Dictionary Entries
Showing 1–20 of 364 words
ညွှန်းပြ
[ɲW̯áɴpɹ]
Arakanese:
သာဓက ထောက်၍ ဖော်ပြရေ။ တစုံ တခုရေ ပြောဆို ဆုံးမချက်ကို လိုက်နာ ဆောင်ရွက်ဖို့ ထုတ်ယူ ဖော်ပြရေ
Burmese:
သာဓက ထောက်၍ ဖော်ပြသည်။ တစ်စုံ တစ်ခုသော ပြောဆို ဆုံးမချက်ကို နာခံ ဆောင်ရွက်ရန် ထုတ်ယူ ဖော်ပြသည်
English:
point
Grammar Note:
ကြိယာ
ညွှန်း
[ɲW̯áɴ]
Arakanese:
သာဓက ထောက်၍ ဖော်ပြရေ
Burmese:
သာဓက ထောက်၍ ဖော်ပြသည်
English:
point
Grammar Note:
ကြိယာ
ညွှန်ပြ
[ɲW̯àɴpɹ]
Arakanese:
၁၊ (တစ်စုံတစ်ရာကို လက်ညှိုး ထိုးပနာ) ပြရေ။ ၂၊ တစုံ တခုရေ ပြောဆို ဆုံးမချက်ကို လိုက်နာ ဆောင်ရွက်ဖို့ ထုတ်ထူ ဖော်ပြရေ
Burmese:
၁၊ (တစ်စုံတစ်ရာကို လက်ညှိုး ထိုး၍) ပြသည်။ ၂၊ တစ်စုံ တစ်ခုသော ပြောဆို ဆုံးမချက်ကို နာခံ ဆောင်ရွက်ရန် ထုတ်ထူ ဖော်ပြသည်
English:
point
Grammar Note:
ကြိယာ
ညွှန်ကြားချက်
[ɲW̯àɴt͡ɕáɕɛʔ]
Arakanese:
တစုံ တရာ ပြောဆို ဆုံးမချက်ကို လိုက်နာ ဆောင်ရွက်ဖို့ ဖော်ထုတ်၍ ပြောဆိုချက်
Burmese:
တစ်စုံ တစ်ရာ ပြောဆို ဆုံးမချက်ကို နာခံ ဆောင်ရွက်ရန် ထုတ်ဖော်၍ ပြောဆိုချက်
English:
directive
Grammar Note:
နာမ်
ညွှန်ကြား
[ɲW̯àɴt͡ɕá]
Arakanese:
တစုံ တခုရေ ပြောဆို ဆုံးမချက်ကို လိုက်နာ ဆောင်ရွက်ဖို့ ထုတ်ထူ ဖော်ပြရေ
Burmese:
တစ်စုံ တစ်ခုသော ပြောဆို ဆုံးမချက်ကို နာခံ ဆောင်ရွက်ရန် ထုတ်ထူ ဖော်ပြသည်
English:
direct
Grammar Note:
ကြိယာ
ညွှန်
[ɲW̯àɴ]
Arakanese:
၁၊ (တစုံ တရာကို လက်ညှိုး ထိုးပနာ) ပြရေ။ ၂၊ တစုံ တခုရေ ပြောဆို ဆုံးမချက်ကို လိုက်နာ ဆောင်ရွက်ဖို့ ထုတ်ထူ ဖော်ပြရေ
Burmese:
၁၊ (တစ်စုံ တစ်ရာကို လက်ညှိုး ထိုး၍) ပြသည်။ ၂၊ တစ်စုံ တစ်ခုသော ပြောဆို ဆုံးမချက်ကို နာခံ ဆောင်ရွက်ရန် ထုတ်ထူ ဖော်ပြသည်
English:
point
Grammar Note:
ကြိယာ
ညွတ်ကွင်း
[ɲwaʔkwɪ́ɴ]
Arakanese:
ကြက်ငှက် စသည်ရို့ကို ထောင်ဖမ်းရရေ ကြိုးလျော့ကွင်း။ ကိုင်းကွင်း
Burmese:
ကြက်ငှက် စသည်တို့ကို ထောင်ဖမ်းရသော ကြိုးလျော့ကွင်း။ ကျော့ကွင်း
English:
snare
Grammar Note:
နာမ်
ညွတ်
[ɲwaʔ]
Arakanese:
ကိုင်းညွတ် စီရေ
Burmese:
ကိုင်းညွတ် စေသည်
English:
respect
Grammar Note:
ကြိယာ
ညှိုးဝီ
[ɲ̯ówí]
Arakanese:
ညော ဖြစ်တေ။ စိတ်အားငယ်ရေ။ စိတ်မာ နှစ်သက် ချမ်းမြိ့စွာ မခံစားရ ဖြစ်တေ။ အသွီသွီပျော်ခြင်းရာ၊ စွာကို မြင်ကေ၊ ကျွန်လျှင်သည်းအူဆာ၍၊ ညှိုးဝီကာအထက်ဆင့်ပေါ် (ဗမာချီ)
Burmese:
မရွှင်မပျ ဖြစ်သည်။ စိတ်အားငယ်သည်။ စိတ်တွင် နှစ်သက် ချမ်းမြေ့စွာ မခံစားရ ဖြစ်သည်။ အသွယ်သွယ်ပျော်ခြင်းရာ၊ သည်ကို မြင်သော်၊ ကျွန်လျှင်သည်းအူဆာ၍၊ ညှိုးဝီကာထပ်ဆင့်ပေါ် (ဗမာချီ)
English:
drearily
Grammar Note:
ကြိယာ
ညှိုးလယ
[ɲ̯ólj]
Arakanese:
ပင်ပန်း နွမ်းလျရေ။ မလန်းမဆန်း ဖြစ်တေ။ ပင်ပန်းညှိုးလယ၊ ခွန်အားကျတွက်၊ မထမူးမှိုင်၊ မကြံနှိုင်လဲ(မြို့တည်)
Burmese:
ပင်ပန်း နွမ်းလျသည်။ မလန်းမဆန်း ဖြစ်သည်။ ပင်ပန်းညှိုးလယ၊ ခွန်အားကျ၍၊ မထမူးမှိုင်၊ မကြံနိုင်လဲ(မြို့တည်)
English:
tired
Grammar Note:
ကြိယာ
ညှိုးမှိန်
[ɲ̯óm̥èɪɴ]
Arakanese:
၁၊ အရောင်အဝါ တောက်ပ ပြောင်လက်ခြင်း မဟိ လျော့ပါးရေ။ အရောင်ညှိုးမှိန်၊ တောက်ထိန်ကင်းပ၊ အမိုက်ကျဗျာယ် (ဓမ္မိက)။ ၂၊ ဂုဏ်ငယ်ရေ။ ညံ့ဖျင်းရေ။ ကုသိုလ်အဟိန်၊ ညှိုးမှိန်ညစ်နွမ်း၊ ပင်ပန်းဒုက္ခ၊ ဆင်းရဲကတ်ပနာ (ရက္ခိုင်ကာ)
Burmese:
၁၊ အရောင်အဝါ တောက်ပ ပြောင်လက်ခြင်း မရှိ လျော့ပါးသည်။ အရောင်ညှိုးမှိန်၊ တောက်ထိန်ကင်းပ၊ အမှောင်ကျလျက် (ဓမ္မိက)။ ၂၊ ဂုဏ်ငယ်သည်။ ညံ့ဖျင်းသည်။ ကုသိုလ်အဟိန်၊ ညှိုးမှိန်ညစ်နွမ်း၊ ပင်ပန်းဒုက္ခ၊ ဆင်းရဲကြလျက် (ရခိုင်ကာ)
English:
not up to the standard
Grammar Note:
ကြိယာ
ညှိုးနွမ်း
[ɲ̯ónʊ̀ɴ]
Arakanese:
၁၊ လန်းဆန်း ရွှင်ပြခြင်း မဟိ ဖြစ်တေ။ ၂၊ ဘုန်းတန်ခိုး အစဟိရေ အဟိတ် လျော့ပါးသည်
Burmese:
၁၊ လန်းဆန်း ရွှင်ပျခြင်း မရှိ ဖြစ်သည်။ ၂၊ ဘုန်းတန်ခိုး စသော အရှိန်အဝါ လျော့ပါးသည်
English:
drearily
Grammar Note:
ကြိယာ
ညှိုးစိတ်ဝီ
[ɲ̯óseɪʔwí]
Arakanese:
၁၊ ဝီခွဲ မရယောင် ဖြစ်တေ။ ဖြစ်ပြီးကေ၊ ဖြစ်နီဆဲ၊ ဖြစ်လတ္တံ့ အမှုရို့အတွက် စိုးရိမ်ခြင်း၊ သံသယ ဖြစ်ခြင်းရို့နန့် နိူင်း၍ စိတ်မတည် မငြိမ် ခံစားရရေ။ ၂၊ ညော ဖြစ်တေ
Burmese:
၁၊ ဝေခွဲ မရအောင် ဖြစ်သည်။ ဖြစ်ပြီး၊ ဖြစ်ဆဲ၊ ဖြစ်လတ္တံ့ အမှုတို့အတွက် စိုးရိမ်ခြင်း၊ သံသယ ဖြစ်ခြင်းတို့နှင့် ယှဉ်၍ စိတ်မတည် မငြိမ် ခံစားရသည်။ ၂၊ မရွှင်မပျ ဖြစ်သည်
English:
baffle
Grammar Note:
ကြိယာ
ညှိုးညှိုးငယ်ငယ်
[ɲ̯óɲ̯óŋɛ̀ŋɛ̀]
Arakanese:
၁၊ ရွှင်ပြ လန်းဆန်းခြင်း မဟိ။ ၂၊ တန်ခိုး အဟိတ် လျော့ပါးရေ။ ညှိုးညှိုးငယ်ငယ်၊ နှမသျှေလေ၊ စိတ်ဝေမလန်း၊ တောပြိုင်ချောင်မာ၊ ဖကိုတမ်းကေ၊ လွမ်းစိတ်မပြေ (ပန်း)
Burmese:
၁၊ ရွှင်ပျ လန်းဆန်းခြင်း မရှိ။ ၂၊ တန်ခိုး အရှိန်အဝါ လျော့ပါးသည်။ ညှိုးညှိုးငယ်ငယ်၊ နှမသျှေလေ၊ စိတ်ဝေမလန်း၊ တောပြိုင်ချောင်မှာ၊ ဖကိုတမ်းကေ၊ လွမ်းစိတ်မပြေ (ပန်း)
English:
drearily
Grammar Note:
ကြိယာ
ညှိုးငယ်
[ɲ̯óŋɛ̀]
Arakanese:
၁၊ ရွှင်ပြ လန်းဆန်းခြင်း မဟိ။ ၂၊ တန်ခိုး အဟိတ် လျော့ပါးသည်
Burmese:
၁၊ ရွှင်ပျ လန်းဆန်းခြင်း မရှိ။ ၂၊ တန်ခိုး အရှိန်အဝါ လျော့ပါးသည်
English:
drearily
Grammar Note:
ကြိယာ
ညှိုး
[ɲ̯ó]
Arakanese:
၁၊ မှေးမှိန်ရေ။ ဘုန်းတန်ခိုး လျော့ပါးရေ။ ၂၊ လန်းဆန်းခြင်း မဟိ ဖြစ်တေ။ ပူဟိန်ပြင်းပြ၊ လကဆုန်မာ၊ ရွက်ဟုန်ညှိုးကေ၊ ကြွီကျသွင်သို့ (ပန်း)
Burmese:
၁၊ မှေးမှိန်သည်။ ဘုန်းတန်ခိုး လျော့ပါးသည်။ ၂၊ လန်းဆန်းခြင်း မရှိ ဖြစ်သည်။ ပူဟိန်ပြင်းပြ၊ လကဆုန်မှာ၊ ရွက်ဟုန်ညှိုးကေ၊ ကြွေကျသွင်သို့ (ပန်း)
English:
fade-lose luster
Grammar Note:
ကြိယာ
ညှို့ဓါတ်
[ɲ̯o̰dʱàaʔ]
Arakanese:
လူ၏ စိတ်ကို သိမ်းသွင်းနှိုင်ရေ (ညှို့နှိုင်ရေ) အစွမ်း
Burmese:
လူ၏ စိတ်ကို ဆွဲဆောင်နိုင်သော (ညှို့နိုင်သော) အစွမ်း
English:
enchant
Grammar Note:
နာမ်
ညှို့၂
[ɲ̯o̰၂]
Arakanese:
ပခက်ချေမာ တပ်ရရေ ကြိုး
Burmese:
လေးတွင် တပ်ရသော ကြိုး
English:
bowstring
Grammar Note:
နာမ်
ညှို့
[ɲ̯o̰]
Arakanese:
မိမိ အလိုသို့ ပါအောင် နှုတ်အမူအရာ နန့်သော် လည်းကောင်း၊ ကိုယ်အမူအရာ နန့်သော် လည်းကောင်း သိမ်းသွင်းရေ။ ယောက်ျား ဟူလေ၊ လူအများမာ၊ သီရေလှောက်ယောင်၊ အတွိ့ဆောင်ကေ၊ ကွင်းရှောင်မလွတ်၊ နတ်ပျိုမေမာ၊ မြွီညှို့ကပ်သို့၊ ထူးမြတ် ဂုဏ်ဟိတ်(ဒွေး)
Burmese:
မိမိ အလိုသို့ ပါအောင် နှုတ်အမူအရာ ဖြင့်သော် လည်းကောင်း၊ ကိုယ်အမူအရာ ဖြင့်သော် လည်းကောင်း ဆွဲဆောင်သည်။ ယောက်ျား ဟူလေ၊ လူအများမှာ၊ သေသောလောက်အောင်၊ အတွေ့ဆောင်ကေ၊ ကွင်းရှောင်မလွတ်၊ နတ်ပျိုမေမှာ၊ မြွေညှို့ကပ်သို့၊ ထူးမြတ် ဂုဏ်ဟိတ်(ဒွေး)
English:
enchanter
Grammar Note:
ကြိယာ
ညှိုလုံးတိုင်း
[ɲ̯Òlóʊɴtáɪɴ]
Arakanese:
လုံးဝန်းရေ အရာရို့ကို လက်မထိပ်နန့် လက်ညှိုးထိပ် ထိပနာ တိုင်းရရေ အတိုင်းအထွာ
Burmese:
လုံးဝန်းသော အရာတို့ကို လက်မထိပ်နှင့် လက်ညှိုးထိပ် ထိ၍ တိုင်းရသော အတိုင်းအထွာ
English:
measurement
Grammar Note:
နာမ်