Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1–20 of 1,415 words

    ရွှမ်းရွှမ်းဝေ

    [ɹW̯áɴɹW̯áɴwè]
    အပင်ဖက်ရွက် အစဟိရေ အရည်ပြည့််ရွှမ်း စိမ်းလန်းဝေဆာရေ။ တောတောင်မြိုင်ဝှမ်း၊ ရွှမ်းရွှမ်းဝီဆာ၊ စိမ်းလန်းကာနန့်၊ သာယာစဖွီ၊ ကောင်းလှလီဧ့ (တောဖွဲ့)
    သစ်ပင်သစ်ရွက် စသည် အရည်ပြည့််ရွှမ်း စိမ်းလန်းဝေဆာသော။ တောတောင်မြိုင်ဝှမ်း၊ ရွှမ်းရွှမ်းဝေဆာ၊ စိမ်းလန်းကာဖြင့်၊ သာယာစဖွယ်၊ ကောင်းလှပေ၏ (တောဖွဲ့)
    lush
    နာမဝိသေသန

    ရွှမ်းရွှမ်း

    [ɹW̯áɴɹW̯áɴ]
    ငိုပနာ တန်းလန်းနန့်။ မျက်ရည်ပြည့်် ဟိရေ မျက်လုံးတိနန့်။ ညဦးသိုင်ခေါင်၊ လရောင်ကိုထွန်း၊ မောင်းမောင်ကိုလွမ်းရေ။ ရွှမ်းရွှမ်းမျက်ရည်၊ ယိုသတည်း (တောကျောင်း)
    ငိုလျက် တန်းလန်းနှင့်။ မျက်ရည်ပြည့်် ယှိသော မျက်လုံးများနှင့်။ ညဦးသိုင်ခေါင်၊ လရောင်ကိုထွန်း၊ မောင်ကိုလွမ်းသည်။ ရွှမ်းရွှမ်းမျက်ရည်၊ ယိုသတည်း (တောကျောင်း)
    cry
    ကြိယာဝိသေသန

    ရွှမ်း

    [ɹW̯áɴ]
    အရည်ကကောင်းများရေ။ အရည်ရွမ်းရေ။ သစ်သီးရည် ရွှမ်း၊ ချိုခမန်း (ကော်) ၂၊ အရည် စိုရွဲယိုကျရေ။ ကိုယ့်သည်အူကို၊ ကြူကြူနမ်း၍၊ ချို ရွှမ်းနု့ရည်၊ ရင်ခွင်ပိုက်လို့၊ တိုက်တုံပေကေ (ပဒုမ္မ)
    အရည်များပြားသော။ အရည်ရွမ်းသော။ သစ်သီးရည် ရွှမ်း၊ ချိုခမန်း (ကော်) ၂၊ အရည် စိုရွဲယိုကျသော။ ကိုယ့်သည်အူကို၊ ကြူကြူနမ်း၍၊ ချို ရွှမ်းနု့ရည်၊ ရင်ခွင်ပိုက်လို့၊ တိုက်တုံပေကေ (ပဒုမ္မ)
    juicy - succulent
    နာမဝိသေသန

    ရွှန်းရွှန်းဝေဝေ

    [ɹW̯áɴɹW̯áɴwèwè]
    လန်းဆန်း ကြိုင်လင် လှပရေ။ ၂၊ လန်းဆန်း သစ်လွင်သည့် အရောင်ဟိရေ
    လန်းဆန်း ကြည်လင် လှပသော။ ၂၊ လန်းဆန်း သစ်လွင်သည့် အရောင်ယှိသော
    perky
    နာမဝိသေသန

    ရွှန်း

    [ɹW̯áɴ]
    ထွန်းလင်း တောက်ပရေ။ အရောင် ပြောင်လက်ရေ
    ထွန်းလင်း တောက်ပသော။ အရောင် ပြောင်လက်သော
    bright
    နာမဝိသေသန

    ရွှန်

    [ɹW̯àɴ]
    ကမန်းကတန်း ပြုရေ။ အချိန်ဟိသိယင့် ဂုကပင် ရွှန်နီရေကာ (အရပ်)
    အလျင်စလို ပြုသည်။ အချိန်ဟိသိယင့် ဂုကပင် ရွှန်နီရေကာ (အရပ်)
    hurry
    ကြိယာ

    ရွှပ်ရွှပ်

    [ɹW̯aʔɹW̯aʔ]
    အလွန်ပါးလျစွာ။ ချပ်ရပ်စွာ။ ၂၊ တသိမ့်သိမ့် လှုပ်ယှားဗျာယ်။ လီတိုက်ရို့ အလံ ရွှပ်ရွှပ် လှုပ်နီရေ (အရပ်)။ ၃၊ ပါးရွှီပါးရေကို အလိုက်တိုင်းနန့် ကြက်သွမ်ခွံသျှေပိုင် ရွှပ်ရွှပ်ပျင်နီရေ (အရပ်)
    အလွန်ပါးလျစွာ။ ချပ်ရပ်စွာ။ ၂၊ တသိမ့်သိမ့် လှုပ်ယှားလျက်။ လီတိုက်ရို့ အလံ ရွှပ်ရွှပ် လှုပ်နီရေ (အရပ်)။ ၃၊ ပါးရွှေပါးရေကို အလိုက်တိုင်းနန့် ကြက်သွန်ခွံသျှေပိုင် ရွှပ်ရွှပ်ပျင်နီရေ (အရပ်)
    filmy
    ကြိယာဝိသေသန

    ရွှပ်ကနဲ

    [ɹW̯aʔknɛ]
    ရွှပ် ဟု အသံမြည်ရေ အချိန် အခိုက်အတန့် အတွင်း အယင့်ယင်
    ရွှပ် ဟု အသံမြည်သော အချိန် အခိုက်အတန့် အတွင်း လျင်မြန်စွာ
    quickly
    ကြိယာဝိသေသန

    ရွှပ်

    [ɹW̯aʔ]
    အလွန်ပါးရေ။ အလွန်ပါးလှပ်ရေ
    အလွန်ပါးသော။ အလွန်ပါးလှပ်သော
    filmy
    နာမဝိသေသန

    ရွှတ်မိန့်

    [ɹW̯aʔmèɪɴ့]
    အကျိုင်းထောင်မှ လွတ်မြောက်ခွင့် ပြုသည့် အမိန့်အာဏာပိုင် အဖွဲ့အစည်းက ဖမ်းယူ ထားသူအား အပြစ်ဟိကြောင်း ဥပဒေအရ မတင်ပြနှိုင်ရေ အတွက် တရားရုံးက လွှတ်ဖို့ ဆုံးဖြတ်ချက်အရ ထုတ်ဆင့်သည့် အမိန့်
    အကျဉ်းထောင်မှ လွတ်မြောက်ခွင့် ပြုသည့် အမိန့်အာဏာပိုင် အဖွဲ့အစည်းက ဖမ်းယူ ထားသူအား အပြစ်ယှိကြောင်း ဥပဒေအရ မတင်ပြနိုင်သည့် အတွက် တရားရုံးက လွှတ်ရန် ဆုံးဖြတ်ချက်အရ ထုတ်ဆင့်သည့် အမိန့်
    order of release from custody
    နာမ်

    ရွှတ်ပီး

    [ɹW̯aʔpï]
    သဖောတူ ကျီနပ်စွာ အခွင့်အရီး ပီးရေ။ ၂၊ အချုပ်အချယ် ဂရုတ်ဂယှုတ် အတားအဆီး မပြုပဲ လွတ်လပ်စွာ နီစီရေ
    သဘောတူ ကျေနပ်စွာ အခွင့်အရေး ပေးသည်။ ၂၊ အချုပ်အချယ် အနှောင့်အယှက် အတားအဆီး မပြုပဲ လွတ်လပ်စွာ နေစေသည်
    set free level sb to his own devices (as in ဖြစ်ချင်ရာဖြစ်~ထားလိုက်ဝေ။)
    ကြိယာ

    ရွှတ်

    [ɹW̯aʔ]
    တယောက်တလီအား တစ်နီရာသို့ တစုံတရာကိစ္စ ဆောင်ရွက်ဖို့။ လားဆီး။ ထွက်ခွာ လားဆီး။ အသျှင်က ရွှတ်၊ အကျွန့်လွတ်၊ သျှင်မင်းချငြား၊ ရွှီးအာဏာကို၊ ကျွန့်မာကိုင်ရဖို့။ (ဓမ္မက)။ ဒအောင်ကျော်၊ နောင်တော် ရွှတ်ကေ၊ ငါလွှတ်ယင့်လေ (တေး)။ ၂၊ အနှောင့်အဖွဲ့မှ ရွတ်မြောက်စေ
    တစ်စုံတစ်ဦးအား တစ်နေရာသို့ တစ်စုံတရာကိစ္စ ဆောင်ရွက်ရန်။ သွားစေသည်။ ထွက်ခွာ သွားစေသည်။ အသျှင်က ရွှတ်၊ ကျွန်မလွတ်၊ သျှင်မင်းချငြား၊ ရွှီးအာဏာကို၊ ကျွန့်မှာကိုင်ရမည်။ (ဓမ္မက)။ ဒအောင်ကျော်၊ နောင်တော် ရွှတ်ကေ၊ ငါလွှတ်ယင့်လေ (တေး)။ ၂၊ အနှောင့်အဖွဲ့မှ လွတ်ကင်းစေ
    [ arch ] relinquish ownership of edifices scriptures etc for religious use only set free - release (as in အနှောင်မှ~- ) - set at libertylet out - let off (as in စိတ်ကို~ထား၊ ပစ်~-) send (as in လူ~-၊ ကား~-) keep sth free (as in အေချင့်ကို~ထားပါ။)
    ကြိယာ

    ရွှင့်ပြင်

    [ɹW̯ɪ̰ɴpɹɪ̀ɴ]
    ညီချေညာရေ မြီပြန့်ကျယ်
    ညီညာသော မြေပြန့်ကျယ်
    plain
    နာမ်

    ရွှင့်ပစ်

    [ɹW̯ɪ̰ɴpɪʔ]
    အရာ တပါးသို့ ရောက်ယောင် ပစ်ရေ
    အခြား တစ်ပါးသို့ ရောက်အောင် ပစ်သည်
    throw away - fling
    ကြိယာ

    ရွှင့်ထူ

    [ɹW̯ɪ̰ɴtʰù]
    တင်းခွန်အလံ စစွာကို တိုင်မာ ချည်ပြီးကေ စိုက်ထူရေ
    တံခွန်အလံ စသည်ကို တိုင်တွင် ချည်၍ စိုက်ထူသည်
    (of sails or flag) hoist
    ကြိယာ

    ရွှင့်တင်

    [ɹW̯ɪ̰ɴtɪ̀ɴ]
    တင်းခွန်အလံ စစွာကို အမြင့်မာ လှုပ်ယှားအောင် ပြုရေ
    တံခွန်အလံ စသည်ကို အမြင့်တွင် လှုပ်ရှားအောင် ပြုသည်
    (of a flag) hoist
    ကြိယာ

    ရွှင့်စဉ်

    [ɹW̯ɪ̰ɴsɪ̀ɴ]
    အရာ တပါးသို့ အဟုန်ပြင်းစွာ ရောက်ရေ
    အခြား တစ်ပါးသို့ အဟုန်ပြင်းစွာ ရောက်သည်
    be blown away - be thrown off (as in ကားပေါ်က~၍ကျ-) - be flung off
    ကြိယာ

    ရွှင့်

    [ɹW̯ɪ̰ɴ]
    ရွက်ကို လီတိုး ပင့်စီခြင်းနန့် ရီယာဉ်ကို ရွိစီရေ။ ရွက်ကြီးတင်ပနာ၊ ကြာမြင့်မနီ၊ ရွှင့်ကြလီသော် (ထွန်းတိ)။ ပင်လင်မြစ်ကြီး၊ သင်းဖိုးစီးပနာ ရွှင့်ပြီး ယူလားပါက (ဒေးဝန်း)။ တဆတ်ဆတ်ရွှင့် လတ်ခါ၊ မာန်အောင်မြို့မာ လျင်ဆော ဆိုက်ရောက်ကေ (ဗမာချီ)။ လေပြင်၌ ရွင့်
    ရွက်ကို လေတိုး ပင့်စေခြင်းဖြင့် ရေယာဉ်ကို ရွေ့လျားစေသည်။ ရွက်ကြီးတင်၍၊ ကြာမြင့်မနီ၊ ရွှင့်ကြလီသော် (ထွန်းတိ)။ ပင်လင်မြစ်ကြီး၊ သင်္ဘောစီး၍ ရွှင့်ပြီး ယူသွားပါက (ဒေးဝန်း)။ တဆတ်ဆတ်ရွှင့် လတ်ခါ၊ မာန်အောင်မြို့တွင် လျင်ဆော ဆိုက်ရောက်ပါက (ဗမာချီ)။ လေပြင်၌ လွင့်
    spread - disseminate - propagate - fling out fly (as in အလံ~- ) (of sails) hoist (as in ရွက်~-)
    ကြိယာ

    ရွှင်လန်း

    [ɹW̯ɪ̀ɴláɴ]
    လိုလား တောင့်တသည့် အတိုင်း ပြည့််စုံတွက်နန့် မျက်နှာသွင်ပြင် ကြိုင်လင် ချမ်းမြိ့ရေ။ စိတ်နန့် ဂရုတ်ဂယှုတ် ဖီးရန် ကင်းစင်ရေ။ စိတ်ပျော်ရွှင်လန်း၊ သဒ္ဓါပန်းနန့် လှူဒါန်းပါဧ့
    လိုလား တောင့်တသည့် အတိုင်း ပြည့််စုံသဖြင့် မျက်နှာသွင်ပြင် ကြည်လင် ချမ်းမြေ့သော။ စိတ်ဖြင့် အနှောင့်အယှက် ဘေးရန် ကင်းစင်သော။ စိတ်ပျော်ရွှင်လန်း၊ သဒ္ဓါပန်းဖြင့် လှူဒါန်းပါ၏
    feel fresh and cheerful
    နာမဝိသေသန

    ရွှင်ရွှင်ပြုံးပြုံး

    [ɹW̯ɪ̀ɴɹW̯ɪ̀ɴpɹóʊɴpɹóʊɴ]
    ကြီနူး နှစ်လို အားရစွာ
    ကြည်နူး နှစ်လို အားရစွာ
    cheerfully
    ကြိယာဝိသေသန