပုံကြီးဟိက ဖြတ်လားဖို့ သျှိုသျှိုတိုတို တွိ.ရေ (အရပ်)
    ရှက်ရွံ့သဖွယ် ကြုံကြိုက်ခြင်းကြောင့် မနေတတ် မထိုင်တတ် ဖြစ်လျက်။ ရုတ်တရက် ရှက်ရွံ့ သွားလျက်။ လူတစ်ပုံကြီးရှိက ဖြတ်လားဖို့ သျှိုသျှိုတိုတို တွိ.ရေ (အရပ်)
    shy
    ကြိယာဝိသေသန

    သျှိုလို့ယိုလို့

    [ʃÒlo̰jÒlo̰]
    တိုလို့ယိုလို့၊ ရှက်ရွံ့ဗျာယ်။ တွန့်ဆုတ်ဗျာယ်
    မဝံ့မရဲ၊ ရှက်ရွံ့လျက်။ တွန့်ဆုတ်လျက်
    stop short and draw
    ကြိယာဝိသေသန

    သျှိုတံ

    [ʃÒtံ]
    အဖိုလိင်၏ သျှိုတန်ဆာ။ (တိရစ္ဆာန်တိနန့် တွဲစပ်၍ ဖျံသျှို၊ မြင်းသျှို ဖျံ့သို့ အစဟိရေ အသုံးများရေ။
    အဖိုလိင်၏ သျှိုတန်ဆာ။ (တိရစ္ဆာန်များနှင့် တွဲစပ်၍ ဖျံသျှို၊ မြင်းသျှို ဖျံ့သို့ စသည် အသုံးများသည်။
    male genital organ
    နာမ်

    သျှို၂

    [ʃÒ၂]
    အပြင်သို့ မထွက်စီဘဲ သိမ်းဆည်းရေ။ ၂၊ အတွင်းစိတ်ကို သိသာစီနှိုင်ရေ အမူအရာ မပေါ်ယောင် နီရေ။ ကိုယ့်မာ ဟိကေလေ့ မကြားရ၊ မသိယောင် သျှိုထားရရေ (အရပ်)
    အပြင်သို့ မထွက်စေဘဲ သိမ်းဆည်းသည်။ ၂၊ အတွင်းစိတ်ကို သိသာစေနိုင်သော အမူအရာ မပေါ်အောင် နေသည်။ ကိုယ့်မှာ ဟိကေလေ့ မကြားရ၊ မသိအောင် သျှိုထားရရေ (အရပ်)
    keep
    ကြိယာ

    သျှို

    [ʃÒ]
    အဖိုလိင်၏ သျှိုတန်ဆာ။ (တိရစ္ဆာန်တိနန့် တွဲစပ်၍ ဖျံသျှို မြင်းသျှို ဖျံ့သို့ အစဟိရေ အသုံး တိစွာ။
    အဖိုလိင်၏ သျှိုတန်ဆာ။ (တိရစ္ဆာန်များနှင့် တွဲစပ်၍ ဖျံသျှို မြင်းသျှို ဖျံ့သို့ စသည် အသုံး များသည်။
    male genital organ
    နာမ်

    သျှိန်းဖြိန်း

    [ʃéɪɴpʰɹéɪɴ]
    ရှက်ရွံ့ကြောက်ရွံ့မှုကြောင့် ခန္ဓာကိုယ်လုံးသို့ သွီးတိ ပျံ့နှံ့၍ ပူရှိန်းမှု ခံစားရရေ
    ရှက်ရွံ့ကြောက်ရွံ့မှုကြောင့် ခန္ဓာကိုယ်လုံးသို့ သွေးများ ပျံ့နှံ့၍ ပူရှိန်းမှု ခံစားရသည်
    shy
    ကြိယာ

    သျှိန်းပြီး

    [ʃéɪɴpɹï]
    ရှိန်းဖင်ဆီနန့် ပြည့်စုံရေ။ တုတ်ပြီး၊ ဓါးပြီးအစဟိရေ ကိုယ်ခံ ကာယသိန္ဓိကို ရဟိရေ
    ရှိန်းသတ္တိနှင့် ပြည့်စုံသည်။ တုတ်ပြီး၊ ဓါးပြီးစသော ကိုယ်ခံ ကာယသိန္ဓိကို ရရှိသည်
    none
    ကြိယာ

    သျှိန်းဆာယာ

    [ʃéɪɴsʰàjà]
    ရှိန်း၏ အစွမ်းဖင်ဆီ။ ကိုယ်ရောင် ပျောက်ယောင် ကွယ်ပထားနှိုင်ရေ အစွမ်းဖင်ဆီ
    ရှိန်း၏ အစွမ်းသတ္တိ။ ကိုယ်ရောင် ပျောက်အောင် ကွယ်ပထားနိုင်သော အစွမ်းသတ္တိ
    stealth power
    နာမ်

    သျှိန်း၂

    [ʃéɪɴ၂]
    (ခန္ဓာတကိုယ်လုံး) ပျံ့နှံ့သည်
    (ခန္ဓာတစ်ကိုယ်လုံး) ပျံ့နှံ့သည်
    scatter
    ကြိယာ

    သျှိန်း

    [ʃéɪɴ]
    ကိုယ်ဖျောက်နှိုင်ခြင်း၊ ထူးခြားရေ တန်ခိုး သိဒ္ဓိအရာတွင်ခြင်း အစဟိရေ လောကီအစွမ်း ဖင်ဆီ
    ကိုယ်ဖျောက်နိုင်ခြင်း၊ ထူးခြားသော တန်ခိုး သိဒ္ဓိပြီးမြောက်ခြင်း စသော လောကီအစွမ်း သတ္တိ
    stealth power
    နာမ်

    သျှိန့်ပြီးပြီးလို့

    [ʃèɪɴ့pɹïpɹïlo̰]
    (ဥပစာ) (ရှဉ့်သတ္တဝါသည် ဟိုပြေးဒီပြေး ပြေးလွှာနီပိုင်) မငြိမ်မသက် ယောက်ယတ် ခတ်ချက်
    (ဥပစာ) (ရှဉ့်သတ္တဝါသည် ဟိုပြေးဒီပြေး ပြေးလွှာနေသကဲ့သို့) မငြိမ်မသက် ယောက်ယတ် ခတ်ချက်
    restless
    ကြိယာဝိသေသန

    သျှိန့်ထိုးထိုးလို့

    [ʃèɪɴ့tʰótʰólo̰]
    (ဥပစာ) (ရှဉ့်သတ္တဝါသည် ဟိုပြေးဒီပြေး ပြေးလွှာ နီပိုင်) မငြိမ်မသက် ယောက်ယတ် ခတ်ချက်
    (ဥပစာ) (ရှဉ့်သတ္တဝါသည် ဟိုပြေးဒီပြေး ပြေးလွှာ နေသကဲ့သို့) မငြိမ်မသက် ယောက်ယတ် ခတ်ချက်
    restless
    ကြိယာဝိသေသန