Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1–20 of 507 words

    ဗြွတ်ယွီဗြွတ်ယွတ်

    [bWɹaʔjwíbWɹaʔjwaʔ]
    (တခုတရီ အဆောက်အအုံ) ပြိုပျက် လဲပြို ယီးယင်ထိုးဗျာယ် နေရေတွက်နန့်
    (တစ်စုံတစ်ခု အဆောက်အအုံ) ပြိုပျက် လဲပြို ယိမ်းယိုင်လျက် နေသောအားဖြင့်
    same as
    ကြိယာဝိသေသန

    ဗြွတ်တက်

    [bWɹaʔtɛʔ]
    ကြွီငါးလုံးကို မြှောက်ချပြီး တလုံးကို ကောက်ပြီးကေ မြှောက်၊ လက်နန့်ဖမ်း၊ နှလုံးကို မြှောက်၊ တလုံးကိုကောက်၊ လက်နန့်ဖမ်း စသည်အနိန်နန့် ငါးလုံးကုန်ရောင်ထိ မြှောက်တွက် လက်နန့်ဖမ်း၍ ကဇပ် နည်းတမျိုး
    ကြွေငါးလုံးကို မြှောက်ချပြီး တစ်လုံးကို ကောက်၍ မြှောက်၊ လက်ဖြင့်ဖမ်း၊ နှလုံးကို မြှောက်၊ တစ်လုံးကိုကောက်၊ လက်ဖြင့်ဖမ်း စသည်ဖြင့် ငါးလုံးကုန်အောင်ထိ မြှောက်၍ လက်ဖြင့်ဖမ်း၍ ကစား နည်းတစ်မျိုး
    play a game with small stones
    နာမ်

    ဗြွတ်ကေ

    [bWɹaʔkè]
    ကြွီငါးလုံးကို မြှောက်ချပြီး တလုံးကို ကောက်ပြီးကေ မြှောက်၊ လက်နန့်ဖမ်း၊ နှလုံးကို မြှောက်၊ တလုံးကိုကောက်၊ လက်နန့်ဖမ်း စသည်အနိန်နန့် ငါးလုံးကုန်ရောင်ထိ မြှောက်တွက် လက်နန့်ဖမ်း၍ ကဇပ် နည်းတမျိုး
    ကြွေငါးလုံးကို မြှောက်ချပြီး တစ်လုံးကို ကောက်၍ မြှောက်၊ လက်ဖြင့်ဖမ်း၊ နှလုံးကို မြှောက်၊ တစ်လုံးကိုကောက်၊ လက်ဖြင့်ဖမ်း စသည်ဖြင့် ငါးလုံးကုန်အောင်ထိ မြှောက်၍ လက်ဖြင့်ဖမ်း၍ ကစား နည်းတစ်မျိုး
    play a game with small stones
    နာမ်

    ဗြွင်းဗြွင်းဆူ

    [bWɹɪ́ɴbWɹɪ́ɴsʰù]
    အပူရှိန်အတွက်နန့် ရေ သို့မဟုတ် အရည် အစဟိရေ ဗလုံးထိုးရေ။ ၂၊ ကျွတ်ကျွတ်ဆူ။ မငြိမ်မသက် ဆူပူ လှုပ်ယှားသည်
    အပူရှိန်ကြောင့် ရေ သို့မဟုတ် အရည် စသည် ဗလုံးထိုးသည်။ ၂၊ ဆူညံသည်။ မငြိမ်မသက် ဆူပူ လှုပ်ရှားသည်
    noise
    ကြိယာ

    ဗြွက်လွက်ရိုက်

    [bWɹɛʔlwɛʔɹaɪʔ]
    စီညံ ပြွက်ပြွက်ဆူ လှုပ်ယှားသည်
    စီညံ ဆူပွက် လှုပ်ရှားသည်
    noise
    ကြိယာ

    ဗြွက်ဗြွက်ရိုက်

    [bWɹɛʔbWɹɛʔɹaɪʔ]
    ပတ်ဝန်းကျင်သို့ ဂယက်ရိုက်ခတ်၍ ဆူကြွရေ။ ၂၊ ကျွတ်ကျွတ်ဆူ
    ပတ်ဝန်းကျင်သို့ ဂယက်ရိုက်ခတ်၍ ဆူကြွသည်။ ၂၊ ဆူညံသည်
    noise
    ကြိယာ

    ဗြိယီဗြွဲယွတ်

    [bɹìjíbWɹɛjwaʔ]
    ဖြစ်တေ ဆိုနှိုင်လှောက်ရုံရာ ဟိရေအရာ။ အဖြစ်အနေ ပီသ ပြည့်စုံ အရာတွင်ခြင်း မဟိရေ အဖြစ်အနေ ပီသ ပြည့်စုံ အရာတွင်ခြင်း မဟိသိမ့်ရေ အရာ။ သပ်ရပ် သေချာခြင်း မဟိရေ အရာ
    ဖြစ်သည် ဆိုနိုင်ရုံမျှသာ ယှိသောအရာ။ အဖြစ်အနေ ပီသ ပြည့်စုံ ပြီးမြောက်ခြင်း မယှိသော အဖြစ်အနေ ပီသ ပြည့်စုံ ပြီးမြောက်ခြင်း မယှိသေးသော အရာ။ သပ်ရပ် သေချာခြင်း မယှိသော အရာ
    incomplete
    နာမ်

    ဗွိုင်ယာ

    [bwàɪɴjà]
    ပေါ့ပါးလွန်းရေ စကား၊ မမှန်ရေ စကားရို့ကို ရွှန်းဝေအောင် ပြောရေ
    ပေါ့ပါးလွန်းသော စကား၊ မမှန်သော စကားတို့ကို ရွှန်းဝေအောင် ပြောသည်
    lie
    ကြိယာ

    ဗိုင်ယာ

    [bàɪɴjà]
    (ဥပစာ) လီးနက်သော အသိပညာမဟိပဲ ရပေါ်ဆီမျှ တတ်မြောက်သူ။ အဂယင့်အရည် အချင်းမဟိပဲ အကွန်ဆောင် ဝင့်ဝါသူ။ အပြော အပြ အနီနန့် အထင်ကြီးအောင် လုပ်တတ်သူ
    (ဥပစာ) လေးနက်သော အသိပညာမယှိပဲ အပေါ်ယံမျှ တတ်မြောက်သူ။ တကယ့်အရည် အချင်းမယှိပဲ ဟန်ဆောင် ဝင့်ဝါသူ။ အပြော အပြ အားဖြင့် အထင်ကြီးအောင် လုပ်တတ်သူ
    pretender
    နာမ်

    ဗွင်းဗွင်းဆူ

    [bwɪ́ɴbwɪ́ɴsʰù]
    အပူရှိန်အတွက်နန့် ရေ သို့မဟုတ် အရည် အစဟိရေ ဗလုံးထိုးရေ။ ကျိုက်ကျိုက် ဆူရေ
    အပူရှိန်ကြောင့် ရေ သို့မဟုတ် အရည် စသည် ဗလုံးထိုးသည်။ ကျိုက်ကျိုက် ဆူသည်
    boil
    ကြိယာ

    ဗွင်းဗွင်းကြီး

    [bwɪ́ɴbwɪ́ɴt͡ɕï]
    ပွင့်လင်း ထင်ယှားစွာ
    ပွင့်လင်း ထင်ရှားစွာ
    be frank
    ကြိယာဝိသေသန

    ဗွက်ဗွက်ဆူ

    [bwɛʔbwɛʔsʰù]
    မီးအပူရှိန် ပြင်းတွက်နန့် ထမင်းအိုး၊ ရီပူအိုး အစဟိရေ ဗလုံးထိုးရေ။ ကျိုက်ကျိုက် ဆူရေ
    မီးအပူရှိန် ပြင်းသဖြင့် ထမင်းအိုး၊ ရေပူအိုး စသည် ဗလုံးထိုးသည်။ ကျိုက်ကျိုက် ဆူသည်
    boil
    ကြိယာ

    ဗွက်ထ

    [bwɛʔtʰ]
    ရွံ့ဗွက် ဖြစ်တေ
    ရွံ့ဗွက် ဖြစ်သည်
    muddy
    ကြိယာ

    ဗွက်

    [bwɛʔ]
    နူးမွ ပျောင်းညက် နီရေ ရေဝင်မြီပျော့
    နူးမွ ပျောင်းညက် နေသော ရေဝင်မြေပျော့
    mud
    နာမ်

    ဗွေလောက်ဦး

    [bwèlɔ́ɛʔʔú]
    သူတထူးအထက်မာ အနိုင်ယူကာ စိုးမိုးရေ။ ၂၊ လဘောစု အဖွဲ့မာ ဦးဆောင် ဦးညွတ်ပြုရေ
    သူတထူးအပေါ်တွင် အနိုင်ယူကာ စိုးမိုးသည်။ ၂၊ လူအစု အဖွဲ့တွင် ဦးဆောင် ဦးညွတ်ပြုသည်
    lead
    နာမ်

    ဗွေလု

    [bwèloʊ]
    ကဇပ်ရာမာ ပထမအလှည့် ရွိးရေ
    ကစားရာတွင် ပထမအလှည့် ရွေးသည်
    choose first
    ကြိယာ

    ဗွေချာလှည်

    [bwèɕàɬɛ̀]
    တစုံတရာကို ခရုပတ် ရစ်ခွေ စီထားရေ။ ဗဟိုချက်ကို အခြီပြု၍ လှည့်ပတ် စီထားရေ
    တစ်စုံတရာကို ခရုပတ် ရစ်ခွေ စီထားသည်။ ဗဟိုချက်ကို အခြေပြု၍ လှည့်ပတ် စီထားသည်
    spiral
    ကြိယာ

    ဗွေ

    [bwè]
    လူစုလူဖွဲ့မာ ကြီးကဲဦးဆောင်သူ။ ၂၊ တပ်စု တပ်မှူး ငါးယောက်အထက်မာ ကွပ်ကဲ ရရေ စစ်မှူးထမ်း။ ကဇပ်ရာမာ ပထမ လှည့်ကျသူ။ ပထမ အလှည့်အဖန်
    လူစုလူဖွဲ့တွင် ကြီးကဲဦးဆောင်သူ။ ၂၊ တပ်စု တပ်မှူး ငါးယောက်အပေါ်တွင် ကွပ်ကဲ ရသော စစ်မှူးထမ်း။ ကစားရာတွင် ပထမ လှည့်ကျသူ။ ပထမ အလှည့်အကြိမ်
    leader
    နာမ်

    ဗွီလှည့်ထောင်

    [bwíɬɛ့̀tʰàʊɴ]
    ကောက်လှိုင်းတိကို အသီးဖျားအထက်၊ ကောက်အုံရင်းအောက် ထားကာ လှည့်ပတ် စီထောင်သည်
    ကောက်လှိုင်းများကို အသီးဖျားအထက်၊ ကောက်အုံရင်းအောက် ထားကာ လှည့်ပတ် စီထောင်သည်
    arrange
    နာမ်

    ဗွီယူ

    [bwíjù]
    သည်းမခံနိုင်တွက်နန့် အပြစ် ဟိသည်၏ အဖြစ်ဟု မှတ်ယူ သဖောထားရေ။ အပြောအဆိုကို အဓိပ္ပါယ် အကောက်ကိုင်၍ အပြစ် ယှာရေ
    သည်းမခံနိုင်သဖြင့် အပြစ် ယှိသည်၏ အဖြစ်ဟု မှတ်ယူ သဘောထားသည်။ အပြောအဆိုကို အဓိပ္ပါယ် တလွဲကောက်၍ အပြစ် ရှာသည်
    take offence
    ကြိယာ