Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1–20 of 781 words

    ထူးခြားစာမွန်

    [tʰùးkʰɹásàmʊ̀ɴ]
    မင်းပွဲ၊ ဖရားပွဲ၊ မင်္ဂလာပွဲ စသည်ရို့မာ ထူးထူးခြားခြား အမြတ်ထားရာ နီရာကို ကာရံလေ့ဟိသည့် ဒေါင့်ချွန်း နှစ်ဖက်ပါဝင်ရေ အနားလီးဖက်ဟိ ချွန်းကွက် ပုံစံ ရက်ထားရေ နှီးဝါးအကာ။ ထူးခြားစာမွတ်၊ ဝန်းရံကာကေ၊ ရာဇမတ်နန့်၊ လျောက်ပတ်မင်္ဂလာ (ဝိဇယ)။ အခိုင်အဝက်၊ ရာဇ
    မင်းပွဲ၊ ဘုရားပွဲ၊ မင်္ဂလာပွဲ စသည်တို့တွင် ထူးထူးခြားခြား အမြတ်ထားရာ နေရာကို ကာရံလေ့ယှိသည့် ထောင့်ချွန်း နှစ်ဖက်ပါဝင်သော အနားလေးဖက်ယှိ ချွန်းကွက် ပုံစံ ရက်ထားသော နှီးဝါးအကာ။ ထူးခြားစာမွတ်၊ ဝန်းရံကာကေ၊ ရာဇမတ်ဖြင့်၊ လျောက်ပတ်မင်္ဂလာ (ဝိဇယ)။ အခိုင်အရွက်၊ ရာဇ
    lattice fence (usually of bamboo) erected around places at pagoda festivals or on the sides of roads along which important persons are to pass
    နာမ်

    ထွိတ်ထွိတ်

    [tʰweɪʔtʰweɪʔ]
    ဒေါသနန့် ကျကျယ်လလောင်နန့် ပြစ်တင် ပြောဆို ငေါက်ငမ်း ကြိမ်းမောင်းရာမာ လည်းကောင်း၊ ထွက်ခွာ လားလီဖို့ နှင်ထုတ်ရာမာ လည်းကောင်း၊ ကြိယာကို အစထားပနာ သုံးရေ အာမေဋိတ် စကားလုံး
    ဒေါသဖြင့် ကျယ်လောင်စွာ ပြစ်တင် ပြောဆို ငေါက်ငမ်း ကြိမ်းမောင်းရာ၌ လည်းကောင်း၊ ထွက်ခွာ သွားစေရန် နှင်ထုတ်ရာ၌ လည်းကောင်း၊ ကြိယာကို အစထား၍ သုံးသော အာမေဋိတ် စကားလုံး
    none
    နာမ်

    ထွိတ်

    [tʰweɪʔ]
    မိမိ စိတ်ထဲမာ နှစ်သက်မှု မဟိရာ၌ လည်းကောင်း၊ တစုံ တရာကို လက်မခံလိုရာမာ လည်းကောင်း၊ ငြင်းပယ်ရာမာ လည်းကောင်း၊ ဖယ်ယှား လိုရာမာ လည်းကောင်း ကြိယာကို အစထားပနာ သုံးရေ စကားလုံး
    မိမိ စိတ်ထဲတွင် နှစ်သက်မှု မရှိရာ၌ လည်းကောင်း၊ တစ်စုံ တစ်ရာကို လက်မခံလိုရာ၌ လည်းကောင်း၊ ငြင်းပယ်ရာ၌ လည်းကောင်း၊ ဖယ်ရှား လိုရာ၌ လည်းကောင်း ကြိယာကို အစထား၍ သုံးသော စကားလုံး
    none
    ပစ္စည်း

    ထွန်းလင်း

    [tʰʊ́ɴlɪ́ɴ]
    အရောင် (သိသာ မြင်သာယောင်) ပေါ်လွင် ထွက်ပေါ် လာရေ
    အရောင် (သိသာ မြင်သာအောင်) ပေါ်လွင် ထွက်ပေါ် လာသည်
    shine
    ကြိယာ

    ထွန်းပြောင်

    [tʰʊ́ɴpɹàʊɴ]
    အရောင် ပြောင်လက်ရေ။ ကြင်းလင်းသည်
    အရောင် ပြောင်လက်သည်။ ထိန်လင်းသည်
    shine
    ကြိယာ

    ထွန်းပြ

    [tʰʊ́ɴpɹ]
    (ပုဒ်၊ ဝါကျ၊ စကားလုံး စသည်ရို့၏ အဓိပ္ပါယ်ကို) ထင်ယှား သိမြင်ယောင် ဖော်ပြရေ
    (ပုဒ်၊ ဝါကျ၊ စကားလုံး စသည်တို့၏ အဓိပ္ပါယ်ကို) ထင်ရှား သိမြင်အောင် ဖော်ပြသည်
    state
    ကြိယာ

    ထွန်းပေါ်

    [tʰʊ́ɴpɔ̀]
    ထင်သာ မြင်သာယောင် ပေါ်လွင်သည်
    ထင်သာ မြင်သာအောင် ပေါ်လွင်သည်
    emerge
    ကြိယာ

    ထွန်းပ

    [tʰʊ́ɴp]
    အရောင် ပြောင်လင်းသည်
    အရောင် ပြောင်လင်းသည်
    light
    ကြိယာ

    ထွန်းတောက်

    [tʰʊ́ɴtɔ́ɛʔ]
    တောက်ပ ပြောင်လင်းရေ။ အရောင် တောက်ပြောင်သည်
    တောက်ပ ပြောင်လင်းသည်။ အရောင် တောက်ပြောင်သည်
    light
    ကြိယာ

    ထွန်းညှိ

    [tʰʊ́ɴɲ̯ì]
    မီးညှိရေ။ မီးညီရေ။ ပြောင်လင်း တောက်ပ စီရေ
    မီးညှိသည်။ မီးထွန်းသည်။ ပြောင်လင်း တောက်ပ စေသည်
    light
    ကြိယာ

    ထွန်းညီး

    [tʰʊ́ɴɲï]
    လင်းပြောင် တောက်ပသည်
    လင်းပြောင် တောက်ပသည်
    light
    ကြိယာ

    ထွန်းကား

    [tʰʊ́ɴká]
    ပွားများရေ။ ၂။ စည်ပင် ပြန့်ပွားရေ။ တိုးတက်ရေ
    ပွားများသည်။ ၂။ စည်ပင် ပြန့်ပွားသည်။ တိုးတက်သည်
    be prominent
    ကြိယာ

    ထွန်း

    [tʰʊ́ɴ]
    (သား၊ မြေးအစဟိရေ) ပေါက်ပွားရေ။ ၂။ ပေါတိစွာ။ ၃။ တိုးတက်ရေ။ ပြန့်ပွားရေ။ ၄။ (လ၊ နေ စသည်ရို့) အရောင် တောက်ပရေ။ ၅။ (သောင်ကျွန်း စသည်ရို့) ဖြစ်ပေါ်ရေ။ ၆။ မင်း ပေါ်ပေါက်သည်
    (သား၊ မြေးစသည်) ပေါက်ပွားသည်။ ၂။ ပေါများသည်။ ၃။ တိုးတက်သည်။ ပြန့်ပွားသည်။ ၄။ (လ၊ နေ စသည်တို့) အရောင် တောက်ပသည်။ ၅။ (သောင်ကျွန်း စသည်တို့) ဖြစ်ပေါ်သည်။ ၆။ မင်း ပေါ်ပေါက်သည်
    be prominent
    ကြိယာ

    ထွန့်ထွန့်လှိမ့်

    [tʰʊ̀ɴ့tʰʊ̀ɴ့ɬḛɪɴ]
    ဆက်ကာ ဆက်ကာ လူးလိမ့် နီရေ
    ဆက်ကာ ဆက်ကာ လူးလိမ့် နေသည်
    shake
    ကြိယာ

    ထွန့်ထွန့်လှုပ်

    [tʰʊ̀ɴ့tʰʊ̀ɴ့ɬoʊʔ]
    ဆက်ကာ ဆက်ကာ တုန်လှုပ်သည်
    ဆက်ကာ ဆက်ကာ တုန်လှုပ်သည်
    shake
    ကြိယာ

    ထွန့်ထွန့်ခါ

    [tʰʊ̀ɴ့tʰʊ̀ɴ့kʰà]
    ပြင်းစွာ တုန်ခါပနာ။ ၂။ လှုပ်လှုပ်ရွရွ။ မငြိမ်မသက်
    ပြင်းစွာ တုန်ခါလျက်။ ၂။ လှုပ်လှုပ်ရွရွ။ မငြိမ်မသက်
    move
    ကြိယာဝိသေသန

    ထွန့်

    [tʰʊ̀ɴ့]
    (တန်းထားအစဟိရေ ရှည်လျား၍) တောင့်တင်း နနောင်းမှု မဟိတွက်နန့် ယီးယင်ထိုး တုန်ခါရေ။ နိမ့်တုံ မြင့်တုံ ဖြစ်တေ။ ဆတ်ကနဲ ဆတ်ကနဲ လှုပ်နန့်သည်
    (တံတားစသည် ရှည်လျား၍) တောင့်တင်း ခိုင်မာမှု မရှိသဖြင့် ယိမ်းယိုင် တုန်ခါသည်။ နိမ့်တုံ မြင့်တုံ ဖြစ်သည်။ ဆတ်ကနဲ ဆတ်ကနဲ လှုပ်နဲ့သည်
    move
    ကြိယာ

    ထွန်ထိထွန်ထွန်၂

    [tʰʊ̀ɴtʰìtʰʊ̀ɴtʰʊ̀ɴ၂]
    ခြီ လက် ကာနာသူ လမ်းလျှောက် ပိုင်။ ၂။ အသျှေဘဝ မလားတတ်ကာ လားတတ်ကာနန့်
    ခြေ လက် မသန်စွမ်းသူ လမ်းလျှောက် သကဲ့သို့။ ၂။ ခလေးဘဝ မသွားတတ်ကာ သွားတတ်ကာဖြင့်
    lameness
    ကြိယာဝိသေသန

    ထွန်ထိထွန်ထွန်

    [tʰʊ̀ɴtʰìtʰʊ̀ɴtʰʊ̀ɴ]
    ကိုယ်ကို မထိန်းနိုင်ပဲ ချာလပတ်ယမ်း ဗျာယ်။ လှုပ်နန့်ဗျာယ်
    ကိုယ်ကို မထိန်းနိုင်ပဲ ယိမ်းထိုး လျက်။ လှုပ်နဲ့လျက်
    stagger
    ကြိယာဝိသေသန

    ထွန်တုံးပစ်၂

    [tʰʊ̀ɴtóʊɴpɪʔ၂]
    (ဥပစာ) အရီးမစိုက်၊ ဂရုမပြုပဲ ထားရေ။ ပစ်ပယ် ထားရေ
    (ဥပစာ) အရေးမစိုက်၊ ဂရုမပြုပဲ ထားသည်။ ပစ်ပယ် ထားသည်
    negelet-ignore
    ကြိယာ