Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1–20 of 2,515 words

    မြွှားကောင်

    [ɹW̯ákàʊɴ]
    ကျွဲ၊ နွား စစွာတိကို တွယ်ကပ်ပနာ အီးသွီးစုပ် တတ်ရေ ပိုးကောင်ချေတမျိုး
    ကျွဲ၊ နွား စသည်များကို တွယ်ကပ်၍ ကိုက်ခဲသွေးစုပ် တတ်သော ပိုးကောင်ငယ်တစ်မျိုး
    insect
    နာမ်

    မြွှား

    [ɹW̯á]
    တယောက်တလီအား သွီးကြွ စိတ်နိန်မြင့်အောင် ပြုမူပြောဆိုခြင်း။ သွီးမြောက်ယောင် ပြုခြင်း။ လရူးကိုမြွလီမြွလီ၊ မြွလီ မြွလီ (အရပ်)
    တစ်စုံတစ်ဦးအား သွေးကြွ စိတ်ကြီးဝင်အောင် ပြုမူပြောဆိုခြင်း။ သွေးမြောက်အောင် ပြုခြင်း။ အရူးကိုမြွလီမြွလီ၊ မြွလီ မြွလီ (အရပ်)
    incitement
    နာမ်

    မြွှာ

    [ɹW̯à]
    အစိတ်စိတ် ခွဲဖြာပနာ ထွက်ရေ
    အစိတ်စိတ် ခွဲဖြာ၍ ထွက်သည်
    diverge
    ကြိယာ

    မြွ

    [mWɹ]
    တယောက်တလီအား သွီးကြွ စိတ်ကြီး ဝင်အောင် ပြုမူပြောဆိုခြင်း။ သွီးမြောက်ယောင် ပြုခြင်း။ လရူးကို မြွလီမြွလီ၊ မြွလီ မြွလီ (အရပ်)
    တစ်စုံတစ်ဦးအား သွေးကြွ စိတ်ကြီး ဝင်အောင် ပြုမူပြောဆိုခြင်း။ သွေးမြောက်အောင် ပြုခြင်း။ အရူးကို မြွလီမြွလီ၊ မြွလီ မြွလီ (အရပ်)
    incitement
    နာမ်

    မြှုံး၂

    [mɹ̯óʊɴ၂]
    ငါးထောင်ဖို့အတွက် ဝါးတံတိနန့် ပြုလုပ်ထားရေ လမ်းဝသာဟိပြီး ပြန်ပနာ မထွက်နှိုင်ယောင် လျှာထည့်ထားရေ ပိုက်ချ ကိရိယာတမျိုး
    ငါးထောင်ရန်အတွက် ဝါးတံများဖြင့် ပြုလုပ်ထားသော ဝင်ပေါက်သာယှိပြီး ပြန်၍ မထွက်နိုင်အောင် လျှာထည့်ထားသည့် ငါးဖမ်း ကိရိယာတစ်မျိုး
    fishing tool
    နာမ်

    မြှုံး

    [mɹ̯óʊɴ]
    မြှုံးအမျိုးမျိုးကို ခြုံပြီးကေ ခေါ်ရေ စကား။ (မြှုံးဝမ်းပူ၊ မြှုံးပန်းကျား၊ မြှုံးပတ်မ အစဟိရေ။
    မြှုံးအမျိုးမျိုးကို ခြုံ၍ ခေါ်သော စကား။ (မြှုံးဝမ်းပူ၊ မြှုံးပန်းကျား၊ မြှုံးပတ်မ စသည်။
    fishing tool
    နာမ်

    မြှုံ

    [mɹ̯òʊɴ]
    ရီစရာဖြစ်ယောင် မခံချင်ဖြစ်ယောင် ပြောဆို ပြုမူရေ။ နောက်ပြောင်ရေ။ အရှုးကို အသိသားနန့်ပင် ဇာဖြစ်လို့ မြှုံနီကတ်တေ (အရပ်)
    ရယ်စရာဖြစ်အောင် မခံချင်ဖြစ်အောင် ပြောဆို ပြုမူသည်။ နောက်ပြောင်သည်။ အရှုးကို အသိသားနန့်ပင် ဇာဖြစ်လို့ မြှုံနီကတ်တေ (အရပ်)
    rally
    ကြိယာ

    မြုံဆန်၂

    [mɹÒʊɴsʰàɴ၂]
    အပျံ့အနှံ့ ထွက်ဝင် ယှာဖွီရေ။ အနှံ့ လှန်လှော် ယှာဖွီရေ။ ဗလဗွီသတ်အောင် ပြုရေ။ ဇာလဲဝေ အေသူ တယောက် အထဲဝင် အပြင်ထွက် ယင့်ကိုလှစ် ဒေကိုလှစ်နန့် အိမ်မာ မြုံအာဘောင်နီဆန်ရေကာ (အရပ်)
    အပျံ့အနှံ့ ထွက်ဝင် ရှာဖွေသည်။ အနှံ့ လှန်လှော် ရှာဖွေသည်။ ရှုပ်ထွေးအောင် ပြုသည်။ ဇာလဲဝေ အေသူ တစ်ယောက် အထဲဝင် အပြင်ထွက် ထိုကိုလှစ် ဒေကိုလှစ်နန့် အိမ်မှာ မြုံဆန်နီရေကာ (အရပ်)
    mix up
    နာမ်

    မြုံဆန်

    [mɹÒʊɴsʰàɴ]
    ၁၊ ဖို့ပြုရေ။ ငြိုငြင် ဆင်းရဲအောင် ပြုရေ။ မငြိမ်မသက်အောင် ပြုရေ။ ဇာလဲဝေ အေသူ တယောက် အိမ်မာ မငြိမ်မချမ်းအောင် မြုံအာဘောင်နီဆန်ရေ (အရပ်)
    ၁၊ ရန်ပြုသည်။ ငြိုငြင် ဆင်းရဲအောင် ပြုသည်။ မငြိမ်မသက်အောင် ပြုသည်။ ဇာလဲဝေ အေသူ တစ်ယောက် အိမ်မှာ မငြိမ်မချမ်းအောင် မြုံဆန်နီရေ (အရပ်)
    attacker
    နာမ်

    မြုံ၄

    [mɹÒʊɴ၄]
    ပျော်လိုရေ သဘောနန့် တဘက်သား မခံချင်ယောင် ပြောဆို ပြုမူရေ။ တွရေ။ ဇာလဲဝေ-အသျှေတိကို မြုံနီရေကာ (အရပ်)
    ပျော်လိုသော သဘောဖြင့် တဘက်သား မခံချင်အောင် ပြောဆို ပြုမူသည်။ ကျီစယ်သည်။ ဇာလဲဝေ-အသျှေတိကို မြုံနီရေကာ (အရပ်)
    rally
    ကြိယာ

    မြုံ၃

    [mɹÒʊɴ၃]
    ရီစရာ ဖြစ်ယောင် မခံချင်ဖြစ်ယောင် ပြောဆို ပြုမူရေ။ နောက်ပြောင်ရေ။ အရှုးကို အသိသားနန့်ပင် ဇာဖြစ်လို့ မြုံနီကတ်တေ (အရပ်)
    ရယ်စရာ ဖြစ်အောင် မခံချင်ဖြစ်အောင် ပြောဆို ပြုမူသည်။ နောက်ပြောင်သည်။ အရှုးကို အသိသားနန့်ပင် ဇာဖြစ်လို့ မြုံနီကတ်တေ (အရပ်)
    rally
    ကြိယာ

    မြုံ၂

    [mɹÒʊɴ၂]
    ရီတိ မငြိမ်မသက်အောင် လှုပ်ရွစီရေ။ မတည်ငြိမ်ယောင် ပြုရေ။ အေ-အိုင်က ရီကို မြုံထုတ်ပြီး ငါးတိပေါ်လှာဖို့ (အရပ်)
    ရေများ မငြိမ်မသက်အောင် လှုပ်ရွစေသည်။ မတည်ငြိမ်အောင် ပြုသည်။ အေ-အိုင်က ရီကို မြုံထုတ်ပြီး ငါးတိပေါ်လာဖို့ (အရပ်)
    stir
    ကြိယာ

    မြုံ

    [mɹÒʊɴ]
    ကျွဲသည် ရွံ့ညွန်ရီအိုင်မာ လှဲ ပွတ်တိုက်လူး၍ တိုးဝင် ပျော်ပါးရေအခါ ရွံ့ညွန်ရီတိ လှုပ်ယှားနီရေ၏ အဖြစ်။ ငါးကဇာဖို့ ပေါ်ရေရုံ၊ ကျွဲမြုံလို့ ပေါ်ပါရေ၊ ကျွဲက ဇာဖို့မြုံ၊ ရေရုံဖြုတ်ဆိတ်ကေ ကိုက်လို့မြုံပါရေ၊ (တေး)
    ကျွဲသည် ရွံ့ညွန်ရေအိုင်တွင် လဲလျောင်း ပွတ်တိုက်လူး၍ တိုးဝင် ပျော်ပါးသည့်အခါ ရွံ့ညွန်ရေများ လှုပ်ရှားနေသည်၏ အဖြစ်။ ငါးကဇာဖို့ ပေါ်ရေရုံ၊ ကျွဲမြုံလို့ ပေါ်ပါရေ၊ ကျွဲက ဇာဖို့မြုံ၊ ရေရုံဖြုတ်ဆိတ်ကေ ကိုက်လို့မြုံပါရေ၊ (တေး)
    move
    ကြိယာ

    မြှောင်း၂

    [mɹ̯áʊɴ၂]
    အစိတ်စိတ် ဖြစ်ယောင် ဒါးစသည်အနိန်နန့် လှီးရေ။ အမြှောင်းမြောင်း ဖြစ်ယောင် လှီးသည်
    အစိတ်စိတ် ဖြစ်အောင် ဒါးစသည်ဖြင့် လှီးသည်။ အမြှောင်းမြောင်း ဖြစ်အောင် လှီးသည်
    cut
    နာမ်

    မြှောင်း

    [mɹ̯áʊɴ]
    သစ်သီး အစဟိရေ၏ ရှည်သွယ်ရေ အစိတ်အမြွှာ။ အေးဖရဲသီးကို ဒါးနန့်ငါးမြောင်း မြှောင့် (အရပ်)
    သစ်သီး စသည်၏ ရှည်သွယ်သော အစိတ်အမြွှာ။ အေးဖရဲသီးကို ဒါးနန့်ငါးမြောင်း မြှောင့် (အရပ်)
    act of splitting
    နာမ်

    မြှောင့်

    [mɹ̯a̰ʊɴ]
    သစ်သီး အစဟိရေ၏ ရှည်သွယ်ရေ အစိတ်အမြွှာ။ အေးဖရဲသီးကို ဒါးနန့်ငါးမြောင်း မြှောင့် (အရပ်)
    သစ်သီး စသည်၏ ရှည်သွယ်သော အစိတ်အမြွှာ။ အေးဖရဲသီးကို ဒါးနန့်ငါးမြောင်း မြှောင့် (အရပ်)
    act of splitting
    နာမ်

    မြှောက်လုံးပင့်ကော်

    [mɹ̯ɔ́ɛʔlóʊɴpɪ̀ɴ့kɔ̀]
    မြှောက်ပင့် ပြောဆိုချက်။ မြှောက်ပင့် စကား
    မြှောက်ပင့် ပြောဆိုချက်။ မြှောက်ပင့် စကား
    cajolery
    နာမ်

    မြှောက်ပီး

    [mɹ̯ɔ́ɛʔpï]
    တယောက်တလီအား သွီးကြွ စိတ်ကြီး ဝင်အောင် ပြုမူပြောဆိုရေ။ သွီးနကျီ ရောက်ယောင် ပြုရေ
    တစ်စုံတစ်ယောက်အား သွေးကြွ စိတ်ကြီး ဝင်အောင် ပြုမူပြောဆိုသည်။ သွေးနားထင် ရောက်အောင် ပြုသည်
    instigation
    နာမ်

    မြှောက်ပီမြှောက်ပင့်

    [mɹ̯ɔ́ɛʔpímɹ̯ɔ́ɛʔpɪ̰ɴ]
    ချေပ ပြောဆိုရေ။ စိတ်ကျီနပ် တတက်ကကြွအောင် ပြုရေ။ ပကတိ အဂေါင့်ထက် ကဲ၍ တင်စား ချီးကျူးသည်
    ချေပ ပြောဆိုသည်။ စိတ်ကျေနပ် တက်ကြွအောင် ပြုသည်။ ပကတိ အမှန်ထက် ကဲ၍ တင်စား ချီးကျူးသည်
    praise
    ကြိယာဝိသေသန

    မြှောက်တုံချီချ

    [mɹ̯ɔ́ɛʔtòʊɴɕíɕ]
    စိတ်မတင်မကျ ဖြစ်တေ။ ဇာလဲဝေး အေ အထုပ်တထုပ်ကို မြှောက်တုံချီချ လုပ်နီရေ၊ စိတ်မချရလို့လား (အရပ်)
    စိတ်မတင်မကျ ဖြစ်သည်။ ဇာလဲဝေး အေ အထုပ်တစ်ထုပ်ကို မြှောက်တုံချီချ လုပ်နီရေ၊ စိတ်မချရလို့လား (အရပ်)
    In limbo - in a noncommittal way
    ကြိယာဝိသေသန