Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1–20 of 600 words

    ယွှိတ်ကနဲ၂

    [jW̯eɪʔknɛ၂]
    အလွန်တို တောင်းရေ အခိုက်အတန့် ကာလ ဖြစ်ရေ
    အလွန်တို တောင်းသော အခိုက်အတန့် ကာလ ဖြစ်သော
    provisional
    နာမဝိသေသန

    ယွှိတ်ကနဲ

    [jW̯eɪʔknɛ]
    အလွန် ကကောင်းလျင် တိုတောင်းစွာ
    အလွန် လျင်မြန် တိုတောင်းစွာ
    curtly
    ကြိယာဝိသေသန

    ယွှန်းကနဲ

    [jW̯áɴknɛ]
    ယွှန်းဟု အသံမြည်ရေ အချိန်အခိုက် အတန့်အတွင်း အယင့်ယင်
    ယွှန်းဟု အသံမြည်သော အချိန်အခိုက် အတန့်အတွင်း လျင်မြန်စွာ
    quickly
    ကြိယာဝိသေသန

    ယွှန်း၂

    [jW̯áɴ၂]
    ပိုလွန်ရေ။ လွန်ကဲရေ။ ထူးကဲရေ။ မောင်းမောင်လှ သူတိထက်စီ ယွှန်းလာခရေဗျာယ် (အရပ်)
    ပိုလွန်သည်။ လွန်ကဲသည်။ ထူးကဲသည်။ မောင်လှ သူများထက်စီ ယွှန်းလာခရေဗျာယ် (အရပ်)
    excess
    နာမ်

    ယွှန်း

    [jW̯áɴ]
    ထွန်းတောက်ရေ။ အရောင် ထွန်းလင်းသည်
    ထွန်းတောက်သည်။ အရောင် ထွန်းလင်းသည်
    light
    ကြိယာ

    ယွှတ်ကနဲ

    [jW̯aʔknɛ]
    ယွှတ်ဟု အသံမြည်ရေ အချိန် အခိုက်အတန့် အတွင်း အယင့်ယင်
    ယွှတ်ဟု အသံမြည်သော အချိန် အခိုက်အတန့် အတွင်း လျင်မြန်စွာ
    quickly
    ကြိယာဝိသေသန

    ယွှတ်

    [jW̯aʔ]
    ညဉ့် တိတ်ဆိတ်ရေအခါ ယွှတ်ဟု မြည်ရေအသံ
    ညဉ့် တိတ်ဆိတ်သည့်အခါ ယွှတ်ဟု မြည်သောအသံ
    fizzle sound
    နာမ်

    ယွှဲ၂

    [jW̯ɛ၂]
    စာငှက်ရို့ကို ပျံလားယောင် (ယွှဲဟု နှုတ်ကထွက်ပြီးကေ) မောင်းနှင်ရေ အသံ။ ကျီးရွှီဝါကို၊ နှင်ခလိုက်လီ၊ ယွှဲ-ယွှဲ (တေး)
    စာငှက်တို့ကို ပျံသွားအောင် (ယွှဲဟု နှုတ်မှထွက်၍) မောင်းနှင်သော အသံ။ ကျီးရွှီဝါကို၊ နှင်ခလိုက်လေ၊ ယွှဲ-ယွှဲ (တေး)
    fizzle sound
    နာမ်

    ယွှဲ

    [jW̯ɛ]
    ရေ သို့မဟုတ် အရည်တိစွာ စွတ်စိုရေ။ ၂၊ အသားအရီ အိတွဲရေ။ ဝတုတ်ရေ
    ရေ သို့မဟုတ် အရည်များစွာ စွတ်စိုသော။ ၂၊ အသားအရေ အိတွဲသော။ ဆူဖြိုးသော
    wet
    နာမဝိသေသန

    ယွှီးကနဲ

    [jW̯ïknɛ]
    တချက်ချေ အနီနန့်။ မမျှော်လင့်ပဲ အနီနန့်။ ငါ့နံပါးက ယမ်းဒေါင့်တလုံး ယွှီးကနဲ ပျံလားခရေ (အရပ်)။ (ယမ်းဒေါင့်၊ မြှားစူး အစဟိရေ ဖြတ်သန်းရာမာ မြည်ရေ အသံ။
    တခဏချင်း အားဖြင့်။ မမျှော်လင့်ပဲ အားဖြင့်။ ငါ့နံပါးက ကျည်ဆံတစ်လုံး ယွှီးကနဲ ပျံလားခရေ (အရပ်)။ (ကျည်ဆံ၊ မြှားစူး စသည် ဖြတ်သန်းရာတွင် မြည်သော အသံ။
    sudden sound
    နာမ်

    ယွှီး

    [jW̯ï]
    အဟုန်ပြင်းစွာ ဖြတ်သန်းရေ အရာဝတ္တုနန့် လေပွတ်တိုက်ပနာ အော်သံ
    အဟုန်ပြင်းစွာ ဖြတ်သန်းသော အရာဝတ္တုနှင့် လေပွတ်တိုက်၍ မြည်သံ
    fizzle sound
    နာမ်

    ယွှီ၂

    [jW̯í၂]
    လေပွတ် တိုက်ပနာ မြည်ရေ အသံ။ (လီချွန်သံ၊ ဝီစီမှုတ်သံ၊ မြွီတွန်သံ စသည်ရို့ကို ဖော်ပြရာမာ သုံးရေ။
    လေပွတ် တိုက်၍ မြည်သော အသံ။ (လေချွန်သံ၊ ဝီစီမှုတ်သံ၊ မြွေတွန်သံ စသည်တို့ကို ဖော်ပြရာတွင် သုံးသည်။
    fizzle sound
    နာမ်

    ယွှီ

    [jW̯í]
    အဝါရောင် ဝင်းလက်၍ အလီးချိန် စီးရေ အဖိုးတန် ဓာတ်သတ္တု တမျိုး။ ရွှီ။ ရွှီကို ခေါ်ရေ နာမည်
    အဝါရောင် ဝင်းလက်၍ အလေးချိန် စီးသော အဖိုးတန် ဓာတ်သတ္တု တစ်မျိုး။ ရွှေ။ ရွှေကို ခေါ်သော အမည်
    gold
    နာမ်

    ယှိုးထုတ်၂

    [ʃótʰoʊʔ၂]
    ဝင့်ဘန်းပြ ပလွှားမှု။ မိမိဂုဏ်ကို ပိုပြီးကေ ကဲမြင့်၍ အကွန်ဆောင်မှု
    ဝင့်ကြွား ပလွှားမှု။ မိမိဂုဏ်ကို ပိုမို ကဲမြင့်၍ ဟန်ဆောင်မှု
    show
    နာမ်

    ယှိုးထုတ်

    [ʃótʰoʊʔ]
    ၁၊ မိမိဂုဏ်ကို ဖော်ထုတ် ဝင့်ဝါရေ။ ဝင့်ဘန်းပြရေ။ ၂၊ ဖြီးလူးဝတ်စား ဆင်ယင်ရေ။ ကိုယ်ကို လှပအောင် ပြုပျင်သည်
    ၁၊ မိမိဂုဏ်ကို ဖော်ထုတ် ဝင့်ဝါသည်။ ဝင့်ကြွားသည်။ ၂၊ ဖြီးလိမ်းဝတ်စား ဆင်ယင်သည်။ ကိုယ်ကို လှပအောင် ပြုပြင်သည်
    be dressed up
    ကြိယာ

    ယှိုးကောင်း

    [ʃókáʊɴ]
    အမူအရာ ကောင်းရေ။ သရုပ်ဆောင် ရာမာ အမူအရာ ပီပြင်ရေ
    အမူအရာ ကောင်းသော။ သရုပ်ဆောင် ရာတွင် အမူအရာ ပီပြင်သော
    unctuously
    နာမဝိသေသန

    ယှိုး

    [ʃó]
    ဟန်ပန် အမူအရာ။ ပုံပန်းသဏ္ဍာန်။ တခုတရီရေ ပုံပန်း အနိန်အထား
    ဟန်ပန် အမူအရာ။ ပုံပန်းသဏ္ဍာန်။ တစ်စုံတစ်ခုသော ပုံပန်း အနေအထား
    bearing - show
    နာမ်

    ယှို့မီး

    [ʃo̰mï]
    ၁၊ အကြောင်းမဲ့ တလိတမန် လောင်အောင် ပြုရေ မီး။ ၂၊ လယ်ယာ စသည်ရို့မာ စပါးပင်ငုတ်၊ ပေါင်းမြက်၊ အပင်ငယ်၊ အစဟိရေ ရို့ကို ယှို့ဖြစ်ရေ မီး
    ၁၊ အကြောင်းမဲ့ တမင်သက်သက် လောင်အောင် ပြုသော မီး။ ၂၊ လယ်ယာ စသည်တို့တွင် ကောက်ပင်ငုတ်၊ ပေါင်းမြက်၊ သစ်ပင်ငယ်၊ စသည် တို့ကို ယှို့ဖြစ်သော မီး
    arson fire set alight to paddy field after harvest
    နာမ်

    ယှို့

    [ʃo̰]
    ၁၊ လောင်မြိုက်အောင် ပြုရေ။ ယာတောင်ထက်က၊ ယှို့မီးအရောင်၊ တပြောင်ပြောင်နန့် (ဂုတ္တိလ)
    ၁၊ လောင်မြိုက်အောင် ပြုသည်။ ယာတောင်ထက်က၊ ယှို့မီးအရောင်၊ တပြောင်ပြောင်နှင့် (ဂုတ္တိလ)
    burn - set fire - ignite - put the torch [fig.] incite (a quarrel)
    ကြိယာ

    ယှိမ်းငရုပ်

    [ʃéɪɴŋɹoʊʔ]
    အစပ်ကဲ၍ အသီးပခက်ချေ မိုးမျှော် သီးရေ ငရုပ် တမျိုး
    အစပ်ကဲ၍ အသီးလေး မိုးမျှော် သီးသော ငရုပ် တစ်မျိုး
    chilly
    နာမ်