Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1–20 of 2,498 words

    တွိန်

    [twèɪɴ]
    တောင်ပူစာ။ တောင်ကုန်း အသျှေ။ တောင်ငယ်ကေ တွိန်၊ ချောင်းငယ်ကေ ချိန်ပြင်ငယ်ကေ ပြွိန် (ပုံ)
    တောင်ပူစာ။ တောင်ကုန်း ကလေး။ တောင်ငယ်ကေ တွိန်၊ ချောင်းငယ်ကေ ချိန်ပြင်ငယ်ကေ ပြွိန် (ပုံ)
    knoll
    နာမ်

    တွန်းအား

    [tʊ́ɴá]
    ၁၊ တစုံ တခု ပြုလုပ်ဖို့ အတွက် တိုက်တွန်း အားပီးမှု။ ၂၊ တွန်းကန် ရွီ့လျော လားနီခိုက် အစွမ်းဖင်ဆီ
    ၁၊ တစ်စုံ တစ်ခု ပြုလုပ်ရန် အတွက် တိုက်တွန်း အားပေးမှု။ ၂၊ တွန်းကန် ရွေ့လျော သွားနိုင်သော အစွမ်းသတ္တိ
    impetus
    နာမ်

    တွန်းလှန်

    [tʊ́ɴɬàɴ]
    ဆန့်ကျင်မှု ပြုလုပ်ရေ တဖက်သား အင်အားကို ရွင့်ပါး လားလီဖို့ တွန်းခနုန့်သတ်ရေ။ တွန်းလှန်သေမြတ်၊ သေကျိုးနပ်၏ (ရှီးထုံး)
    ဆန့်ကျင်မှု ပြုလုပ်သော တစ်ဖက်သား အင်အားကို လွင့်ပါး သွားစေရန် တွန်းကန်သည်။ တွန်းလှန်သေမြတ်၊ သေကျိုးနပ်၏ (ရှေးထုံး)
    repel
    ကြိယာ

    တွန်းထွီး

    [tʊ́ɴtʰwï]
    ခံတွင်းက စိမ့်ထွက်ရေ အရည်။ သန်ထွီး။ ဖဝါးခြီမာ၊ သဲမြီမှုန့်ကို၊ ငုံပြီးကေယူပျာ၊ မှန်ကူသတ်လူး၊ နဖူးမာရို့၊ လှမုတ္ထိုရ်မာ၊ ဆိုနှုတ်ခွန်းနန့်၊ တွန်းဆီးရို့၍၊ နို့ချိုတိုက်ပြန် (ကော်)
    ခံတွင်းမှ စိမ့်ထွက်သော အရည်။ တံတွေး။ ဖဝါးခြီမှာ၊ သဲမြီမှုန့်ကို၊ ငုံ၍ယူပျာ၊ မှန်ကူသတ်လူး၊ နဖူးမှာတို့၊ လှမုတ္ထိုရ်မှာ၊ ဆိုနှုတ်ခွန်းနှင့်၊ တွန်းဆီးတို့၍၊ နို့ချိုတိုက်ပြန် (ကော်)
    saliva
    နာမ်

    တွန်းထုတ်

    [tʊ́ɴtʰoʊʔ]
    ထွက်ခွာ လားလီဖို့ တအား တွန်းဖယ်သည်
    ထွက်ခွာ သွားစေရန် တအား တွန်းဖယ်သည်
    hustle
    ကြိယာ

    တန်းဆီးပေါက်

    [táɴsʰïpaʊʔ]
    ထွီးထားရေ သန်ထွီးစက်
    ထွေးထားသော တံတွေးစက်
    spittle
    နာမ်

    တွန်းဆီး

    [tʊ́ɴsʰï]
    ခံတွင်းက စိမ့်ထွက်ရေ အရည်။ သန်ထွီး။ ဖဝါးခြီမာ၊ သဲမြီမှုန့်ကို၊ ငုံပြီးကေယူပျာ၊ မှန်ကူသတ်လူး၊ နဖူးမာရို့၊ လှမုတ္ထိုရ်မာ၊ ဆိုနှုတ်ခွန်းနန့်၊ တွန်းဆီးရို့၍၊ နို့ချိုတိုက်ပြန် (ကော်)
    ခံတွင်းမှ စိမ့်ထွက်သော အရည်။ တံတွေး။ ဖဝါးခြီမှာ၊ သဲမြီမှုန့်ကို၊ ငုံ၍ယူပျာ၊ မှန်ကူသတ်လူး၊ နဖူးမှာတို့၊ လှမုတ္ထိုရ်မှာ၊ ဆိုနှုတ်ခွန်းနှင့်၊ တွန်းဆီးတို့၍၊ နို့ချိုတိုက်ပြန် (ကော်)
    spittle
    နာမ်

    တွန်းချ၂

    [tʊ́ɴɕ၂]
    (ဥပစာ) လူတဖက်သား ဒုက္ခ ရောက်ယောင် ကြံဆောင် ပြောဆိုရေ။ ဒုက္ခ ရောက်ယောင် လုပ်ရေ။ မောင်းမောင်လှရို့ အမှုကို အကျွန်ရို့ကိုရာ တိုးချပါရေကာ
    (ဥပစာ) လူတစ်ဖက်သား ဒုက္ခ ရောက်အောင် ကြံဆောင် ပြောဆိုသည်။ ဒုက္ခ ရောက်အောင် လုပ်သည်။ မောင်လှရို့ အမှုမှာ အကျွန်ရို့ကိုရာ တွန်းချပါရေကာ
    afflicter
    ကြိယာ

    တွန်းချ

    [tʊ́ɴɕ]
    အမြင့်မှ အနိမ့်သို့၊ တောင်ထက်မှ တောင်အောက်ကို ရွီ့လျော ရွင့်ပါး လားယောင် တွန်းခနုန့်သတ်ရေ
    အမြင့်မှ အနိမ့်သို့၊ တောင်ထက်မှ တောင်အောက်သို့ ရွေ့လျော လွင့်ပါး သွားအောင် တွန်းကန်သည်
    ejection
    ကြိယာ

    တွန်းကန်

    [tʊ́ɴkàɴ]
    အပြင်သို့ ရွှိလျော လားယောင် လက်နန့် တအား တွန်လိုက်တေ
    အပြင်သို့ ရွှေ့လျော သွားအောင် လက်ဖြင့် တစ်အား တွန်လိုက်သည်
    repel
    ကြိယာ

    တွန်း

    [tʊ́ɴ]
    ၁၊ မိမိဖက်မှ တဖက်သို့ ရောက်ယောင် လက်စသည်အနိန်နန့် တအား ကန်လိုက်တေ။ ရှက်အား ဘနန်း၊ အရတွန်းပနာ၊ အကြောင်း မသိ၊ ပြေးလေဘိ၍ (ရက္ခိုင်ကာ)
    ၁၊ မိမိဖက်မှ တစ်ဖက်သို့ ရောက်အောင် လက်စသည်ဖြင့် တစ်အား ကန်လိုက်သည်။ ရှက်အား ဘနန်း၊ အရတွန်း၍၊ အကြောင်း မသိ၊ ပြေးလေဘိ၍ (ရခိုင်ကာ)
    push
    ကြိယာ

    တွန့်လိမ်

    [tʊ̀ɴ့lèɪɴ]
    ၁၊ ရစ်ခွေ လှည့်ပတ်ရေ။ ရှည်ရေ ကြိုး၊ လွန် စသည်ရို့ တွန့်ခွေ လိပ်ရေ။ ၂၊ (ဥပစာ) သဖော မဖြောင့်မတ်။ ကောက်ကျစ် ကောက်ကျစ်သည်
    ၁၊ ရစ်ခွေ လှည့်ပတ်သည်။ ရှည်သော ကြိုး၊ လွန် စသည်တို့ တွန့်ခွေ လိပ်သည်။ ၂၊ (ဥပစာ) သဘော မဖြောင့်မတ်။ ကောက်ကျစ် စဉ်းလဲသည်
    crooked
    ကြိယာ

    တွန့်လိပ်

    [tʊ̀ɴ့lìaʔ]
    အရီပြား စသည်ရို့ အတွန့်အတွန့် ဖြစ်တေ
    အရေပြား စသည်တို့ အတွန့်အတွန့် ဖြစ်သည်
    crispy
    ကြိယာ

    တွန့်ရှုပ်

    [tʊ̀ɴ့ʃoʊʔ]
    အရီပြား စသည်ရို့ အလျားလိုက် တွန့်ခေါက်သည်
    အရေပြား စသည်တို့ အလျားလိုက် တွန့်ခေါက်သည်
    crispy
    ကြိယာ

    တွန့်ရွံ့

    [tʊ̰ɴɹwံ့]
    ၁၊ တိုလို့ယိုလို့ ဟိရေ။ တွန့်ဆုတ်ရေ။ ညှစ်လို့ထားရေ၊ ရွှီနို့ရည်ကို၊ မွေးမယ်တွန့်ဘိတ်၊ မကြေ့ဝံ့ပဲ၊ သားမိခင်မာ၊ သိချင်ငြား၍၊ မလားဝံ့ဝံ့၊ သွားဝံ့ဝံ့နန့် (ကော်)။ ၂၊ နောက်ကို ပြန်လှည့်ရေ။ တွန့်ဆုတ်ရေ။ တွန့်ဘိတ်ဆုတ်ကေ၊ တဆတ်ဆတ်သာ၊ ဟပ်၍လာလေ (ရာမ)
    ၁၊ မဝံ့မရဲ ရှိသည်။ တွန့်ဆုတ်သည်။ ညှစ်လို့ထားသည်၊ ရွှီနို့ရည်ကို၊ မွေးမယ်တွန့်ရွှံ့၊ မကြည့်ဝံ့ပဲ၊ သားမိခင်မှာ၊ သိချင်ငြား၍၊ မသွားဝံ့ဝံ့၊ သွားဝံ့ဝံ့နှင့် (ကော်)။ ၂၊ နောက်သို့ ပြန်လှည့်သည်။ တွန့်ဆုတ်သည်။ တွန့်ရွှံ့ဆုတ်ကေ၊ တဆတ်ဆတ်သာ၊ ဟပ်၍လာလေ (ရာမ)
    timidly
    ကြိယာ

    တွန့်ယွန့်

    [tʊ̀ɴ့jʊ̀ɴ့]
    ၁၊ စိတ် စေတနာ အစဟိရေ ဆုတ်နာရေ။ ၂၊ နောက်ကို ပြန်လှည့်ရေ။ ဆုတ်နစ်သည်
    ၁၊ စိတ် စေတနာ စသည် ဆုတ်နာသည်။ ၂၊ နောက်သို့ ပြန်လှည့်သည်။ ဆုတ်နစ်သည်
    hypocrisy
    ကြိယာ

    တွန့်တွန့်

    [tʊ̀ɴ့tʊ̰ɴ]
    ၁၊ ကြောက်ခမန်းလီလီ။ ကြောက်လန့်ဖွယ် တမျှ တုန်လှုပ်ဒုံဇောက် တိစွာ။ နန်းမတောင်ညာ၊ ကြားရေအခါလျှင်၊ နားမှတွန့်တွန့်၊ ပုဏ္ဏားဆိုကေ၊ ယင်းစကားကို၊ မကြားဝံ့ဘဲ (ကော်)။ ၂၊ စိတ်၊ စေတနာ အစဟိရေ ဆုတ်နစ်ရေ။ ၃၊ ကြာ ထိုင်းမှိုင်းသည်
    ၁၊ ကြောက်ခမန်းလီလီ။ ကြောက်လန့်ဖွယ် တမျှ တုန်လှုပ်ချောက် များသည်။ နန်းမတောင်ညာ၊ ကြားသောအခါလျှင်၊ နားမှတွန့်တွန့်၊ ပုဏ္ဏားဆိုကေ၊ ထိုစကားကို၊ မကြားဝံ့ဘဲ (ကော်)။ ၂၊ စိတ်၊ စေတနာ စသည် ဆုတ်နစ်သည်။ ၃၊ နှေးကွေး လေးလံသည်
    terrified
    ကြိယာ

    တွန့်တို

    [tʊ̀ɴ့tÒ]
    ၁၊ နှမြိုးရေ။ နှမြိုးစုံမက်၊ စိတ်စက်တွန်တို၊ မပီးလိုတွက်နန့် (ရှီးထုံး)။ ၂၊ ဖန်သီဖန်သတ်၍ နောက်ဆုတ်သည်
    ၁၊ နှမြောသည်။ နှမြောစုံမက်၊ စိတ်စက်တွန်တို၊ မပေးလို၍ (ရှေးထုံး)။ ၂၊ စိတ်မပါ၍ နောက်ဆုတ်သည်
    niggardly
    ကြိယာ

    တွန့်

    [tʊ̀ɴ့]
    ၁၊ အရီတိ ရှုံ့တွရေ။ ၂၊ ကြိုးမျှိုင်သျှေ စသည်ရို့ ကွိ့ကွိ့ ကောက်ကောက် ဖြစ်တေ။ ၃၊ စိတ်၊ စေတနာ အစဟိရေ ထက်သန်မှု မဟိဘဲ ဆုတ်နစ်သည်
    ၁၊ အရေများ ရှုံ့တွသည်။ ၂၊ ကြိုးမျှင် စသည်တို့ ကွေ့ကွေ့ ကောက်ကောက် ဖြစ်သည်။ ၃၊ စိတ်၊ စေတနာ စသည် ထက်သန်မှု မရှိပဲ ဆုတ်နစ်သည်
    crispy-hypocrisy
    ကြိယာ

    တွန်းကျူး

    [tʊ́ɴt͡ɕùး]
    သာယာ ချိုအီးစွာ မြည်ရေ
    သာယာ ချိုအေးစွာ မြည်သည်
    serenade
    ကြိယာ