Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1–20 of 1,812 words

    ခြွမ်းမြောင်း

    [kʰWɹáɴmɹáʊɴ]
    အစိတ်စိတ် အမြွာမြွာပြုထားရေ အရာ
    အစိတ်စိတ် အမြွာမြွာပြုထားသော အရာ
    fragments-splinters
    နာမ်

    ခြွမ်းမရူ

    [kʰWɹáɴmɹù]
    မသင့်တော် မမှန်ကန်ရေ အကြောင်းအရာ။ မသင့်တော်ရေ အပြုအမူ
    မသင့်တော် မမှန်ကန်သော အကြောင်းအရာ။ မသင့်တော်သော အပြုအမူ
    unseemly
    နာမ်

    ခြွမ်းထိုက်

    [kʰWɹáɴtʰaɪʔ]
    မကွယ်မဝှက် မျက်မြင် ထင်လင်းအနီနန့်
    မကွယ်မဝှက် မျက်မြင် ထင်လင်းအားဖြင့်
    asitis
    ကြိယာဝိသေသန

    ခြွမ်းတမ်းခြွမ်း၂

    [kʰWɹáɴtáɴkʰWɹáɴ၂]
    ခြွမ်းတမ်းခြွမ်းဟု မြည်ရေ အသံ တမျိုး
    ခြွမ်းတမ်းခြွမ်းဟု မြည်သော အသံ တစ်မျိုး
    beep
    နာမ်

    ခြွမ်းတမ်းခြွမ်း

    [kʰWɹáɴtáɴkʰWɹáɴ]
    အယင့်အယင်။ ခုံပင်လောင်ပင်
    အလျင်အမြန်။ အဆောတလျင်
    quick
    ကြိယာဝိသေသန

    ခြွမ်းတော့နာ

    [kʰWɹáɴtɔ̰nà]
    သွီးအားနည်းရေ ရောဂါ
    သွေးအားနည်းသော ရောဂါ
    be anaemic
    နာမ်

    ခြွမ်းခြွမ်း

    [kʰWɹáɴkʰWɹáɴ]
    ခြွမ်းခြွမ်းဟု ကြမ်းတမ်းစွာ မြည်ရေ အသံ
    ခြွမ်းခြွမ်းဟု ကြမ်းတမ်းစွာ မြည်သော အသံ
    beep
    နာမ်

    ခြွမ်း

    [kʰWɹáɴ]
    ခြွမ်းကနဲ လဲရေ
    ခြွမ်းကနဲ လဲသည်
    fall down
    ကြိယာ

    ခြွန်းအုပ်

    [kʰWɹáɴʔoʊʔ]
    သစ်ဖေါင်၊ ဝါးဖေါင်စသည်ရို့ကို ရွိ မျိုးပါ မလားရယောင် ရှည်ရေ ချိတ်ပါရေ သစ်သားချောင်းနန့် မြီမာ ရိုက်နှက် စိုက်ထားရေ
    သစ်ဖေါင်၊ ဝါးဖေါင်စသည်တို့ကို ရွေ့လျား မျောပါ မသွားရအောင် ရှည်သော ချိတ်ပါသည့် သစ်သားချောင်းဖြင့် မြေတွင် ရိုက်နှက် စိုက်ထားသည်
    sit
    ကြိယာ

    ခြွန်းဖွင့်

    [kʰWɹáɴpʰwɪ̀ɴ့]
    ဆင်ကို ခြီမာ သံကြိုးခတ်ဖို့မလိုပဲနန့် လားလာမှုပြုဖို့ လွှတ်ထားရေ
    ဆင်ကို ခြေတွင် သံကြိုးခတ်ရန်မလိုပဲ သွားလာမှုပြုရန် လွှတ်ထားသည်
    none
    ကြိယာ

    ခြွန်းဖေါင်

    [kʰWɹáɴpʰèàɪ̀ɴ]
    ရေမာ မျိုးပါလာရေ သစ်တို၊ သစ်စ၊ သစ်ခက်၊ ဝါးခက်၊ အမှိုက် သရိုက်စသည့် အစုအပုံ။ မြစ်ရီစီးမာ မျိုးပါရေ အမှိုက်စု၊ ဖုံးဆိုးသရော။ မြစ်ရီမာ ဖေါင်ဖွဲ့ပြီးကေ နီရေ အမှိုက်စု။ ဖုံးဆိုးဖေါင်
    ရေတွင် မျောပါလာသော သစ်တို၊ သစ်စ၊ သစ်ခက်၊ ဝါးခက်၊ အမှိုက် သရိုက်စသည့် အစုအပုံ။ မြစ်ရေစီးတွင် မျောပါသော အမှိုက်စု၊ ဒိုက်သရော။ မြစ်ရေတွင် ဖေါင်ဖွဲ့၍ နေသော အမှိုက်စု။ ဒိုက်ဖေါင်
    mull-off-scourings
    နာမ်

    ခြွန်းဖားကြီး

    [kʰWɹáɴpʰát͡ɕï]
    (ဂြိုရှည်၍) တချောင်းနန့် တချောင်း ကွာ၍ ကားထွက်ကာ ကော့ရေဂြိုဟိရေ ကျွဲ
    (ဦးချိုရှည်၍) တစ်ချောင်းနှင့် တစ်ချောင်း ကွာ၍ ကားထွက်ကာ ကော့သောဦးချိုရှိသော ကျွဲ
    buffalo
    နာမ်

    ခြွန်းဖား

    [kʰWɹáɴpʰá]
    (ဂြိုရှည်၍) တချောင်းနန့် တချောင်း ကွာ၍ ကားထွက်ကာ ကော့ရေ ဂြိုဟိရေ ကျွဲ
    (ဦးချိုရှည်၍) တစ်ချောင်းနှင့် တစ်ချောင်း ကွာ၍ ကားထွက်ကာ ကော့သော ဦးချိုရှိသော ကျွဲ
    buffalo
    နာမ်

    ခြွန်းဆိုး

    [kʰWɹáɴsʰó]
    ရေမာ မျိုးပါလာရေ သစ်တို၊ သစ်စ၊ သစ်ခက်၊ ဝါးခက်၊ အမှိုက် သရိုက်စသည့် အစုအပုံ။ ရီစီးမာ မျိုးလိုက် ကမ်းတင်လိုက် ဟိရေ အမှိုက်စု၊ ဖုံးဆိုး။ ၂၊ မြစ်ရီနန့် မျိုးပါလာရေ သစ်ခက်၊ ဝါးခက်၊ ဖုံဆိုး အစု
    ရေတွင် မျောပါလာသော သစ်တို၊ သစ်စ၊ သစ်ခက်၊ ဝါးခက်၊ အမှိုက် သရိုက်စသည့် အစုအပုံ။ ရေစီးတွင် မျောလိုက် ကမ်းတင်လိုက် ရှိသော အမှိုက်စု၊ ဒိုက်။ ၂၊ မြစ်ရေဖြင့် မျောပါလာသော သစ်ခက်၊ ဝါးခက်၊ အမှိုက်သရိုက် အစု
    mull-off-scourings
    နာမ်

    ခြွန်းကုတ်

    [kʰWɹáɴkoʊʔ]
    သစ်ဖေါင်၊ ဝါးဖေါင်စသည်ရို့ကို ရွိ မျိုးပါ မလားရယောင် ရှည်ရေ ချိတ်ပါရေ သစ်သားချောင်းနန့် မြီမာ ရိုက်နှက် စိုက်ထားရေ
    သစ်ဖေါင်၊ ဝါးဖေါင်စသည်တို့ကို ရွေ့လျား မျောပါ မသွားရအောင် ရှည်သော ချိတ်ပါသည့် သစ်သားချောင်းဖြင့် မြေတွင် ရိုက်နှက် စိုက်ထားသည်
    like anchor
    ကြိယာ

    ခြွန်း၂

    [kʰWɹáɴ၂]
    (ဥပစာ) အလိမ်အကောက် ဉာဏ်များသူ။ ကောက်ကျစ် ကောက်ကျစ်သူ။ မြို့သူကြီးဟု၊ ခေါ်ပြီးကေမာပေ၊ ငသံဒွေလည်း၊ မစ္ဆေရစိတ်၊ ခြွန်းနှယ်ချိတ်ဗျာယ် (ရက္ခိုင်ကာ)
    (ဥပစာ) အလိမ်အကောက် ဉာဏ်များသူ။ ကောက်ကျစ် စဉ်းလဲသူ။ မြို့သူကြီးဟု၊ ခေါ်ပြီးတွင်ပေ၊ ငသံဒွေလည်း၊ မစ္ဆေရစိတ်၊ ခြွန်းနှယ်ချိတ်လျက် (ရခိုင်ကာ)
    chiseller
    နာမ်

    ခြွန်း

    [kʰWɹáɴ]
    ၁၊ ချိတ်စရာ သံကောက်။ သစ်သီးကို ဆွဲငင် ဆွတ်ခူးရရေ ချိတ်။ ခြွန်းလာမှန်း ကဏန်းမသိ (ပုံ)။ သံကုန်မောင်းလည်း၊ သံခြွန်းပမာ၊ ငှက်ခြီသည်းမာ၊ တွဲလွဲပါသို့ (ပဠါ)။ ၂၊ ဆင်ကို ပေါက်ချိတ်ပြီးကေ စီစပ်ဖို့ အဖျားမာ သံစူးကောက် တပ်ထားရေ အချောင်း။ ဆင်ဖိုးထက် ခြွန်းဖိုးကြ
    ၁၊ ချိတ်စရာ သံကောက်။ သစ်သီးကို ဆွဲငင် ဆွတ်ခူးရသော ချိတ်။ ခြွန်းလာမှန်း ကဏန်းမသိ (ပုံ)။ သံကုန်မောင်းလည်း၊ သံခြွန်းပမာ၊ ငှက်ခြေသည်းမှာ၊ တွဲလွဲပါသို့ (ပဠါ)။ ၂၊ ဆင်ကို ပေါက်ချိတ်၍ စေခိုင်းရန် အဖျားတွင် သံဆူးကောက် တပ်ထားသည့် အချောင်း။ ဆင်ဖိုးထက် ခြွန်းဖိုးကြ
    iron hook
    နာမ်

    ခြွန်၃

    [kʰWɹàɴ၃]
    ၁၊ မြစ်ရီနန့် မျိုးပါလာရေ သစ်၊ ဝါးခက်၊ ဖုံဆိုးအစု။ ၂၊ မြစ်ရီအတက် အကျနန့် မျိုးပါနီရေ ဖုံဆိုးအစု
    ၁၊ မြစ်ရေဖြင့် မျောပါလာသော သစ်၊ ဝါးခက်၊ အမှိုက်သရိုက်အစု။ ၂၊ မြစ်ရေအတက် အကျဖြင့် မျောပါနေသော အမှိုက်သရိုက်အစု
    mull-off-scourings
    နာမ်

    ခြွန်၂

    [kʰWɹàɴ၂]
    တိ ကြားသိယောင် ကျွီးပြီး (ခဲဝါကောင် လာပါစီဟု) ခြိမ်းမောင်း ပြောဆိုခြင်းကို ပြုပနာ
    အများ ကြားသိအောင် အော်ဟစ်ပြီး (ခွေးအကောင် လာပါစေဟု) ခြိမ်းမောင်း ပြောဆိုခြင်းကို ပြုလျက်
    frighten
    ကြိယာဝိသေသန

    ခြွန်

    [kʰWɹàɴ]
    ၁၊ ကိုယ့် ဂုဏ်ကို ကျယ်ရေ အသံနန့် ထုတ်ဖေါ်မြွက်ဟ ပြောဆိုရေ။ ၂၊ အသံနန့် ကြောက်စီရေ။ လန့်စီရေ။ လှန့်ရေ။ ခြွမ်းခြောက်ရေ။ ၃၊ အပြစ်ဆို၍ မြည်တွန်သည်
    ၁၊ မိမိ၏ ဂုဏ်ကို ကျယ်သော အသံဖြင့် ထုတ်ဖေါ်မြွက်ဟ ပြောဆိုသည်။ ၂၊ အသံဖြင့် ကြောက်စေသည်။ လန့်စေသည်။ လှန့်သည်။ ခြွမ်းခြောက်သည်။ ၃၊ အပြစ်ဆို၍ မြည်တွန်သည်
    frighten
    ကြိယာ