Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1–20 of 1,963 words

    လွှမ်းမိုး

    [lW̯áɴmó]
    ဩဇာအာဏာ သက်ရောက် စီရေ။ ၂၊ ကြိုးကိုင် စီစားခြင်း ခံရရေ။ ၃၊ တပါးရေ အရာကို ကျော်လွန်ရေ။ ၄၊ အရာအရာရို့ထက် အရေးပါ အရာရောက်ရေ။ ခေတ်စားရေ
    ဩဇာအာဏာ သက်ရောက် စေသည်။ ၂၊ ကြိုးကိုင် စေစားခြင်း ခံရသည်။ ၃၊ တစ်ပါးသော အရာကို သာလွန်သည်။ ၄၊ အခြားအရာတို့ထက် အရေးပါ အရာရောက်သည်။ ခေတ်စားသည်
    influence - overwhelm - overshade - overshadow - supercede [as in ဤအမိန့်ဖြင့် ယခင်အမိန့်များကို~လိုက်-]- surpass [as in ၁၉ ရာစုတွင် ဂျာမနီဂီတက အခြားဂီတများကို~ခဲ့-]
    ကြိယာ

    လွှမ်းခြုံ

    [lW̯áɴkʰɹÒʊɴ]
    အထက်မှ ဖုံးအုပ်ရေ။ ဝတ်ရုံရေ။ ၂၊ တကိုယ်လုံးသို့ အပျံ့အနှံ့ သက်ရောက်ရေ။ သက္ကလပ်ဝတ်မုံ၊ လွှမ်းခြုံရစ်ပတ်၊ ထည်ချင်းထပ်လို့ (ထာနု)
    အပေါ်မှ ဖုံးအုပ်သည်။ ဝတ်ရုံသည်။ ၂၊ တစ်ကိုယ်လုံးသို့ အပျံ့အနှံ့ သက်ရောက်သည်။ သက္ကလပ်ဝတ်မုံ၊ လွှမ်းခြုံရစ်ပတ်၊ ထည်ချင်းထပ်လို့ (ထာနု)
    wrap [as in စောင်~-] take all things together [as in ~ပြောရဖို့ဆိုကေ] - encompass
    ကြိယာ

    လွှမ်း

    [lW̯áɴ]
    အရပ်ပခက်ချေမျက်နှာမှ ဖုံးအုပ်ရေ။ ၂၊ ကိုယ်လုံး အပျံ့အနှံ့ သက်ရောက်ရေ။ ဝတ်ရုံရေ အပေါ် လွှမ်းခယောက်ကို လှူတော်မူပြီးကေ
    အရပ်လေးမျက်နှာမှ ဖုံးအုပ်သည်။ ၂၊ ကိုယ်လုံး အပျံ့အနှံ့ သက်ရောက်သည်။ ဝတ်ရုံသော အပေါ် လွှမ်းပုဆိုးကို လှူတော်မူပြီးလျှင်
    spread over spread widely [as in ရောဂါ~]
    ကြိယာ

    လွန်တက်

    [lʊ̀ɴtɛʔ]
    စောင့်စည်းမှုနန့် အရှက်တရား နည်းပါးစွာ ပြုလုပ်တတ်ရေ။ မတည် ကြည်ရေ။ ဣန္ဒြေမဟိရေ
    စောင့်စည်းမှုနှင့် အရှက်တရား နည်းပါးစွာ ပြုလုပ်တတ်သော။ မတည် ကြည်သော။ ဣန္ဒြေကင်းမဲ့သော
    immodest
    နာမဝိသေသန

    လွန်ကျ

    [lʊ̀ɴt͡ɕ]
    ပြည့်စွာထက် ပိုမောက်ရေ
    ပြည့်သည်ထက် ပိုမောက်သော
    exceed
    နာမဝိသေသန

    လွန်

    [lʊ̀ɴ]
    ပြည့်စွာထက် ပိုလွန်ရေ။ အရွီအတွက်ထက် တိစွာ ကဲပိုရေ။ ၂၊ (ဥပစာ) (ပြောဆိုသမျှ) အတွင်းကို သက်ဝင်ခြင်း မဟိရေ။ မင်းပြောရေစကား အားနုန်း လွန်ရေကျည်းဗျာယ်(အရပ်)။ ၃၊ လျှပ်ပေါ် ပေါ့သွီသွီလျလျနန့်
    ပြည့်သည်ထက် ပိုလွန်သော။ အရေအတွက်ထက် များစွာ ကဲပိုသော။ ၂၊ (ဥပစာ) (ပြောဆိုသမျှ) အတွင်းသို့ သက်ဝင်ခြင်း မယှိသော။ မင်းပြောရေစကား အားလုံး လွန်ရေကျည်းဗျာယ်(အရပ်)။ ၃၊ လျှပ်ပေါ် ပေါ့သွမ်းသော
    (of limits restrictions etc)go beyond - exceed - be intemperate [as in အစား~]- overshoot be well past die [as in မင်းကြီး~သော်] transgress go against [as in မိဘ၊ ဆရာသမားစကားကို~၍ မရ]
    နာမဝိသေသန

    လွှတ်မိန့်

    [lW̯aʔmèɪɴ့]
    အကျိုင်းထောင်မှ လွှတ်မြောက်ခွင့် ပြုလိုက်သည့်အမိန့်
    အကျဉ်းထောင်မှ လွှတ်မြောက်ခွင့် ပြုလိုက်သည့်အမိန့်
    order of release from custody
    နာမ်

    လွှတ်ပီး

    [lW̯aʔpï]
    သဖောတူ ကျီနပ်စွာ အခွင့်အရီး ပီးရေ။ ၂၊ အချုပ်အချယ် ဂရုတ်ဂယှုတ် အတားအဆီးမပြုပဲ လွတ်လပ်စွာ နီစီရေ
    သဘောတူ ကျေနပ်စွာ အခွင့်အရေး ပေးသည်။ ၂၊ အချုပ်အချယ် အနှောင့်အယှက် အတားအဆီးမပြုပဲ လွတ်လပ်စွာ နေစေသည်
    set free leve sb to his own devices [as in ဖြစ်ချင်ရာဖြစ်~ထားလိုက်]
    ကြိယာ

    လွှတ်တော်

    [lW̯aʔtɔ̀]
    ရက္ခိုင် ဘုရင်မင်းမြတ်ရို့ လက်ထက် ဘုရင်မင်းမြတ်မှ တပါးလွဲကေ အထူးအာဏာပိုင် အမြင့်ဆုံးဖြစ်တေ အမှူးအမတ်တိ ပါဝင် စုပေါင်း လက်သပ် စီမံခန့်ခွဲ ဆောင်ရွက်သည့် အဖွဲ့အစည်း။ (ယင်းလွှတ်တော် သဘင်ခံရာ အဆောက်အအုံကို ဝေသာလီမြို့ တူးဖော်ရာမာ တွိ့မြင်လိုက်ရရေ။
    ရခိုင် ဘုရင်မင်းမြတ်တို့ လက်ထက် ဘုရင်မင်းမြတ်မှ တစ်ပါးလွဲ၍ အထူးအာဏာပိုင် အမြင့်ဆုံးသော အမှူးအမတ်များ ပါဝင် စုပေါင်း တိုင်ပင် စီမံခန့်ခွဲ ဆောင်ရွက်သည့် အဖွဲ့အစည်း။ (ယင်းလွှတ်တော် သဘင်ခံရာ အဆောက်အအုံကို ဝေသာလီမြို့ တူးဖော်ရာတွင် တွေ့မြင်လိုက်ရသည်။
    council of ministers in the time of Arakan kings supreme legislative body
    နာမ်

    လွှတ်

    [lW̯aʔ]
    (Chwat ဟုသာ ရက္ခိုင်အသံ ပီပီထွက်ရေ။ Chwat ယွှတ်၊ သျွှတ်၊ ချွှတ်ဟု အသံမထွက်ပါ။) ၁၊ တယောက်တလီအား တစ်နီရာသို့ တစုံတရာ ကိစ္စဆောင်ရွက်ဖို့။ လားဆီး။ ထွက်ခွာ လားဆီး။ အသျှင်က ရွှတ်၊ အကျွန့်လွတ်၊ သျှင်မင်းချငြား၊ ရွှီးအာဏာကို၊ ကျွန့်မာကိုင်ရဖို့ (ဓမ္မက)။ ဒ
    (Chwat ဟုသာ ရခိုင်အသံ ပီပီထွက်သည်။ Chwat ယွှတ်၊ သျွှတ်၊ ချွှတ်ဟု အသံမထွက်ပါ။) ၁၊ တစ်စုံတစ်ဦးအား တစ်နေရာသို့ တစ်စုံတရာ ကိစ္စဆောင်ရွက်ရန်။ သွားစေသည်။ ထွက်ခွာ သွားစေသည်။ အသျှင်က ရွှတ်၊ ကျွန်မလွတ်၊ သျှင်မင်းချငြား၊ ရွှီးအာဏာကို၊ ကျွန့်မှာကိုင်ရမည် (ဓမ္မက)။ ဒ
    [ arch ] relinquish ownership of edifices scriptures etc for religious use only set free - release [as in အနှောင်မှ~-] - set at liberty let out - let off [as in စိတ်ကို~ထား၊ ပစ်~-] send [as in လူ~-၊ ကား~-] keep sth free [as in အေနေရာကို~ထားပါ။]
    ကြိယာ

    လွှင့်ပစ်လိုက်

    [lW̯ɪ̰ɴpɪʔlaɪʔ]
    အရာ တပါးသို့ ရောက်ယောင် ပစ်ရေ
    အခြား တစ်ပါးသို့ ရောက်အောင် ပစ်သည်
    throw away - fling
    ကြိယာ

    လွှင့်ထူ

    [lW̯ɪ̰ɴtʰù]
    တင်းခွန်အလံ စစွာကို တိုင်မာချည်ပြီးကေ စိုက်ထူရေ
    တံခွန်အလံ စသည်ကို တိုင်တွင်ချည်၍ စိုက်ထူသည်
    (of sail or flag) hoist
    ကြိယာ

    လွှင့်တင်

    [lW̯ɪ̰ɴtɪ̀ɴ]
    တင်းခွန်အလံ စစွာကို အမြင့်မာ လှုပ်ယှားအောင် ပြုရေ
    တံခွန်အလံ စသည်ကို အမြင့်တွင် လှုပ်ရှားအောင် ပြုသည်
    (of a flag) hoist
    ကြိယာ

    လွှင့်

    [lW̯ɪ̰ɴ]
    လီတိုး ပင့်စီခြင်းနန့် ရီယာဉ်ကို ရွိ စီရေ။ ရွက်ကြီးတင်ပနာ၊ ကြာမြင့်မနီ၊ ရွှင့်ကြလီသော် (ထွန်းတိ)။ ပင်လယ်မြစ်ကြီး၊ သင်းဖိုးစီးပနာ၊ ရွှင့်ပြီးယူလားပါက (ဒေးဝန်း)။ တဆတ်ဆတ်ရွှင့် လတ်ခါ၊ မာန်အောင်မြို့မာ လျင်ဆော ဆိုက်ရောက်ကေ (ဗမာချီ)။ လေပြင်၌ ရွင့်လူးအောင
    လေတိုး ပင့်စေခြင်းဖြင့် ရေယာဉ်ကို ရွေ့လျား စေသည်။ ရွက်ကြီးတင်၍၊ ကြာမြင့်မနီ၊ ရွှင့်ကြလီသော် (ထွန်းတိ)။ ပင်လယ်မြစ်ကြီး၊ သင်္ဘောစီး၍၊ ရွှင့်ပြီးယူသွားပါက (ဒေးဝန်း)။ တဆတ်ဆတ်ရွှင့် လတ်ခါ၊ မာန်အောင်မြို့တွင် လျင်ဆော ဆိုက်ရောက်ပါက (ဗမာချီ)။ လေပြင်၌ လွင့်လူးအောင
    spread - disseminate - propagate flingout fly [as in အလံ~-] (of sails) hoist [as in ရွက်~-]
    ကြိယာ

    လွှဲအပ်

    [lW̯ɛʔaʔ]
    တခုတရီရေ ပစ္စည်းဝတ္တု တာဝမ်စစွာကို အရာ တပါးသူအား လွှဲပြောင်း ပီးရေ
    တစ်စုံတစ်ခုသော ပစ္စည်းဝတ္တု တာဝန်စသည်ကို အခြား တစ်ပါးသူအား လွှဲပြောင်း ပေးသည်
    make over [as in အမွီ~-] - hand over [as in တာဝန်~-] - (of money accounts) transfer [as in ငွီ~-]
    ကြိယာ

    လွှဲသတ်

    [lW̯ɛθaʔ]
    (တခုတရီကို မြီပြင်ပေါ်၌) အဟိန်အဟုန် ပြင်းစွာ ထိခိုက်စီရေ။ နှက်ရေ။ ရိုက်ခတ်ရေ။ ရိုက်ပုတ်ရေ။ အကြောင်းဆိုးစွာ့၊ တရွရွနန့်၊ ရက်မျှမလည်၊ ငါ့သားငယ်ကို၊ မြီမာလွှဲသတ်၊ သွီးဖျင်ဖျင်နန့်၊ ရိုးခြင်ပွတ်လို့ (နာရဒ)
    (တစ်စုံတစ်ခုကို မြေပြင်ပေါ်၌) အရှိန်အဟုန် ပြင်းစွာ ထိခိုက်စေသည်။ နှက်သည်။ ရိုက်ခတ်သည်။ ရိုက်ပုတ်သည်။ အကြောင်းဆိုးစွာ့၊ တရွရွနှင့်၊ ရက်မျှမလည်၊ ငါ့သားငယ်ကို၊ မြီမှာလွှဲသတ်၊ သွီးဖျင်ဖျင်နှင့်၊ ရိုးခြင်ပွတ်လို့ (နာရဒ)
    beat - hammer
    ကြိယာ

    လွှဲဖည်၂

    [lW̯ɛpʰɛ̀၂]
    တမျိုးတဖုံအနီနန့်
    တစ်မျိုးတစ်ဖုံအားဖြင့်
    other way
    ကြိယာဝိသေသန

    လွှဲဖည်

    [lW̯ɛpʰɛ̀]
    တမျိုးတဖုံ ပြောင်းလဲရေ။ လုပ်ကြံ ဝါသည်
    တစ်မျိုးတစ်ဖုံ ပြောင်းလဲသည်။ လုပ်ကြံ လိမ်လည်သည်
    put the blame on
    ကြိယာ

    လွှဲစာ

    [lW̯ɛsà]
    မိမိတက်စား အရာ သူတယောက်ကို ဆောင်ရွက်စီဖို့ လွှဲအပ်ကြောင်း ဖော်ပြရေ စာ
    မိမိကိုယ်စား အခြား သူတစ်ယောက်ကို ဆောင်ရွက်စေရန် လွှဲအပ်ကြောင်း ဖော်ပြသည့် စာ
    letter of authority - agency
    နာမ်

    လွှဲချ

    [lW̯ɛɕ]
    တာဝမ်စစွာကို လူများ အပေါ်ကို ကျရောက်စီရေ။ မင်းအပြစ်ကို မင်းရာသိ၊ သူတိကို ရွှဲချ မနီကေ့ (အရပ်)
    တာဝန်စသည်ကို သူတစ်ပါး အပေါ်သို့ ကျရောက်စေသည်။ မင်းအပြစ်ကို မင်းရာသိ၊ သူများကို ရွှဲချ မနီကေ့ (အရပ်)
    put the blame on sb - pass th buck
    ကြိယာ