Dictionary Entries
Showing 1–20 of 54 words
ဉာတ်သင်္ကန်း
[ɲàaʔθŋ̇kaáɴ]
Arakanese:
သံဃာက ဉာတ်ကမ္မဝါစာနန့် ရွတ်ဖတ်ပနာ ကထိန်ခင်း ထိုက်ရေ ရဟန်းအား ပီးရေ သင်္ကန်း။ ကထိန်သင်္ကန်း
Burmese:
သံဃာက ဉာတ်ကမ္မဝါစာဖြင့် ရွတ်ဖတ်၍ ကထိန်ခင်း ထိုက်သော ရဟန်းအား ပေးသော သင်္ကန်း။ ကထိန်သင်္ကန်း
English:
robes
Grammar Note:
နာမ်
ဉာတ်ခတ်
[ɲàaʔkʰaʔ]
Arakanese:
ရဟန်းခံခြင်း၊ သိမ် သမုတ်ခြင်း အစဟိရေ သံဃာ့ကံကို ဆောင်ရွက်ရာမာ ဉာတ်ကမ္မဝါစာ ရွက်ဖတ်ရေ။ ရဟန်းတော်ရို့ ဉာတ်ကမ္မဝါစာနန့် ဝိနည်းကို ဆောင်ရွက်သည်
Burmese:
ရဟန်းခံခြင်း၊ သိမ် သမုတ်ခြင်း စသော သံဃာ့ကံကို ဆောင်ရွက်ရာ၌ ဉာတ်ကမ္မဝါစာ ရွက်ဖတ်သည်။ ရဟန်းတော်တို့ ဉာတ်ကမ္မဝါစာဖြင့် ဝိနည်းကို ဆောင်ရွက်သည်
English:
incantation
Grammar Note:
ကြိယာ
ဉာတ်
[ɲàaʔ]
Arakanese:
ရဟန်းခံခြင်း၊ သိမ်သမုတ်ခြင်း၊ ဥပုသ်ပြုခြင်း အစဟိရေ သံဃာ့ ကံဆောင်ရာမာ အလျင်တင်ကူး (ကြိုတင်) သိစီရေ အရာ။ စကား။ (ပါ
Burmese:
ရဟန်းခံခြင်း၊ သိမ်သမုတ်ခြင်း၊ ဥပုသ်ပြုခြင်း စသော သံဃာ့ ကံဆောင်ရာတွင် အလျင်တင်ကူး (ကြိုတင်) သိစေသော အရာ။ စကား။ (ပါ
English:
ordination
Grammar Note:
နာမ်
ဉာဏ်သျှင်
[ɲàn်ʃɪ̀ɴ]
Arakanese:
အသိအလိမ္မာ ဉာဏ်ပညာနန့် ပြည့်စုံသူ
Burmese:
အသိအလိမ္မာ ဉာဏ်ပညာနှင့် ပြည့်စုံသူ
English:
integrity
Grammar Note:
နာမ်
ဉာဏ်သွား၂
[ɲàn်θWà၂]
Arakanese:
တွီးတော ဆင်ခြင် တွက်ဖော်ဉာဏ် ထက်မြက်မှု ဟိခြင်း။ ‘ဝရစိန်လား၊ ဉာဏ်သွားထက်မြက်၊ ဓါးသန်ဗျာယ်နန့်’ (ဓမ္မဒီ)
Burmese:
တွေးတော ဆင်ခြင် စဉ်းစားဉာဏ် ထက်မြက်မှု ရှိခြင်း။ ‘ဝရစိန်လား၊ ဉာဏ်သွားထက်မြက်၊ ဓါးသန်လျက်ဖြင့်’ (ဓမ္မဒီ)
English:
geniuses
Grammar Note:
ကြိယာ
ဉာဏ်သွား
[ɲàn်θWà]
Arakanese:
တွီးတော ဆင်ခြင် တွက်ဖော်ဉာဏ် ထက်မြက်မှု ဟိရေ
Burmese:
တွေးတော ဆင်ခြင် စဉ်းစားဉာဏ် ထက်မြက်မှု ရှိသည်
English:
geniuses
Grammar Note:
ကြိယာ
ဉာဏ်သစ်
[ɲàn်θɪʔ]
Arakanese:
အသစ်ဖြစ်ရေ အသိအမြင် တရား
Burmese:
အသစ်ဖြစ်သော အသိအမြင် တရား
English:
conscience
Grammar Note:
နာမ်
ဉာဏ်သာ
[ɲàn်θà]
Arakanese:
တွီးတော ကြံစည် စိတ်ကူးရာမာ နှိုင်းဖက်ရို့ထက် ပိုသာနိန်ရေ
Burmese:
တွေးတော ကြံစည် စိတ်ကူးရာတွင် နှိုင်းဖက်တို့ထက် ပိုကဲသည်
English:
clever
Grammar Note:
ကြိယာ
ဉာဏ်လုံးထုတ်
[ɲàn်lóʊɴtʰoʊʔ]
Arakanese:
၁၊ တတိန်းချေပုန်းဝှက် မကောင်း ကြံစည် တတ်သူ။ ဉာဏ်သမား။ ၂၊ တွီးတော ကြံဆ တတ်သူ
Burmese:
၁၊ တိတ်တိတ်ပုန်း မကောင်း ကြံစည် တတ်သူ။ ဉာဏ်သမား။ ၂၊ တွေးတော ကြံဆ တတ်သူ
English:
brainy
Grammar Note:
နာမ်
ဉာဏ်လိမ်ဉာဏ်ကောက်
[ɲàn်lèɪɴɲàn်kɔ́ɛʔ]
Arakanese:
ကောက်ကျစ် ကောက်ကျစ်ရေ အကြံအစည်။ မဖြောင့် မမှန်ရေ အကြံအစည်။ ‘ဉာဏ်လိမ်ဉာဏ်ကောက်၊ ကောက်ကျစ်ကောက်ကျစ်၊ ဉာဏ်မွဲကြံ မဖြောင့်မှန်ပဲ’ (ရှီးထုံး)
Burmese:
ကောက်ကျစ် စဉ်းလဲသော အကြံအစည်။ မဖြောင့် မမှန်သော အကြံအစည်။ ‘ဉာဏ်လိမ်ဉာဏ်ကောက်၊ ကောက်ကျစ်စဉ်းလဲ၊ ဉာဏ်မွဲကြံ မဖြောင့်မှန်ပဲ’ (ရှေးထုံး)
English:
wily
Grammar Note:
နာမ်
ဉာဏ်လင်း
[ɲàn်lɪ́ɴ]
Arakanese:
ဉာဏ်။ လူမှုရီးရာမာ အကောင်း အဆိုး နှစ်မျိုးဟိရာ အကောင်းကိုရာ ဆောင်ရွက် လုပ်ကိုင်ဖို့ အတွက်ကျ သဖော ပေါက်ရေ စိတ်။ ဉာဏနန့် ဆင်ခြင်၍ သဖောပေါက် နားလည်ရေ စိတ်။ သိမြင်တတ်ရေ တရား။ (ပါ
Burmese:
ဉာဏ်။ လူမှုရေးရာတွင် အကောင်း အဆိုး နှစ်မျိုးရှိရာ အကောင်းကိုသာ ဆောင်ရွက် လုပ်ကိုင်ရန် နားလည် သဘော ပေါက်သော စိတ်။ ဉာဏဖြင့် ဆင်ခြင်၍ သဘောပေါက် နားလည်သော စိတ်။ သိမြင်တတ်သော တရား။ (ပါ
English:
comprehension
Grammar Note:
ကြိယာ
ဉာဏ်လီး
[ɲàn်lï]
Arakanese:
အသိ တရား ထုံထိုင်းရေ။ ဆဆွတ်မှု မဟိ၊ ကြာသည်
Burmese:
အသိ တရား ထုံထိုင်းသည်။ သွက်လက်မှု မရှိ၊ နှေးကွေးသည်
English:
nitwit
Grammar Note:
ကြိယာ
ဉာဏ်ရွှင်
[ɲàn်ɹW̯ɪ̀ɴ]
Arakanese:
တွီးတော ကြံစည်မှု၊ ဆင်ခြင် စဉ်းစားမှု၊ အသိအမြင်၊ ဖြတ်လတ်မှု စသည်ရို့ အားလုံး ရဟိရေ။ လောက်သည်
Burmese:
တွေးတော ကြံစည်မှု၊ ဆင်ခြင် စဉ်းစားမှု၊ အသိအမြင်၊ ဖျတ်လတ်မှု စသည်တို့ အလုံးစုံ ရရှိသည်။ ပြည့်ဝသည်
English:
overall
Grammar Note:
ကြိယာ
ဉာဏ်ရည်တူ
[ɲàn်ɹɛ̀tù]
Arakanese:
ပြုလုပ် ဆောင်ရွက်မှု အသိ တရားချင်း တူညီချေသူ
Burmese:
ပြုလုပ် ဆောင်ရွက်မှု အသိ တရားချင်း တူညီသူ
English:
equal
Grammar Note:
နာမ်
ဉာဏ်ရည်ချွန်
[ɲàn်ɹɛ̀ɕʊ̀ɴ]
Arakanese:
လူများထက် အသိတရား ကျော်လွန်ရေ။ ပိုလွန်ရေ
Burmese:
သူတစ်ပါးထက် အသိတရား ကဲလွန်သော။ ပိုလွန်သော
English:
exceed
Grammar Note:
နာမဝိသေသန
ဉာဏ်မွဲ၂
[ɲàn်mwɛ၂]
Arakanese:
အသိတရား ကင်းမဲ့သူ။ ‘ဉာဏ်မွဲနားထူ၊ မိုက်သောသူ၊ တတူမပေါင်းရ’ (ပုံ)
Burmese:
အသိတရား ကင်းမဲ့သူ။ ‘ဉာဏ်မွဲနားထူ၊ မိုက်သောသူ၊ အတူမပေါင်းရ’ (ပုံ)
English:
ignorant
Grammar Note:
နာမ်
ဉာဏ်မွဲ
[ɲàn်mwɛ]
Arakanese:
အသိတရား ကင်းမဲ့သည်
Burmese:
အသိတရား ကင်းမဲ့သည်
English:
ignorant
Grammar Note:
ကြိယာ
ဉာဏ်များ
[ɲàn်mrá]
Arakanese:
ပရိယာယ် ဆင်ကာ အမျိုးမျိုး စိတ်ကူး ကြံစည် တတ်ရေ။ ဝါ လှည့်ဖျား တတ်ရေ
Burmese:
ပရိယာယ် ဆင်ကာ အမျိုးမျိုး စိတ်ကူး ကြံစည် တတ်သည်။ လိမ်လည် လှည့်ဖျား တတ်သည်
English:
deceptive
Grammar Note:
ကြိယာ
ဉာဏ်မီ
[ɲàn်mí]
Arakanese:
တွီးတော ဆင်ခြင်နိုင်စွမ်း၊ တွက်ဖော်နိုင်စွမ်း၊ စိတ်ကူး နိုင်စွမ်း ဟိရေ
Burmese:
တွေးတော ဆင်ခြင်နိုင်စွမ်း၊ စဉ်းစားနိုင်စွမ်း၊ စိတ်ကူး နိုင်စွမ်း ရှိသည်
English:
conscience
Grammar Note:
ကြိယာ
ဉာဏ်ပွင့်
[ɲàn်pwɪ̀ɴ့]
Arakanese:
အသိတရား ပွင့်လင်း လာရေ။ အသိတရား သန့်စင် လာရေ။ သိရမြင်ရ ခက်ခဲခြင်းမဟိ ဖြစ်တေ
Burmese:
အသိတရား ပွင့်လင်း လာသည်။ အသိတရား သန့်စင် လာသည်။ သိရမြင်ရ ခက်ခဲခြင်းမရှိ ဖြစ်သည်
English:
conscience
Grammar Note:
ကြိယာ