Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1–20 of 913 words

    ဆွမ်းအုပ်

    [sʰʊ̀ɴʔoʊʔ]
    ဆွမ်းထည့်ဖို့ အုပ်
    ဆွမ်းထည့်ရန် အုပ်
    large bowl with stand and cover tooffer food to monks
    နာမ်

    ဆွမ်းဟင်း

    [sʰʊ̀ɴhɪ́ɴ]
    သံဃာတော် တိအား လှူဒါန်းဖို့ ဆွမ်း၊ ဟင်း အစဟိရေ
    သံဃာတော် များအား လှူဒါန်းရန် ဆွမ်း၊ ဟင်း စသည်
    offer food to Buddha and monks
    နာမ်

    ဆွမ်းလောင်း

    [sʰʊ̀ɴláʊɴ]
    ဆွမ်းခံရေ ပုဂ္ဂိုလ်၏ သပိတ်ထဲမာ ဆွမ်း ဟင်း စစွာကို ထည့်ပနာ လောင်းလှူသည်
    ဆွမ်းခံသော ပုဂ္ဂိုလ်၏ သပိတ်ထဲတွင် ဆွမ်း ဟင်း စသည်ကို ထည့်၍ လောင်းလှူသည်
    offer food to Buddha and monks
    ကြိယာ

    ဆွမ်းရပ်

    [sʰʊ̀ɴɹaʔ]
    ဆွမ်း အလှူ ခံရေ
    ဆွမ်း အလှူ ခံသည်
    go around to accept offering
    ကြိယာ

    ဆွမ်းမွှီး

    [sʰʊ̀ɴmW̯ï]
    အဝက် ခပ်သွီသွီ ဟိပြီးကေ ထမင်းမာ ထည့်ပနာ နှပ်လျှင် မွှေးစေ တတ်ရေ အပင် တမျိုး
    အရွက် ခပ်သွယ်သွယ် ရှိ၍ ထမင်းတွင် ထည့်၍ နှပ်လျှင် မွှေးစေ တတ်သော အပင် တစ်မျိုး
    plant
    နာမ်

    ဆွမ်းဖိတ်

    [sʰʊ̀ɴpʰeɪʔ]
    ၁၊ နိစိုင် ဆွမ်း လောင်းလှူဖို့ ဒါယကာက ရဟန်းအား ပြောကြားရေ။ ၂၊ ဒါယကာက ရဟန်းအား ဆွမ်းစားကတ်ဖို့ ပင့်ခေါ်ရေ
    ၁၊ နေ့စဉ် ဆွမ်း လောင်းလှူရန် ဒါယကာက ရဟန်းအား ပြောကြားသည်။ ၂၊ ဒါယကာက ရဟန်းအား ဆွမ်းစားကြရန် ပင့်ခေါ်သည်
    invite monks to meal at one’s home
    ကြိယာ

    ဆွမ်းပန်း

    [sʰʊ̀ɴpáɴ]
    သစ်သီး ဝလံ၊ ထမင်း၊ ငါး၊ ဟင်း စစွာကို ခြုံပြီးကေ ခေါ်ရေ စကားလုံး
    သစ်သီး ဝလံ၊ ထမင်း၊ ငါး၊ ဟင်း စသည်ကို ခြုံ၍ ခေါ်သော စကားလုံး
    offer food to Buddha and monks
    နာမ်

    ဆွမ်းတင်

    [sʰʊ̀ɴtɪ̀ɴ]
    ဖရားအား ရည်မှန်း၍ သိမ်၊ ပုထိုး၊ ဇာတီ၌ အမြဲတမ်း ဆွမ်းတော် တင်ရသူ ဆွမ်းတင်စည်တီး၊ မျက်နှာတော်သုတ်၊ တင်းခွန်ဆွဲ၊ တံမြက်ခတ်၊ ကျီးနှင်စာခြောက် (တောင်)
    ဘုရားအား ရည်မှန်း၍ သိမ်၊ ပုထိုး၊ စေတီ၌ အမြဲတမ်း ဆွမ်းတော် တင်ရသူ ဆွမ်းတင်စည်တီး၊ မျက်နှာတော်သုတ်၊ တံခွန်ဆွဲ၊ တံမြက်ခတ်၊ ကျီးနှင်စာခြောက် (တောင်)
    offer food to Buddha and monks
    ကြိယာ

    ဆွမ်းတော်တင်၂

    [sʰʊ̀ɴtɔ̀tɪ̀ɴ၂]
    ဖရားအား လှူဒါန်းရေ ဆွမ်း၊ သစ်သီး၊ မုန့်၊ ပဲ စသည်ရို့ကို ကပ်လှူခြင်း
    ဘုရားအား လှူဒါန်းသော ဆွမ်း၊ သစ်သီး၊ မုန့်၊ ပဲ စသည်တို့ကို ကပ်လှူခြင်း
    offer food to Buddha and monks
    နာမ်

    ဆွမ်းတော်တင်

    [sʰʊ̀ɴtɔ̀tɪ̀ɴ]
    ဖရားအား ရည်မှန်း၍ ဆွမ်း သစ်သီး အစဟိရေ လှူဖွီ ဝတ္တုရို့ကို ကပ်လှူသည်
    ဘုရားအား ရည်မှန်း၍ ဆွမ်း သစ်သီး စသော လှူဖွယ် ဝတ္တုတို့ကို ကပ်လှူသည်
    offer food to Buddha and monks
    ကြိယာ

    ဆွမ်းတော်ကြီးလောင်း

    [sʰʊ̀ɴtɔ̀t͡ɕïláʊɴ]
    လူအများ ဝိုင်းဝန်း၍ ရဟန်း သံဃာတော် တိအား ဆွမ်းအစဟိရေ သစ်သီး ခဲဖွီ ရို့ကို လောင်းလှူသည်
    လူအများ ဝိုင်းဝန်း၍ ရဟန်း သံဃာတော် များအား ဆွမ်းစသော သစ်သီး ခဲဖွယ် တို့ကို လောင်းလှူသည်
    offer food to Buddha and monks
    ကြိယာ

    ဆွမ်းတော်

    [sʰʊ̀ɴtɔ̀]
    ကျွန်းကမ်း ရပ်ရွာရို့မာ ဆွမ်းခံရေ အခါ ဆွမ်းခံ ကြွလှာကြောင်း သိစီဖို့ ကျောင်းသား တိက ဆွမ်းတော် ဆိုပနာ ဟစ်အော်ရေ အသံကို ပြုကတ်ခြင်း
    ကျွန်းကမ်း ရပ်ရွာတို့တွင် ဆွမ်းခံသည့် အခါ ဆွမ်းခံ ကြွလာကြောင်း သိစေရန် ကျောင်းသား များက ဆွမ်းတော် ဟူ၍ ဟစ်အော်သော အသံကို ပြုကြခြင်း
    none
    နာမ်

    ဆွမ်းညွန်း

    [sʰʊ̀ɴɲʊ́ɴ]
    ဆွမ်းစား ကြဖို့ အလှည့်ကျ စီစိုင် ခန့်ခွဲရေ
    ဆွမ်းစား ကြရန် အလှည့်ကျ စီစဉ် ခန့်ခွဲသည်
    offer food to Buddha and monks
    ကြိယာ

    ဆွမ်းဆန်

    [sʰʊ̀ɴsʰàɴ]
    ရဟန်း၊ သံဃာတိ အတွက် သုံးဆောင်ဖို့ ဆန်
    ရဟန်း၊ သံဃာများ အတွက် သုံးဆောင်ရန် ဆန်
    rice offered to monks
    နာမ်

    ဆွမ်းစိမ်းခံ

    [sʰʊ̀ɴséɪɴkʰံ]
    ဘုန်းတော်ကြီး ကျောင်းရို့မာ ရဟန်း သံဃာတော်တိ သုံးဆောင်ဖို့ အတွက် မြို့ရွာထဲမာ စီတန်း၍ သပိတ်နန့် ဆွမ်း ဆန်နန့် တခြား လှူဖွီ ဝတ္တုတိကို ခံရေ
    ဘုန်းတော်ကြီး ကျောင်းတို့တွင် ရဟန်း သံဃာတော်များ သုံးဆောင်ရန် အတွက် မြို့ရွာထဲတွင် စီတန်း၍ သပိတ်ဖြင့် ဆွမ်း ဆန်နှင့် တခြား လှူဖွယ် ဝတ္တုများကို ခံသည်
    go around to accept offering
    ကြိယာ

    ဆွမ်းစိမ်း

    [sʰʊ̀ɴséɪɴ]
    ဥပစ္ဆေဒကကံ (ဓါးလက်နက်) နန့် သီရေ သူအား ရည်မှန်း၍ လှူဒါန်းရေ ဆွမ်းဆန်၊ ငါးဟင်း အစဟိရေ
    ဥပစ္ဆေဒကကံ (ဓါးလက်နက်) ဖြင့် သေသော သူအား ရည်မှန်း၍ လှူဒါန်းသော ဆွမ်းဆန်၊ ငါးဟင်း စသည်
    provisions for monks
    နာမ်

    ဆွမ်းစဉ်၃

    [sʰʊ̀ɴsɪ̀ɴ၃]
    ဆိုက်ရောက် လာရေ အခွင့် အဖန် အရ၊ တလှည့်စီ
    ဆိုက်ရောက် လာသော အခွင့် အကြိမ် အရ၊ တစ်လှည့်စီ
    food offered to Buddha or monks
    ကြိယာဝိသေသန

    ဆွမ်းစဉ်၂

    [sʰʊ̀ɴsɪ̀ɴ၂]
    ဆွမ်း သို့မဟုတ် တခြားရေ လှူဖွီ ဝတ္တုတိကို ရဟန်းရို့အား လှူဒါန်းဖို့ ခွဲဝီ စီစိုင်သည်
    ဆွမ်း သို့မဟုတ် တခြားသော လှူဖွယ် ဝတ္တုများကို ရဟန်းတို့အား လှူဒါန်းရန် ခွဲဝေ စီစဉ်သည်
    food offered to Buddha or monks
    ကြိယာ

    ဆွမ်းစဉ်

    [sʰʊ̀ɴsɪ̀ɴ]
    ၁၊ ဆွမ်း သို့မဟုတ် တခြားရေ လှူဖွီ ဝတ္တုတိကို ရဟန်းရို့အား လှူဒါန်းဖို့ ကျရောက်ရေ အလှည့်။ ၂၊ ယင်းပိုင် လှူဒါန်းဖို့ ခွဲဝီ စီစိုင်ခြင်း
    ၁၊ ဆွမ်း သို့မဟုတ် တခြားသော လှူဖွယ် ဝတ္တုများကို ရဟန်းတို့အား လှူဒါန်းရန် ကျရောက်သော အလှည့်။ ၂၊ ယင်းသို့ လှူဒါန်းရန် ခွဲဝေ စီစဉ်ခြင်း
    food offered to Buddha or monks
    နာမ်

    ဆွမ်းစားကျောင်း

    [sʰʊ̀ɴsát͡ɕáʊɴ]
    ရဟန်း သံဃာတော်ရို့ ဆွမ်း သုံးဆောင်ဖို့ သပ်သပ် ဆောက်လုပ် ထားရေ ကျောင်း
    ရဟန်း သံဃာတော်တို့ ဆွမ်း သုံးဆောင်ရန် သီးခြား ဆောက်လုပ် ထားသော ကျောင်း
    mealing hall in a monastery
    နာမ်