Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1–20 of 1,758 words

    နဝိ

    [nwì]
    အသားအရီ လျော့ပါး ကျုံ့ယုံ့ရေ။
    အသားအရေ လျော့ပါး ကျုံ့ယုံ့သော။
    wrinkled / complicated
    နာမဝိသေသန

    နွမ်ချိ

    [nwàɴɕì]
    ဆင်းရဲ ပင်ပန်းရေ။ ဆင်းရံနွှမ်ချိ၊ ဖြစ်ဘိအလား (ရှီးထုံး)
    ဆင်းရဲ ပင်ပန်းသော။ ဆင်းရံနွှမ်ချိ၊ ဖြစ်ဘိအလား (ရှေးထုံး)
    fade
    နာမဝိသေသန

    နွှမ်း

    [nW̯áɴ]
    ၁၊ ညိုးမှိန်ရေ။ အဝတ်ကို နွှမ်းအောင် နွမ်းသည်
    ၁၊ ညိုးမှိန်သော။ အဝတ်ကို နွှမ်းအောင် နွမ်းသည်
    fade
    နာမဝိသေသန

    နွှံနှိမ်

    [nW̯ံn̥èɪɴ]
    နှိုင်ယောင် လုပ်ရေ။ နှိမ်နင်းသည်
    နိုင်အောင် လုပ်သည်။ နှိမ်နင်းသည်
    stamp
    ကြိယာ

    နွှဲဝ

    [nW̯ɛw]
    နံတံ၏ အနား ကော့လန်သည့် အော်လန်၏ ထိပ်ပို်င်း
    နံတံ၏ အနား ကော့လန်သည့် အော်လန်၏ ထိပ်ပို်င်း
    oboe’s mouth
    နာမ်

    နွှဲသီး

    [nW̯ɛθï]
    ထန်းရွက်ကို လှီးလို့ တံပွတ် တံမာ ချည်ပြီးကေ နှဲမာ တပ်ကာ လေနန့် မှုတ်ရရေ နှဲ၏ အစိတ်အပိုင်း။ နှဲခင်
    ထန်းရွက်ကို လှီး၍ တံပွတ် တံတွင် ချည်ပြီးလျှင် နှဲတွင် တပ်ကာ လေဖြင့် မှုတ်ရသော နှဲ၏ အစိတ်အပိုင်း။ နှဲခင်
    oboe
    နာမ်

    နွှဲတံ

    [nW̯ɛtံ]
    ပိတောက်နှစ်၊ ရှားနှစ်၊ ပြိုင်းသား စစွာတိနန့် လုပ်ထားရေ နှဲဝရီယာ၏ အလယ်ပိုင်း ပြောင်းလုံး။ နှဲတံ
    ပိတောက်နှစ်၊ ရှားနှစ်၊ ပျဉ်းကတိုးသား စသည်တို့ဖြင့် လုပ်ထားသော နှဲတူရိယာ၏ အလယ်ပိုင်း ပြောင်းလုံး။ နှဲတံ
    oboe
    နာမ်

    နွှဲစက်

    [nW̯ɛsɛʔ]
    နှဲ ဝရီယာမာ နှုတ်ခမ်း အပြင်သားနန့် ကပ်ပနာ တပ်ထားရေ ချပ်ပြား ဝိုင်း။ ဓါးနှော
    နှဲ တူရိယာတွင် နှုတ်ခမ်း အပြင်သားနှင့် ကပ်၍ တပ်ထားသော ချပ်ပြား ဝိုင်း။ ဓါးနှော
    none
    နာမ်

    နွှဲ၂

    [nW̯ɛ၂]
    မြွီ၊ ဘဟပ်၊ ကလန့် စသည့် သတ္တဝါတိ အရေခွံ အသစ် ပြောင်းရေ။ အရေလဲရေ
    မြွေ၊ ပိုးဟပ်၊ ဂဏန်းကောင် စသည့် သတ္တဝါများ အရေခွံ အသစ် ပြောင်းသည်။ အရေလဲသည်
    shed of slough off skin
    ကြိယာ

    နွှဲ

    [nW̯ɛ]
    အခင်၊ အတံ၊ အော်လန်ရို့နန့် လုပ်ထားရေ လီမှုတ် ဝရီယာ။ နှဲ
    အခင်၊ အတံ၊ အော်လန်တို့ဖြင့် လုပ်ထားသော လေမှုတ် တူရိယာ။ နှဲ
    oboe
    နာမ်

    နွှီး(နွေး)

    [nW̯ï(nwé)]
    ၁၊ နွှာရေ။ နွင်ရေ။ သင်ရေ။ အခွံ၊ အရေခွံ စစွာကို ခွာရေ။ ဘင်ဂလီ၊ ပုဇွန်၊ အခွံမနွီး၊ စျီးလောင်ပွန်းမာ၊ တင်လို့ဟိ (တေး)။ ဒေသူနှစ်ပါး၊ ငါ့ကိုထားပနာ၊ နွားပင်မသီ၊ အရီနွှီးသို့ (မဟော်)
    ၁၊ နွှာသည်။ နွင်သည်။ သင်သည်။ အခွံ၊ အရေခွံ စသည်ကို ခွာသည်။ ကုလား၊ ပုဇွန်၊ အခွံမနွီး၊ စျီးလောင်ပွန်းမှာ၊ တင်လို့ဟိ (တေး)။ ဤသူနှစ်ပါး၊ ငါ့ကိုထား၍၊ နွားပင်မသီ၊ အရီနွှီးသို့ (မဟော်)
    peel
    ကြိယာ

    နှိုးဆွ့

    [n̥ósʰw့]
    ငြိမ်သက်ရာက လှုပ်ယှား လာယောင် ပြုလုပ်ရေ
    ငြိမ်သက်ရာမှ လှုပ်ရှား လာအောင် ပြုလုပ်သည်
    agitate
    ကြိယာ

    နှိုးဆော်စာ

    [n̥ósʰɔ̀sà]
    တစုံ တခု ပြုလုပ်ဖို့ အတွက် သတိပီး မြှောက်ပင့်ပီးစာ
    တစ်စုံ တစ်ခု ပြုလုပ်ရန် အတွက် သတိပေး လှုံ့ဆော်စာ
    reminder-notice
    နာမ်

    နှိုးဆော်၂

    [n̥ósʰɔ̀၂]
    မမိမလျော့ သတိကတ်မေ လုပ်ရေ
    မမေ့မလျော့ သတိရအောင် လုပ်သည်
    urge-remind
    ကြိယာ

    နှိုးဆော်

    [n̥ósʰɔ̀]
    ၁၊ တိုက်တွန်း စေခိုင်းရေ။ အမှု ကိစ္စ တခုကို လုပ်ဆောင်ဖို့ ညွှန်ကြားရေ။ ၂၊ (ကြက်၊ ဒေါင်း စသည်ရို့) ကြွီးကြော်သံ ပြုရေ။ တွန်ရေ။ သစ်ကိုင်းထက်က၊ တောကြက်တွမ်ကာ၊ ကောက်ကရော်ဟု
    ၁၊ တိုက်တွန်း စေခိုင်းသည်။ အမှု ကိစ္စ တစ်ခုကို လုပ်ဆောင်ရန် ညွှန်ကြားသည်။ ၂၊ (ကြက်၊ ဒေါင်း စသည်တို့) ကြွေးကြော်သံ ပြုသည်။ တွန်သည်။ သစ်ကိုင်းထက်က၊ တောကြက်တွန်ကာ၊ ကောက်ကရော်ဟု
    urge-remind
    ကြိယာ

    နှိုး

    [n̥ó]
    ၁၊ အိပ်ပျော် နီသူအား နိုးထ စီရေ။ ၂၊ စည်၊ စောင်း၊ ပတ်သာ ဝရီယာ ရို့ကို (တပြိုင်တည်း) တီးခတ်ရေ။ သံသာစလောင်းခွင်း၊ ခရုသင်းသည်၊ ဒုံမင်းထမ်းပိုး၊ သံပြိုင်နှိုးဗျာယ် (ရက္ခိုင်ကာ)။ ၃၊ ဂါထာ၊ မန္ဒရားကို တန်ခိုး အာနိသင် ဟိအောင် ရွတ်ဆိုရေ။ ၄၊ ငြိမ်သက် နီစွာကို အုံးထအောင်
    ၁၊ အိပ်ပျော် နေသူအား နိုးထ စေသည်။ ၂၊ စည်၊ စောင်း၊ ပတ်သာ တူရိယာ တို့ကို (တပြိုင်နက်) တီးခတ်သည်။ သံသာခွက်ခွင်း၊ ခရုသင်းသည်၊ ဒုံမင်းတံပိုး၊ သံပြိုင်နှိုးလျက် (ရခိုင်ကာ)။ ၃၊ ဂါထာ၊ မန္တာန်ကို တန်ခိုး အာနိသင် ရှိအောင် ရွတ်ဆိုသည်။ ၄၊ ငြိမ်သက် နေသည်ကို ထကြွအောင်
    wake
    ကြိယာ

    နှုန်းဖွဲ့

    [n̥óʊɴpʰwé]
    ဖွဲ့နွဲ့ ရီးသား စပ်ဆိုရေ
    ဖွဲ့နွဲ့ ရေးသား စပ်ဆိုသည်
    compose
    ကြိယာ

    နှုန်းပြု

    [n̥óʊɴpɹoʊ]
    ၁၊ အရွီအတွက် အစဟိရေ တပြီီးညီ သတ်မှတ်ချက်။ ၂၊ သတ်မှတ် ထားရေအတိုင်း ပီးရရေ အခ ကြေးငွီ။ (ဈီးနှုန်း သတ်မှတ် ထားချက်)
    ၁၊ အရေအတွက် စသည် တစ်ပြေးညီ သတ်မှတ်ချက်။ ၂၊ သတ်မှတ် ထားသည့်အတိုင်း ပေးရသော အခ ကြေးငွေ။ (ဈေးနှုန်း သတ်မှတ် ထားချက်)
    rate
    နာမ်

    နှုန်း၄

    [n̥óʊɴ၄]
    အရွီအတွက်၊ ပမဏ၊ တပြီီးညီ သတ်မှတ် ထားချက်
    အရေအတွက်၊ ပမဏ၊ တစ်ပြေးညီ သတ်မှတ် ထားချက်
    rate
    နာမ်

    နှုန်း၃

    [n̥óʊɴ၃]
    ၁၊ နိူင်းဖက် နှိုင်းနိူင်းရေ။ ခိုင်းနှိုင်းရေ။ ၂၊ နိူင်းဖက် ပြိုင်ဆိုင်ရေ။ ယင့်သူ့ကို မြင်ကေ၊ ငါရာနှုန်းကေ၊ မဆုံးလို့လေ (ပဒ)။ ရာမ ဘုန်းကို၊ မနှုန်းသာက (ရာမ)
    ၁၊ ယှဉ်ဖက် နှိုင်းယှဉ်သည်။ ခိုင်းနှိုင်းသည်။ ၂၊ ယှဉ်ဖက် ပြိုင်ဆိုင်သည်။ သူ့ကို မြင်သော်၊ ငါလျှင်နှုန်းကေ၊ မဆုံးလို့လေ (ပဒ)။ ရာမ ဘုန်းကို၊ မနှုန်းသာက (ရာမ)
    compare
    ကြိယာ